Connect with us

Hi, what are you looking for?

သတင်း

ဖြူးမြို့နယ်တွင် အရပ်သားများရှိရာနေရာကို စစ်ကောင်စီကဒရုံးဗုံးကြဲ ၇ဦးသေဆုံး

ဖြူးမြို့နယ်အတွင်း အရပ်သားများရှိရာ ဘာသာရေးအဆောက်အဦတစ်ခုအနီးကို စစ်ကောင်စီက ဒရုံးဖြင့်ဗုံးကြဲ၍ ဒဏ်ရာရသူများအား ဆွဲထုတ်နေသည့် လူအုပ်အတွင်း ထပ်မံ၍ ဗုံးကြဲပြန်ရာ ၇ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရရှိသည်။

ဒရုန်း ဗုံးကြဲခံရ​သော ကရမ်းနဂါးကျေးရွာဟိန္ဒူဘုရား‌ကျောင်းဝင်းအတွင်းမှ အ​ဆောက်အအုံ။ ဓါတ်ပုံ-CJ

အိမ်သွင်/People’s Spring

ဖြူးမြို့နယ်အတွင်း အရပ်သားများရှိရာ ဘာသာရေးအဆောက်အဦတစ်ခုအနီးကို စစ်ကောင်စီက ဒရုံးဖြင့်ဗုံးကြဲ၍ ဒဏ်ရာရသူများအား ဆွဲထုတ်နေသည့် လူအုပ်အတွင်း ထပ်မံ၍ ဗုံးကြဲပြန်ရာ ၇ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရရှိသည်။

အဆိုပါဖြစ်စဉ်သည် ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ကရမ်းနဂါးကျေးရွာဟိန္ဒူဘုရား‌ကျောင်းဝင်းတွင် ဒီဇင်ဘာလ ၃၁ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်း ဖြူးမြို့နယ်မှပြည်သူ့ကာကွယ်‌ရေးရဲဘော်တစ်ဦးကပြောသည်။

“ကျတော်တို့ သိတယ်။ အဲ့ကိစ္စကို။ စစ်တပ်က ဘုရားကျောင်းဝင်းထဲကိုပထမဒရုန်းနဲ့ဗုံးကြဲတယ်။ ဒဏ်ရာရတဲ့သူတွေကို ဝိုင်းဆွဲထူနေတဲ့အချိန်မှာ လူတွေကြားထဲ နောက်ထပ်ဗုံးထပ်ကြဲတာပါ” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် အမျိုးသမီးအချို့အပါအဝင် ၁၄ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းတို့အနက် ၇ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း ဒီဇင်ဘာလနောက်ဆုံးပတ်၌ စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ခဲ့သည်။ စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုများပြားပြီးနောက် အရပ်သားများကို ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းဖြစ်သည်ဟု တောင်ငူခရိုင်မှ ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင် ကရမ်းနဂါးကျေးရွာဟိန္ဒူဘုရား‌ကျောင်းဝင်းအား တိုက်ခိုက်မှု၌ PDFများ သေဆုံးခြင်းဟု သတင်းအမှားထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် နှစ်သစ်ကူးကာလဖြစ်သည့် ဒီဇင်ဘာလ ၃၁ ရက်နှင့် ဇန်နဝါရီလ ၁ရက်တွင် ကရင်နီပြည်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အနည်းဆုံး​သေခံပြည်သူ ၁၅ဦးထက်မနည်းလည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။