Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတွင်ခံစစ်ပြင်နေသည့်စစ်ကောင်စီ ရေကြည် တွင်အရေးပေါ်လေယာဉ်ကွင်းဆောက်

ရေကြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒေသခံများ လုံခြုံရေးသတိရှိရန်၊ စစ်ရေးသတင်းများမျှဝေကြရန် တိုက်တွန်းထားသည်။

ရေကြည်မြို့နှင့်အနီးဝန်းကျင်​ဒေသကို Google Earth တွင်​တွေ့ရမှု
ရေကြည်မြို့နှင့်အနီးဝန်းကျင်​ဒေသကို Google Earth တွင်​တွေ့ရမှု

အိမ်သွင်/People’s Spring

အာရက္ခတပ်တော်(AA) ၏ ထိုးစစ်ဆင်နေသည့်ဂွမြို့နယ်နှင့်ဆက်စပ်နေသော ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိအမြောက်တပ်-အမတ(၃၄၄)တွင်စစ်ကောင်စီက လေယာဉ်ကွင်းတစ်ခု အရေးပေါ် ဆောက်လုပ်နေသည်။

“လေယာဉ်ကွင်းဆောက်လုပ်ရေးစီမံကိန်းက အားချင်းလုပ်တာ။ ရခိုင်ဘက်မှာ ဆက်လို့မရတော့ ရေကြည်မှာ အရေးပေါ်လုပ်နေတာ။ အမြောက်တပ်နဲ့ စီမံကိန်းဘက်ကို လူတွေ ဖြတ်ခွင့်မပေးဘူး” ဟု ​ဒေသခံတစ်ဦးကပြောသည်။

ရေကြည်မြို့အဝင်ဆိုင်းဘုတ်
ရေကြည်မြို့အဝင်ဆိုင်းဘုတ်

ဆောက်လုပ်နေသည်မှာ လေယာဉ်ကွင်းအသေးစားဖြစ်ကြောင်းသိရပြီး အခြားအချက်အလက်များကိုမသိရသေးပေ။

Public Service Announcement

Public Service Announcement

ရေကြည်မြို့သည် စစ်ကောင်စီလက်အောက်ခံ ဧရာဝတီတိုင်းဝန်ကြီးချုပ်၏ ဇာတိမြို့ဖြစ်ပြီး လုံခြုံရေးအထူးတင်းကြပ်ထားသလို အာရက္ခတပ်တော်( AA)နှင့် PDF များ၏တိုက်ခိုက်လာနိုင်ခြေကို တုန့်ပြန်ရန်ဆိုကာ ခံစစ်ပြင်ထားသည်ဟု သတင်းရရှိသည်။

ရေကြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒေသခံများ လုံခြုံရေးသတိရှိရန်၊ စစ်ရေးသတင်းများမျှဝေကြရန် တိုက်တွန်းထားသည်။

ဂွ-ငါးသိုင်းချောင်း-ရေကြည်လမ်းသည် တစ်ဆက်တည်းရှိပြီးလက်ရှိတွင် AA က ဂွမြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည်။ ဂွမြို့တွင် စစ်ရေးရှုံးနိမ့်နေသည့်စစ်ကောင်စီ ဧရာဝတီတိုင်းဘက်ခြမ်းတွင် အင်အားအများအပြားတိုးထားသည်။

လက်ရှိတွင် စစ်ကောင်စီက ပုသိမ်လေတပ်စခန်းကိုအသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည်။

ရေကြည်မြို့နယ်နှင့် မ်ိုင်၅၀ခန့်ဝေးသော ဟင်္သာတမြို့တွင်လည်း လေယာဉ်ကွင်းရှိပြီး အသုံးပြုခြင်းမရှိသေးပေ။အဆိုပါ လေယာဉ်ကွင်းသည် ဟင်္သာတမြို့၊ ခလရ(၁၈) အနီး၌တည်ရှိသည်။ ခလရ(၁၈)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသည် ရခိုင်ပြည်နယ်တိုက်ပွဲသို့ စေလွှတ်ခြင်းခံရပြီး နိုဝင်ဘာ၂၄ရက်နေ့က ဂွမြို့နယ်တိုက်ပွဲတွင် စစ်ကြောင်းတခုလုံး ချေမှုန်းတိုက်ခိုက်ခံခဲ့ရသည်။

ရခိုင်ပြည်နယ်စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်
ရခိုင်ပြည်နယ်စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်

စစ်ကောင်စီသည် ငါးသိုင်းချောင်းတံတားအနီးတွင်လည်း တပ်စွဲထားကာ လက်နက်ကြီးများတပ်ဆင်ထားကြောင်းသတင်းရရှိသည်။ ဂွမြို့နယ်ဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများရှိနေသည်ဟု ဒေသခံများကပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ် ရခိုင်ရိုးမနေရာအများစုတွင် မြေမြုပ်မိုင်းအများအပြားထောင်ထား၍ အရပ်သားများအတွက် အန္တရာယ်အလွန်ကြီးမားနေသည်ဟု ဒေသခံများကပြောသည်။

“ဂွမြို့မှာတော့ တိုက်ပွဲတွေဆက်လက်ပြီးတော့ ပြင်းထန်နေတယ်။ ပြီးလို့ရှိရင် ဂွမြို့ကနေ ဧရာ၀တီတိုင်းဘက်ကို ကျော်တဲ့ ဂွ-ငသိုင်းချောင်းလမ်းပေါ့။အဲဒီ ရိုးမတောင်ပေါ်မှာ တိုက်ပွဲတွေဆက်လက်ပြီး ပြင်းထန်နေတာရှိပါတယ်”ဟုAA​ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက People’s Spring သို့​ပြောသည်။

(​ရေကြည်မြို့နှင့်အနီးဝန်းကျင်​ဒေသကို Google Earth တွင်​တွေ့ရမှု /​ရေကြည်မြို့အဝင်ဆိုင်းဘုတ်/ ရခိုင်ပြည်နယ်စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook