Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူတွင် စစ်ကောင်စီတပ်သားလေးဦး လိုက်ပါလာသောကားတိုက်ခိုက်ခံရပြီး လေးဦးလုံး သေဆုံး

တိုက်ခိုက်မှုကြောင့် စစ်သား လေးဦးသေဆုံးပြီး သေနတ် သုံးလက်နှင့် ကျည်များသိမ်းဆည်းရရှိခဲ့ကြောင်း Young Force – UGက အသိပေးသည်။

(တိုက်ခိုက်ခဲ့သော ရဲဘော်များနှင့် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ဓာတ်ပုံ-Young Force)
(တိုက်ခိုက်ခဲ့သော ရဲဘော်များနှင့် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ဓာတ်ပုံ-Young Force)

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့တွင် စစ်ကောင်စီတပ်သား လေးဦးလိုက်ပါလာသော ကားတစ်စီးအားတိုက်ခိုက်ရာ လေးဦးလုံးသေဆုံးခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force UG၏ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၃၀ရက်) ညနေ ၄ နာရီခွဲခန့်က ပခုက္ကူမြို့၊ စက်မှုဇုန်ဂိတ်မှ မြို့အတွင်းပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားတစ်စီးကို စက်မှုဇုန်(၁)လမ်း၌ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force – UG၏ တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်သား လေးဦးသေဆုံးပြီး သေနတ် သုံးလက်နှင့် ကျည်များသိမ်းဆည်းရရှိခဲ့ကြောင်း Young Force – UGက အသိပေးသည်။

Public Service Announcement

Public Service Announcement

“အချိန်ကမကြာဘူး။ လေးငါးမိနစ်ပဲ။ ကားပေါ်လေးကောင်ပါတာ လေးကောင်လုံးသေတယ်။”ဟု Young Force – UG၏ တာဝန်ရှိသူက ပြောသည်။

သေဆုံးစစ်ကောင်စီတပ်သားများ၏ ရာထူးအပါအဝင် အခြားအသေးစိတ်အချက်အလက်များ မသိရသေးပေ။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force UG ၊ Pakokku People Defense Force နှင့် Pakokku Ranger တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်မြို့တိုက်ပွဲ၌ အလွန်အထိနာနေသည့် စစ်ကောင်စီက ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ယနေ့ နေ့လည်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသသတင်းရင်းမြစ်များက ပြောသည်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာအချုပ်ထဲရောက်ပြီး သုံး လအကြာမှာ ပြန်လွတ်တော့မယ်ဆိုတော့ ကိုမန်အောင်တစ်ယောက် အတွေးနဲ့တင် ပျော်နေမိပြီ။

သတင်း

ပေါက်ကြားလာတဲ့ ဗီဒီယိုဖိုင်မှာ အာရက္ခတပ်တော် (AA)တပ်ဖွဲ့ဝင်အချို့က စစ်သုံ့ပန်း နှစ်ဦးကို ညှင်းပန်းနှိိပ်စက်သတ်ဖြတ်ခဲ့တာဟာ ၂၀၂၄ ခုနှစ် ​ဖေ​ဖော်ဝါရီလ ၇ ရက်ကဖြစ်ခဲ့တာလို့ AA ​ပြော​ရေးဆိုခွင့်ရှိသူ ခိုင်သုခက​ပြောပါတယ်။

သတင်း

စစ်ကောင်စီနှင့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်( UWSA) ပူးတွဲထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် ယနေ့ (ဇန်နဝါရီ ၂၃ရက်) နေ့လယ်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။