Connect with us

Hi, what are you looking for?

သတင်း

တောင်သာတွင် ကျေးရွာစာသင်ကျောင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ စာသင်ကျောင်းပျက်စီးပြီး ပြည်သူနှစ်ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၂၃ရက်ကလည်း မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ရှိ ဒေါင်ဘိုးကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရရှိခဲ့သည်။

(ဇရပ်ကြီးရွာစာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - လူထုလှုပ်ရှားမှုကော်မတီ-တောင်သာ)
(ဇရပ်ကြီးရွာစာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - လူထုလှုပ်ရှားမှုကော်မတီ-တောင်သာ)

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ဇရပ်ကြီးကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ စာသင်ကျောင်းပျက်စီးပြီး ပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီက ယနေ့ (ဒီဇင်ဘာ ၂၅ရက်) နေ့လယ် ၁၂နာရီခန့်က ဂျက်ဖိုက်တာဖြင့် တစ်ကြိမ်၊ နေ့လယ် ၂နာရီခန့်​တွင် လေထီး(အင်ဂျင်တပ်) ဖြင့် ဗုံးသီးချ၍တစ်ကြိမ် တိုက်ခိုက်ခဲ့ရာ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူထုလှုပ်ရှားမှုကော်မတီ-တောင်သာက ပြောသည်။

” ဘာတိုက်ပွဲမှမရှိပါဘူး။ ပလိန်းကြီးလာပစ်သွားတာ။”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိခိုက်သူ နှစ်ဦးမှာ အမျိုးသမီးများဖြစ်ပြီး ဒဏ်ရာမစိုးရိမ်ရကြောင်း ဒေသခံအချို့က ပြောသည်။

ဇရပ်ကြီးကျေးရွာသည် ယခင်က စစ်ကောင်စီတပ်စွဲခဲ့သည့် ကျေးရွာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များက မကြာခဏ လာရောက်တိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် ဇူလိုင်အတွင်းက စခန်းစွန့်ခွာသွားခဲ့ကြောင်း တော်လှန်ရေးရဲဘော်အချို့က ပြောသည်။

ဒီဇင်ဘာ ၂၃ရက်ကလည်း မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ရှိ ဒေါင်ဘိုးကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက် ညနေ ၆နာရီ ၅၅ မိနစ်ခန့်ကလည်း နွားထိုးကြီးမြို့နယ် မြိုင်သာကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု မသိရသေးပေ။

တောင်သာမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ဒီဇင်ဘာ ၁ဝ ရက်က မိုးနှောင်းခင်းကျေးရွာအား လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့သေးသည်။

ထို့အပြင် နယ်မြေချင်းဆက်နေသည့် ညောင်ဦးမြို့နယ်၊ ငါ့သရော​က်မြို့ရှိ စစ်ကောင်စီ၏ စည်ပင်ရုံး၊ လျှပ်စစ်ရုံး၊ ဆောက်လုပ်ရေးရုံးနှင့် ပြန်ကြားရေးရုံးတို့အား တောင်သာပကဖနှင့် မဟာမိတ်များက နိုဝင်ဘာ ၂၅ ရက်က ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။

သတင်း

အဟာရပြည့်​အောင်​ကြွေးရမယ့်ညွန်ကြားပြီးဘက်ဂျက်​မ​ပေးလို့ အသားကျွေးဖို့ ကျောင်းသားမိဘတွေဆီကပိုက်ဆံကောက်