Connect with us

Hi, what are you looking for?

သတင်း

မံစီမြို့တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်

သတင်းရင်းမြစ်တစ်ဦးကလည်း ယနေ့တွင် KIA သိမ်းထားသည့် ၆၀၁အမြောက်တပ် ရင်း၏ စခန်းကုန်းတစ်ခုသို့ စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်ရာ ထိုးစစ်လှန်ကျခဲ့ဟု ပြောသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီ လက်ကျန်စခန်းများကို အပြီးသတ်သိမ်းပိုက် နိုင်ရေးထိုးစစ်ဆင်လျက်ရှိရာ ယနေ့(ဒီဇင်ဘာ ၂၇ရက်)တွင် တိုက်ပွဲဆက်ဖြစ်နေသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မံစီမြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို KIAက သိမ်းရထားသော်လည်း စစ်ရေးသတင်းလုံခြုံရေးအရ အသေးစိတ်အချက်အလက်များပြောပြခြင်းမရှိဘဲ တိုက်ပွဲဖြစ်ပွားမှုကိုသာ အသိပေးခြင်းဖြစ်သည်။

” ဒီမနက်မှာလည်း တိုက်ပွဲပြင်းထန်နေပါတယ်။ ခမရ(၃၁၉)၊ ၆၀၁နဲ့ ၃၅၂ အမြောက်တပ်တို့ကို ဆက်လက်ထိုးစစ်ဆင်နေပါတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အခြား သတင်းရင်းမြစ်တစ်ဦးကလည်း ယနေ့တွင် KIA သိမ်းထားသည့် ၆၀၁အမြောက်တပ် ရင်း၏ စခန်းကုန်းတစ်ခုသို့ စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်ရာ ထိုးစစ်လှန်ကျခဲ့ဟု ပြောသည်။

ထို့ပြင် စစ်ကောင်စီဘက်က အလံဖြူထောင် အလင်းဝင်လာသူများလည်း ဆက်ရှိနေသည်ဆိုသော်လည်း အသေးစိတ် အခြေအနေများ ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။

ထို့ပြင် မံစီမြို့နှင့်အတူ တပြိုင်တည်း တိုက်ခိုက်နေသည့် ဗန်းမော်မြို့တွင်လည်း ဒီဇင်ဘာ ၂၇ရက်တွင် တိုက်ပွဲများဆက်ရှိနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။

KIAသည် ဒီဇင်ဘာ ၄ရက်တွင် ဗန်းမော်နှင့် မံစီမြို့အပြီးသတ် သိမ်းနိုင်ရေးထိုးစစ်စတင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။