Connect with us

Hi, what are you looking for?

သတင်း

မြိုင်ရှိ ရေနံမှော်များတွင် မူးယစ်ဆေး ရောင်းချသုံးစွဲမှုများပြားနေ

မြိုင်ပကဖသည် မြိုင်နယ်အတွင်း လောင်းကစားဝိုင်းများကိုလည်း အရေးယူမည်ဟု သတိပေးကြေညာထားသည်။

(မြိုင်မြို့နယ် အနောက်ပိုင်းရှိ ရေနံတွင်းများ မီးလောင်နေသည်ကို ၂၀၂၂ ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − CJ)
(မြိုင်မြို့နယ် အနောက်ပိုင်းရှိ ရေနံတွင်းများ မီးလောင်နေသည်ကို ၂၀၂၂ ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − CJ)

◾️တော်လှန်ရေးအဖွဲ့များအပါအဝင် မူးယစ်ဆေးရောင်းဝယ်သုံးစွဲပါက ဖမ်းဆီးအရေးယူမည်ဟု မြိုင်ပကဖသတိပေး

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ရေနံမှော်များတွင် မူးယစ်ဆေးဝါး ရောင်းချသုံးစွဲမှုများပြားနေပြီးတော်လှန်ရေးအဖွဲ့များအပါအဝင် ပြည်သူများ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲပါက ဖမ်းဆီးအရေးယူမည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတိပေးကြေညာသည်။

နိုင်ငံရေးရှုပ်ထွေးနေသည့်ကာလကို အခွင့်ကောင်းယူကာ မြိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲနေကြောင်း၊ ပြည်သူလူထုအတွင်းဖြစ်စေ၊ PDF တပ်ရင်းများ၊ ပကဖများ၊ ဒေသတွင်းတပ်များမှဖြစ်စေ ရောင်းဝယ်သုံးစွဲမှုမရှိစေရေး ကြားကာလ ဒေသန္တရဥပဒေတစ်ရပ်ထုတ်၍ ဖမ်းဆီးအရေးယူနိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မြိုင်ပကဖက ဒီဇင်ဘာ ဒုတိယပတ်အတွင်းက ထုတ်ပြန်အသိပေးသည်။

မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများ ဖမ်းဆီးရမိပါက ငွေဒဏ်၊ အချုပ်ဒဏ်နှင့် နယ်နှင်ဒဏ်များအထိပေးရန်၊ မူးယစ်ဆေးဝါးရောင်းချခြင်းကြောင့် ရရှိလာသည့် ငွေကြေးနှင့်ပိုင်ဆိုင်သည့်ဥစ္စာပစ္စည်းများကိုလည်း ပြည်သူပိုင်သိမ်းစည်းမည်ဟု မြိုင်ပကဖက သတိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တော်လှန်ရေးအဖွဲ့များ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲပါက တစ်ဖွဲ့နှင့်တစ်ဖွဲ့ ထောက်ထားခြင်းမရှိဘဲ ဖမ်းဆီးရန်လိုအပ်ကြောင်း မြိုင်ပကဖက ပြောသည်။

“မူးယစ်ဆေးဝါးနဲ့ အဖွဲ့ထဲကသူတွေမပတ်သက်အောင်ပေါ့။ ပတ်သက်တာမရှိပါဘူး။ မရှိပေမဲ့သို့လောသို့လောနဲ့ဆိုရင် ကိုယ့်လူတွေပါ ပါမှာစိုးလို့သတိပေးထားတာပါ။”ဟု မြိုင်ပကဖ ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

မူးယစ်ဆေးဝါးများသည် ရေနံမှော်များရှိသည့် ကျေးရွာများနှင့် အနီး ဝန်းကျင်ကျေးရွာများ၊ မှော်ပေါက်သည့်တောတောင်များ၌ လူသူစည်ကား၍ ငွေကြေးပေါများစွာ သုံးစွဲနိုင်ပြီး လူငယ်လူရွယ်လူကြီးများ ရောင်းချသုံးစွဲနေသည်ဟု တိုင်ကြားလာကြောင်း၊ ထို့ကြောင့်

မူးယစ်​ဆေးဝါးများ ရောင်းဝယ်သုံးစွဲမှုမရှိစေရေး ဖမ်းဆီးသွားမည်ဖြစ်​ကြောင်း မြိုင်ပကဖက ထပ်မံသတိပေးသည်။

မြိုင်ပကဖသည် မြိုင်နယ်အတွင်း လောင်းကစားဝိုင်းများကိုလည်း အရေးယူမည်ဟု သတိပေးကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်တပ်က ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်း - Myaing Villages Revolution Frontက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။