Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ချီတက်ဆန္ဒပြ

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် မှော်လှည့်သပိတ်စစ်ကြောင်းက ဦးဆောင်ကာ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ယနေ့ (ဇန်နဝါရီ ၄) နံနက်က ချီတက်ဆန္ဒပြခဲ့ကြသည်။

ဓာတ်ပုံ - ဖားကန့်မှော်လှည့်သပိတ်

သုည/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် မှော်လှည့်သပိတ်စစ်ကြောင်းက ဦးဆောင်ကာ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ယနေ့ (ဇန်နဝါရီ ၄) နံနက်က ချီတက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပြည်သူတွေက “၂၀၂၅ ကိုကြို အာဏာရှင်စနစ် အပြီးဖြို” ၊ “လူထုအားဖြင့် စစ်အာဏာရှင်စနစ် အဆုံးသတ်စေရမည်” စတဲ့ စာသားတွေကို ကိုင်ဆောင်ပြီး “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ၊ “မီးရှို့ လူသတ် မုဒိမ်းစစ်တပ်အလိုမရှိ” ၊ “နွေဦးတော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံးပါဝင်စို့” ဟု ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

ထို့အပြင် ဖားကန့်ပြည်သူတွေက ကချင်ပြည်နယ်အနှံ့ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသော KIA၊ PDF နှင့် မဟာမိတ်တပ်ဖွဲ့များ တိုက်ပွဲတိုင်းတွင် အနိုင်ရရှိစေရန်လည်း ဆုတောင်းပေးခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – ဖားကန့်မှော်လှည့်သပိတ်

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကျောက်စိမ်းမြို့တော်ဖားကန့်မှာပြီးခဲ့တဲ့ ရက်ပိုင်းက ရေဘေးသင့်ခဲ့ပြီး လတ်တလောမှာရေကျသွားပေမယ့်မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ သွားရေးလာရေးနဲ့ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။