Connect with us

Hi, what are you looking for?

သတင်း

တောင်ဒဂုံယာဉ်တိုက်မှု အမျိုးသမီးတစ်ဦး သေဆုံး

ကားသည် အရှိန်ပြင်းပြီး အတိုက်ခံရသူမှာ ကားနှင့်အတူ ပေ(၁၅၀)ခန့်အထိ တရွတ်တိုက်ပါသွားကာ သေဆုံးသွားသည်ဟု ဆိုသည်။

ယာဉ်တိုက်မှုဖြစ်ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ − H RESCUE အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့
ယာဉ်တိုက်မှုဖြစ်ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ − H RESCUE အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့

အိမ်သွင်/People’s Spring

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၂၄)ရပ်ကွက်၊မြိတ်လမ်းမပေါ်တွင်မီနီဘတ်စ်တစ်စီးက အရှိန်ပြင်းပြင်းဖြင့် ဝင် တိုက်မိ၍ အမျိုးသမီးတစ်ဦးသေဆုံးသွားပြီး ထွက်ပြေးရန်ကြိုးပမ်းသည့်ယာဉ်မောင်းကို ပတ်ဝန်းကျင်နေသူများက ဝိုင်းဖမ်းခဲ့သည်။

ဒီဇင်လာ ၁၆ရက် နေ့လည်ပိုင်းက မြိတ်လမ်းမပေါ် စီးတီးမတ်မီးပွိုင့်တွင် ဘတ်ထ္ထရီစက်ဘီးစီးနှင်းလာသူ အမျိုးသမီးကို မီနီဘတ်စ်ကဝင်တိုက်မိခြင်းဟု ‌ဒေသခံတစ်ဦးကပြောသည်။

ကားသည် အရှိန်ပြင်းပြီး အတိုက်ခံရသူမှာ ကားနှင့်အတူ ပေ(၁၅၀)ခန့်အထိ တရွတ်တိုက်ပါသွားကာ သေဆုံးသွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“တိုက်တာကတော်တော် ပြင်းတယ်။ ကားတွေ ပိုပြီးစည်းကမ်းမဲ့လာတယ်ဗျ”ဟု တောင်ဒဂုံမြို့နယ် (၂၄)ရပ်ကွက်တွင်နေသူတစ်ဦးက ပြောသည်။

ယာဉ်မောင်းအမျိုးသားသည် ထွက်ပြေးရန်ကြိုးပမ်းခဲ့ပြီး ယာဉ်တိုက်မှုဖြစ်စဉ်အနီး၌ ရှိနေသူများက ဝိုင်းဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။သေဆုံး အမျိုးသမီးအား ရှင်သန်ခွင့်လူမှုကူညီရေးအသင်းက မေဓါဝီဆေးရုံသို့ ပိုဆောင်ခဲ့သည်။

” သူက စာသင်ပေးဖို့ အသွားမှာ ဖြစ်တာ။ ကျောင်းသားလေးတွေက အရမ်းချစ်ကြတော့တော်တော်ယူကြုံးမရဖြစ်ကြတာ။

သူ့ကျောင်းသားလေးတွေကိုလည်း သားသမီးလို သေချာသင်ပေးတဲ့ ဆရာမမို့ တချို့က ကလေးရှိတယ် ဘာညာဆိုပြီး သတင်းမှားပေးမိတာမျိုး ဖြစ်မယ် ထင်ပါတယ်။ ဒီတိုင်း အပြင်ကျုရှင်သင်ပေးတာပါ”ဟု သေဆုံးသူအမျိုးသား​၏ မိတ်ဆွေတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့တွင်းသယ်ယူပို့​ဆောင်ရေးလမ်းကြောင်းများ ကမောက်ကမဖြစ်သလို စည်းကမ်းမဲမောင်းနှင်မှုများ ပိုဆိုရွားလာသည်ဟု မြို့ခံများက ပြောသည်။

မှတ်ချက် – သတင်းအားပြင်ဆင်ထားပါသည်။ သေဆုံးသူအမျိုးသမီးမှာ ကိုယ်ဝန်သည်ဟု မှားယွင်းဖော်ပြမိသည့်အတွက် တောင်းပန်အပ်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ကား ယာဉ်တိုက်မှုဖြစ်ပွားပြီး မြန်မာ ၁၀ ဦးဒဏ်ရာရရှိမှု ဒီကနေ့ စက်တင်ဘာ ၁ ရက် နံနက်က ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။