Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့အနောက်ခြမ်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ လူသုံးဦး ဒဏ်ရာရပြီး နေအိမ်သုံးလုံး ပျက်စီး

ဒီဇင်ဘာ ၂၇ရက် ညနေ ၃နာရီခွဲခန့်က စစ် ကောင်စီက လေယာဥ်ဖြင့် ပေါင်၅၀၀ဗုံးကြဲမှုကြောင့် လူနေအိမ်သုံးလုံး ပျက်စီးခဲ့သည်ဟုလည်း ဆိုသည်။

(ဒီဇင်ဘာ ၂၇ရက်က စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသည့် ပီကင်းကျေးရွာမှ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ERCT)
(ဒီဇင်ဘာ ၂၇ရက်က စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသည့် ပီကင်းကျေးရွာမှ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ERCT)

ရဲခေါင်/People’s Spring

ရှမ်း – ကရင်နီပြည်နယ်အစပ် ဖယ်ခုံမြို့ အနောက်ဘက်ခြမ်း ပီကင်းကျေးရွာကို စစ် ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဖယ်ခုံမြို့နယ်ကြားကာလပူးပေါင်းအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၇ရက် ညနေ ၃နာရီခွဲခန့်က စစ် ကောင်စီက လေယာဥ်ဖြင့် ပေါင်၅၀၀ဗုံးကြဲမှုကြောင့် လူနေအိမ်သုံးလုံး ပျက်စီးခဲ့သည်ဟုလည်း ဆိုသည်။

(ဒီဇင်ဘာ ၂၇ရက်က စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသည့် ပီကင်းကျေးရွာမှ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ERCT)
(ဒီဇင်ဘာ ၂၇ရက်က စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသည့် ပီကင်းကျေးရွာမှ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – ERCT)

“သုံးဦးထိခိုက်မှုမှာ တစ်ဦးကတော့ စိုးရိမ်ရတယ်။သေ ဆုံးမှုတော့မရှိဘူး။အခုလို ဘာတိုက်ပွဲမှမရှိဘဲ လေကြောင်းကနေ တမင်ဗုံးကြဲတာတွေအတွက်တော့ စိုးရိမ်ရတယ်။စစ်ကောင်စီအနေနဲ့ ပြည်သူကို စိတ်ခြောက် ခြားအောင်လုပ်တာ။ကြောက်အောင် လုပ်နေတာပေါ့”ဟု ဖယ်ခုံမြို့နယ်ကြားကာလပူး ပေါင်းအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ဆိုင်ခွန် ကျေးရွာကို ဒီဇင်ဘာ ၃ ရက်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည်။

နိုဝင်ဘာ ၂၇ ရက်ကလည်း ဖယ်ခုံမြို့အခြေစိုက် ခမရ(၃၃၆)တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကုန်ပေါကျေးရွာမှ လသားအရွယ်ကလေးငယ်အပါအဝင် ပြည်သူခြောက်ဦးသေဆုံးခဲ့သည်။

(ဒီဇင်ဘာ ၂၇ရက်က စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသည့် ပီကင်းကျေးရွာမှ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ERCT)
(ဒီဇင်ဘာ ၂၇ရက်က စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသည့် ပီကင်းကျေးရွာမှ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – ERCT)

“အထူးသဖြင့် စစ်ရှောင်နေရာတွေကို အကြောင်းမဲ့ ပစ်ခတ်တယ်။ဗုံးကြဲတယ်ဆိုတာထက် လုံခြုံမှုမရှိဘူးဆိုတာမျိုးဖြစ်အောင် စကစက လုပ်နေတာ။တစ်ဖက်မှာလည်း သူတို့(စကစ)အုပ်ချုပ်တဲ့မြို့တွေမှာ တက် နေဖို့ ဖြစ်လာအောင်မျိုး လုပ်နေတာမျိုး”ဟု ကရင်နီစစ်ရှောင်အရေးကူညီနေသူတစ်ဦးက လူထုနွေဦး သို့ပြောသည်။

ဖယ်ခုံ၊မိုးဗြဲမြို့အပါအဝင် ကရင်နီပြည်နယ်၌ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ယခုနှစ် နိုဝင်ဘာကုန်အထိ သတ်ဖြတ်ခံရသည့် ပြည်သူ ၅၃၂ ဦးရှိပြီး စစ်ရှောင်စဥ် သေဆုံးသူ ၁၇၀ ဦးရှိ ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ၎င်းတို့အလေးသာနေသည့် လေကြောင်း တိုက်ခိုက်မှုများကို နိုင်ငံအနှံ့ အထူးသဖြင့်တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် မြို့ များ၊ထိုးစစ်ဆင်နေသည့် နေရာများကို နေ့စဥ်နှင့်အမျှ ပြုလုပ်နေပြီး ပြည်သူသေဆုံးထိခိုက်မှုများစွာရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။