သတိုး/People’s Spring
ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။
“ရွှေပေါက္ကံက အုပ်ချုပ်ရေးမှုးနိုင်ဝင်းက ပိုက်ဆံလည်း တော်တော်ချမ်းသာတယ်။ ခရိုနီ။ ဒီကောင်က ညကဒီသတင်းကို လုံးဝအပြင်ကိုမထွက်အောင်လုပ်ထားတယ်။ ထိခိုက်မှုကတော့ ရှိတယ်။ နှစ်ကောင်လောက်ရှိတယ်”ဟု ၎င်းက ပြောသည်။
ယင်းတိုက်ခိုက်မှုကို နှစ်သစ်ကူးပြောင်းချိန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ အရက်မူးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက်ရှိနိုင်ပြီး စစ်ဆင်ရေးလုပ်ဆောင်သည့်အဖွဲ့သားအားလုံး ဘေးကင်းကြောင်း ဆိုသည်။
မြောက်ဥက္ကလာပမြိုနယ်၌ စစ်ဆင်ရေးများ အဓိကဆောင်ရွက်လျက်ရှိပြီး ပြည်သူများကလည်း တတ်နိုင်သလောက် ပါဝင်ကူညီပေးရန် မြောက်ဥက္ကလာပမြို့နယ် ပကဖက မေတ္တာရပ်ခံထားသည်။
၂၀၂၃ ဩဂုတ် ၁ရက်ကလည်း စစ်ကောင်စီတပ်စွဲထားသည့် ရွှေပေါက္ကံမြို့သစ်ထွေအုပ်ရုံးကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊တပ်ခွဲ ၂ က ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။