Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူတွင် စစ်ကောင်စီတပ်သားလေးဦး လိုက်ပါလာသောကားတိုက်ခိုက်ခံရပြီး လေးဦးလုံး သေဆုံး

တိုက်ခိုက်မှုကြောင့် စစ်သား လေးဦးသေဆုံးပြီး သေနတ် သုံးလက်နှင့် ကျည်များသိမ်းဆည်းရရှိခဲ့ကြောင်း Young Force – UGက အသိပေးသည်။

(တိုက်ခိုက်ခဲ့သော ရဲဘော်များနှင့် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ဓာတ်ပုံ-Young Force)
(တိုက်ခိုက်ခဲ့သော ရဲဘော်များနှင့် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ဓာတ်ပုံ-Young Force)

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့တွင် စစ်ကောင်စီတပ်သား လေးဦးလိုက်ပါလာသော ကားတစ်စီးအားတိုက်ခိုက်ရာ လေးဦးလုံးသေဆုံးခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force UG၏ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၃၀ရက်) ညနေ ၄ နာရီခွဲခန့်က ပခုက္ကူမြို့၊ စက်မှုဇုန်ဂိတ်မှ မြို့အတွင်းပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားတစ်စီးကို စက်မှုဇုန်(၁)လမ်း၌ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force – UG၏ တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်သား လေးဦးသေဆုံးပြီး သေနတ် သုံးလက်နှင့် ကျည်များသိမ်းဆည်းရရှိခဲ့ကြောင်း Young Force – UGက အသိပေးသည်။

Public Service Announcement

Public Service Announcement

“အချိန်ကမကြာဘူး။ လေးငါးမိနစ်ပဲ။ ကားပေါ်လေးကောင်ပါတာ လေးကောင်လုံးသေတယ်။”ဟု Young Force – UG၏ တာဝန်ရှိသူက ပြောသည်။

သေဆုံးစစ်ကောင်စီတပ်သားများ၏ ရာထူးအပါအဝင် အခြားအသေးစိတ်အချက်အလက်များ မသိရသေးပေ။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force UG ၊ Pakokku People Defense Force နှင့် Pakokku Ranger တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။