Connect with us

Hi, what are you looking for?

သတင်း

တောင်ဒဂုံယာဉ်တိုက်မှု အမျိုးသမီးတစ်ဦး သေဆုံး

ကားသည် အရှိန်ပြင်းပြီး အတိုက်ခံရသူမှာ ကားနှင့်အတူ ပေ(၁၅၀)ခန့်အထိ တရွတ်တိုက်ပါသွားကာ သေဆုံးသွားသည်ဟု ဆိုသည်။

ယာဉ်တိုက်မှုဖြစ်ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ − H RESCUE အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့
ယာဉ်တိုက်မှုဖြစ်ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ − H RESCUE အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့

အိမ်သွင်/People’s Spring

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၂၄)ရပ်ကွက်၊မြိတ်လမ်းမပေါ်တွင်မီနီဘတ်စ်တစ်စီးက အရှိန်ပြင်းပြင်းဖြင့် ဝင် တိုက်မိ၍ အမျိုးသမီးတစ်ဦးသေဆုံးသွားပြီး ထွက်ပြေးရန်ကြိုးပမ်းသည့်ယာဉ်မောင်းကို ပတ်ဝန်းကျင်နေသူများက ဝိုင်းဖမ်းခဲ့သည်။

ဒီဇင်လာ ၁၆ရက် နေ့လည်ပိုင်းက မြိတ်လမ်းမပေါ် စီးတီးမတ်မီးပွိုင့်တွင် ဘတ်ထ္ထရီစက်ဘီးစီးနှင်းလာသူ အမျိုးသမီးကို မီနီဘတ်စ်ကဝင်တိုက်မိခြင်းဟု ‌ဒေသခံတစ်ဦးကပြောသည်။

ကားသည် အရှိန်ပြင်းပြီး အတိုက်ခံရသူမှာ ကားနှင့်အတူ ပေ(၁၅၀)ခန့်အထိ တရွတ်တိုက်ပါသွားကာ သေဆုံးသွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“တိုက်တာကတော်တော် ပြင်းတယ်။ ကားတွေ ပိုပြီးစည်းကမ်းမဲ့လာတယ်ဗျ”ဟု တောင်ဒဂုံမြို့နယ် (၂၄)ရပ်ကွက်တွင်နေသူတစ်ဦးက ပြောသည်။

ယာဉ်မောင်းအမျိုးသားသည် ထွက်ပြေးရန်ကြိုးပမ်းခဲ့ပြီး ယာဉ်တိုက်မှုဖြစ်စဉ်အနီး၌ ရှိနေသူများက ဝိုင်းဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။သေဆုံး အမျိုးသမီးအား ရှင်သန်ခွင့်လူမှုကူညီရေးအသင်းက မေဓါဝီဆေးရုံသို့ ပိုဆောင်ခဲ့သည်။

” သူက စာသင်ပေးဖို့ အသွားမှာ ဖြစ်တာ။ ကျောင်းသားလေးတွေက အရမ်းချစ်ကြတော့တော်တော်ယူကြုံးမရဖြစ်ကြတာ။

သူ့ကျောင်းသားလေးတွေကိုလည်း သားသမီးလို သေချာသင်ပေးတဲ့ ဆရာမမို့ တချို့က ကလေးရှိတယ် ဘာညာဆိုပြီး သတင်းမှားပေးမိတာမျိုး ဖြစ်မယ် ထင်ပါတယ်။ ဒီတိုင်း အပြင်ကျုရှင်သင်ပေးတာပါ”ဟု သေဆုံးသူအမျိုးသား​၏ မိတ်ဆွေတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့တွင်းသယ်ယူပို့​ဆောင်ရေးလမ်းကြောင်းများ ကမောက်ကမဖြစ်သလို စည်းကမ်းမဲမောင်းနှင်မှုများ ပိုဆိုရွားလာသည်ဟု မြို့ခံများက ပြောသည်။

မှတ်ချက် – သတင်းအားပြင်ဆင်ထားပါသည်။ သေဆုံးသူအမျိုးသမီးမှာ ကိုယ်ဝန်သည်ဟု မှားယွင်းဖော်ပြမိသည့်အတွက် တောင်းပန်အပ်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

သေဆုံးသူတွေက​တော့ ကိုကောင်းမြတ်သူ၊ကိုသန်းတင့်၊မသန်းတင့်၊ကိုအောင်မျိုးခန့်၊ကို အောင်မျိုးသန့်တို့ဖြစ်ကြပါတယ်။

သတင်း

စစ်ကောင်စီတပ်၏ အရပ်သားပြည်သူ စစ်ဘေးရှောင်များအပေါ် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ရက်စက်မှုနှင့် စစ်ရာဇဝတ်မှုများဟုလည်း ၎င်းက အသိပေးသည်။

သတင်း

တော်လှန်ရေးရဲဘော်၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြိုင်ပကဖတာဝန်ရှိသူက ပြောသည်။

သတင်း

ယနေ့(ဒီဇင်ဘာ ၃၁ရက်) ညနေ ၄နာရီခန့်တွင် ဆင်စခန်းစစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးသုံးကြိမ်ကြဲချခဲ့ခြင်းဟု သိရသည်။