Connect with us

Hi, what are you looking for?

သတင်း

ရွှေပေါက္ကံမြို့သစ်ထွေအုပ်ရုံးအား မြောက်ဥက္ကလာပကဖ တိုက်ခိုက်

၂၀၂၃ ဩဂုတ် ၁ရက်ကလည်း စစ်ကောင်စီတပ်စွဲထားသည့် ရွှေပေါက္ကံမြို့သစ်ထွေအုပ်ရုံးကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊တပ်ခွဲ ၂ က ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။

(ရွှေပေါက္ကံမြို့သစ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့နေရာအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - မြောက်ဥက္ကလာပမြို့နယ် ပကဖ)
(ရွှေပေါက္ကံမြို့သစ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့နေရာအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - မြောက်ဥက္ကလာပမြို့နယ် ပကဖ)

သတိုး/People’s Spring

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။

“ရွှေပေါက္ကံက အုပ်ချုပ်ရေး‌မှုးနိုင်ဝင်းက ပိုက်ဆံလည်း‌ တော်တော်ချမ်းသာတယ်။ ခရိုနီ။ ဒီကောင်က ညကဒီသတင်းကို လုံးဝအပြင်ကိုမထွက်အောင်လုပ်ထားတယ်။ ထိခိုက်မှုကတော့ ရှိတယ်။ နှစ်ကောင်လောက်ရှိတယ်”ဟု ၎င်းက ပြောသည်။

ယင်းတိုက်ခိုက်မှုကို နှစ်သစ်ကူးပြောင်းချိန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ အရက်မူးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက်ရှိနိုင်ပြီး စစ်ဆင်ရေးလုပ်ဆောင်သည့်အဖွဲ့သားအားလုံး ဘေးကင်းကြောင်း ဆိုသည်။

Public Service Announcement

Public Service Announcement

မြောက်ဥက္ကလာပမြိုနယ်၌ စစ်ဆင်ရေးများ အဓိကဆောင်ရွက်လျက်ရှိပြီး ပြည်သူများကလည်း တတ်နိုင်သလောက် ပါဝင်ကူညီပေးရန် မြောက်ဥက္ကလာပမြို့နယ် ပကဖက မေတ္တာရပ်ခံထားသည်။

၂၀၂၃ ဩဂုတ် ၁ရက်ကလည်း စစ်ကောင်စီတပ်စွဲထားသည့် ရွှေပေါက္ကံမြို့သစ်ထွေအုပ်ရုံးကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊တပ်ခွဲ ၂ က ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။