Connect with us

Hi, what are you looking for?

သတင်း

ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့တွင် အနုပညာရှင်များနှင့်မြန်မာ့အရေးလှုပ်ရှားသူများဆန္ဒပြ

အမေရိကန်ရောက် မြန်မာအနုပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများပူးပေါင်းပါဝင်ပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့တွင် ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်းက ဆန္ဒပြခဲ့ကြသည်။

People’s Spring

အမေရိကန်ရောက် မြန်မာအနုပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများပူးပေါင်းပါဝင်ပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့တွင် ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်းက ဆန္ဒပြခဲ့ကြသည်။

အနုပညာရှင်များဖြစ်သည့် ရန်ရန်ချမ်း၊ လင်းထက်၊ ကော်ဘရာ၊ လင်းနစ်၊ ကျော်သီဟ၊ ထက်အောင်ရှိုင်းတို့ ပါဝင်ဆန္ဒပြခဲ့ကြသည်။

“တရုတ်အနေနဲ့ တော်လှန်ရေးအင်အားစုတွေအပေါ်ကို ဖိအားပေးနေတာတွေမြင်နေရတယ်။ ဒီလိုဖိအားပေးမှုတွေကို မကြိုက်ဘူး၊ မလိုချင်ဘူး။ ဒီလိုလုပ်နေတာဟာ တော်လှန်ရေးကိုနှောင့်နှေးစေတယ်။ တရုတ်အစိုးရရဲ့ မြန်မာအပေါ်ထားတဲ့မူဝါဒကို မကြိုက်လို့ ဆန္ဒပြတာဖြစ်ပါတယ်” ဟု ဆန္ဒပြပွဲတွင်ပါဝင်သည့် အဆိုတော်လင်းထက်က ပြောပါသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြန်မာပြည်လက်ရှိတော်လှန်ရေးသည် ပြည်သူကစခဲ့၊ ပြည်သူကရုန်းထခဲ့သည့်တော်လှန်ရေးဖြစ်သည့်အတွက် ဖိအားပေးမှုများကိုမလိုလားဘဲ ပြည်သူများအနေဖြင့် တော်လှန်ရေးကိုအဆုံးထိဆက်သွားမည်ဆိုသည့် သတင်းစကားကိုလည်း ပေးလိုခြင်းဖြစ်ကြောင်း ကိုလင်းထက်က ဆက်ပြောသည်။

ယနေ့ ဝါရှင်တန်ဒီစီတွင် ရာသီဥတုဆိုးပြီးနေပြီး နှင်းတွေကြားကပင်လူတစ်ရာခန့် ၃ နာရီခန့်ကြာ စုဝေးဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ဒီဇင်ဘာ ၇ ရက်ကလည်း တရုတ်သံအမတ်နေအိမ်ရှေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်မူဝါဒဆန့်ကျင်ရေးနှင့် အာဏာသိမ်းစစ်တပ်ကို အားပေးအားမြှောက်မလုပ်ဖို့ တောင်းဆိုဆန္ဒပြခဲ့ပါသေးသည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့တပတ်က လူမှုကွန်ရက်စာမျက်နှာမှာ အမေရိကန်နိုင်ငံ၊ San Francisco Bay Area မှာ ကျင်းပခဲ့တဲ့ "အဝေးရောက် နတ်မင်းများ ဂီတနှင့်သရော်ပြဇာတ် အထူးဖျော်ဖြေပွဲ"အကြောင်း သတင်းတွေ မြင်ခဲ့ရတယ်။