Connect with us

Hi, what are you looking for?

သတင်း

ဖြူးမြို့နယ်တွင် အရပ်သားများရှိရာနေရာကို စစ်ကောင်စီကဒရုံးဗုံးကြဲ ၇ဦးသေဆုံး

ဖြူးမြို့နယ်အတွင်း အရပ်သားများရှိရာ ဘာသာရေးအဆောက်အဦတစ်ခုအနီးကို စစ်ကောင်စီက ဒရုံးဖြင့်ဗုံးကြဲ၍ ဒဏ်ရာရသူများအား ဆွဲထုတ်နေသည့် လူအုပ်အတွင်း ထပ်မံ၍ ဗုံးကြဲပြန်ရာ ၇ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရရှိသည်။

ဒရုန်း ဗုံးကြဲခံရ​သော ကရမ်းနဂါးကျေးရွာဟိန္ဒူဘုရား‌ကျောင်းဝင်းအတွင်းမှ အ​ဆောက်အအုံ။ ဓါတ်ပုံ-CJ

အိမ်သွင်/People’s Spring

ဖြူးမြို့နယ်အတွင်း အရပ်သားများရှိရာ ဘာသာရေးအဆောက်အဦတစ်ခုအနီးကို စစ်ကောင်စီက ဒရုံးဖြင့်ဗုံးကြဲ၍ ဒဏ်ရာရသူများအား ဆွဲထုတ်နေသည့် လူအုပ်အတွင်း ထပ်မံ၍ ဗုံးကြဲပြန်ရာ ၇ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရရှိသည်။

အဆိုပါဖြစ်စဉ်သည် ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ကရမ်းနဂါးကျေးရွာဟိန္ဒူဘုရား‌ကျောင်းဝင်းတွင် ဒီဇင်ဘာလ ၃၁ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်း ဖြူးမြို့နယ်မှပြည်သူ့ကာကွယ်‌ရေးရဲဘော်တစ်ဦးကပြောသည်။

“ကျတော်တို့ သိတယ်။ အဲ့ကိစ္စကို။ စစ်တပ်က ဘုရားကျောင်းဝင်းထဲကိုပထမဒရုန်းနဲ့ဗုံးကြဲတယ်။ ဒဏ်ရာရတဲ့သူတွေကို ဝိုင်းဆွဲထူနေတဲ့အချိန်မှာ လူတွေကြားထဲ နောက်ထပ်ဗုံးထပ်ကြဲတာပါ” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် အမျိုးသမီးအချို့အပါအဝင် ၁၄ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းတို့အနက် ၇ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း ဒီဇင်ဘာလနောက်ဆုံးပတ်၌ စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ခဲ့သည်။ စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုများပြားပြီးနောက် အရပ်သားများကို ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းဖြစ်သည်ဟု တောင်ငူခရိုင်မှ ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင် ကရမ်းနဂါးကျေးရွာဟိန္ဒူဘုရား‌ကျောင်းဝင်းအား တိုက်ခိုက်မှု၌ PDFများ သေဆုံးခြင်းဟု သတင်းအမှားထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် နှစ်သစ်ကူးကာလဖြစ်သည့် ဒီဇင်ဘာလ ၃၁ ရက်နှင့် ဇန်နဝါရီလ ၁ရက်တွင် ကရင်နီပြည်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အနည်းဆုံး​သေခံပြည်သူ ၁၅ဦးထက်မနည်းလည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခြင်း၊ ပြုန်းတီးနေသည့် စစ်အင်အားများဖြည့်တင်းရန် လူသစ်စုဆောင်းခြင်း အပါအဝင် စစ်ကောင်စီကြောင့် ပြည်သူများ နည်းမျိုးစုံစိတ်ဒုက္ခကြုံနေရ၍ တော်လှန်ရေးကို မီးကုန်ယမ်းကုန်အားဖြည့်လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ဆောင်းပါး

"အဲ့ဒါ အဲ့ဒါ ကျတော့်သမီးလေး။ သူ အသက်ရှိနေအုံးမှာ။ ကျတော်ကိုယ်တိုင် ဆွဲထုတ်ပါရစေဗျာ"

သတင်း

ဇန်နဝါရီ ၁၄ ရက်တွင်လည်းမ​ပေါက်ကွဲ​သေး​သော​ပေါင် ၅၀၀ ဗုံး​တွေ့

Infographics

အာဏာသိမ်းစစ်ကောင်စီတပ်က ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီလပထမနှစ်ပတ်အတွင်း ပြည်နယ် ၅ခုနှင့် တိုင်း ၅တိုင်းကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူအနည်းဆုံး ၉၀ သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

Facebook