သုည/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် မှော်လှည့်သပိတ်စစ်ကြောင်းက ဦးဆောင်ကာ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ယနေ့ (ဇန်နဝါရီ ၄) နံနက်က ချီတက်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြပြည်သူတွေက “၂၀၂၅ ကိုကြို အာဏာရှင်စနစ် အပြီးဖြို” ၊ “လူထုအားဖြင့် စစ်အာဏာရှင်စနစ် အဆုံးသတ်စေရမည်” စတဲ့ စာသားတွေကို ကိုင်ဆောင်ပြီး “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ၊ “မီးရှို့ လူသတ် မုဒိမ်းစစ်တပ်အလိုမရှိ” ၊ “နွေဦးတော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံးပါဝင်စို့” ဟု ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
ထို့အပြင် ဖားကန့်ပြည်သူတွေက ကချင်ပြည်နယ်အနှံ့ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသော KIA၊ PDF နှင့် မဟာမိတ်တပ်ဖွဲ့များ တိုက်ပွဲတိုင်းတွင် အနိုင်ရရှိစေရန်လည်း ဆုတောင်းပေးခဲ့ကြသည်။
ဓာတ်ပုံ – ဖားကန့်မှော်လှည့်သပိတ်