Connect with us

Hi, what are you looking for?

သတင်း

ရွှေပေါက္ကံမြို့သစ် (၂၂)ရပ်ကွက်ရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်ရှိ စစ်ကောင်စီ​၏ (၂၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ရွှေပေါက္ကံမြို့သစ်ရှိ (၂၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

သတိုး/People’s Spring

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်ရှိ စစ်ကောင်စီ​၏ (၂၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

“ လက်ပစ်ဗုံးနှစ်လုံးကွဲအား ပြင်းတယ်။ လတ်တလော အုပ်ကြီးရှောသွားတယ်ကြားတယ်” ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၆ ရက် ည ၈နာရီခွဲခန့်တွင် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီက အစစ်အဆေးပြုလုပ်ခဲ့သော်လည်း ရဲဘော်များဘေးကင်းရာသို့ရောက်ရှိပြီဟု ၎င်းက ပြောသည်။

“ အုံးသံကြားပြီး မီးတွေအကုန်ဖြတ်ပစ်လိုက်ပြီး ဆေးရုံကားသံတွေကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်အထိ ပေါက်ကွဲမှုဖြစ်သည့်နေရာ၌ ပျူစောထီးအင်အားအများအပြားဖြင့် ကင်းလှည့်မှုများပြုလုပ်ကာ အစစ်အဆေးလုပ်နေကြောင်း ဒေသခံတစ်ဦးကလည်း ပြောသည်။

မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် မြို့ပြစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ပါဝင်ပေးရန် အထက်ပါတာဝန်ရှိသူကမေတ္တာရပ်ခံထားသည်။

မြောက်ဥက္ကလာပမြို့နယ်ပကဖ အနေဖြင့် စက်တင်ဘာ ၆ ရက်ကလည်း Yangon UG People Army နှင့်အတူ စိန်ပန်းမြိုင် ယာဉ်ထိန်းရုံးရဲတန်းလျားအား ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက္ကံမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် တရားမဝင်ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသော လူဝင်မှုကြီးကြပ်‌ရေးရုံး လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြင်းအားမြင့် လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army၏တာဝန်ရှိသူက ပြောသည်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် တော်လှန်ရေးရဲဘော်များကို လက်ပစ်ဗုံးဖြင့် လက်ဦးမှုယူပစ်ခတ်သည့် စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၄၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား မတ်လ ၈ရက် ည ၁၀ နာရီခန့်တွင် လက်ပစ်ဗုံးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA)အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

Facebook