Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့သိမ်းစစ်ဆင်ရေး ပထမနေ့တိုက်ခိုက်မှုရုပ်သံ CDF ထုတ်ပြ

ချင်းပြည်နယ် မင်းတပ်မြို့ကို ချင်းညီနောင်မဟာမိတ်များက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်တိုက်ပွဲ ပထမနေ့တွင် စစ်ကောင်စီ၏ အခိုင်အမာ တပ်စွဲရာနေရာအချို့အား သိမ်းပိုက်နိုင်မှု ရုပ်သံကို ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်က ယနေ့ (ဒီဇင်ဘာ ၅ရက်) ထုတ်ပြန်သည်။

ထားမြတ်/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့ကို ချင်းညီနောင်မဟာမိတ်များက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်တိုက်ပွဲ ပထမနေ့တွင် စစ်ကောင်စီ၏ အခိုင်အမာ တပ်စွဲရာနေရာအချို့အား သိမ်းပိုက်နိုင်မှု ရုပ်သံကို ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်က ယနေ့ (ဒီဇင်ဘာ ၅ရက်) ထုတ်ပြန်သည်။

ချင်းညီနောင်၏ မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ နိုဝင်ဘာ ၉ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၄၀ ကျော်အကြာ ဒီဇင်ဘာ ၂၁ရက်တွင် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ဆင်ရေးအနက် နိုဝင်ဘာ ၉ရက်က မင်းတပ်မြို့ ဆောက်လုပ်ရေးဝန်း၌ စစ်ကောင်စီတပ်မှ အခိုင်အမာ တည်ဆောက်ထားသည့် ဘန်ကာ ကျင်းများအား တိုက်ခိုက်ခဲ့မှုကို ဖော်ပြခဲ့ရာ တိုက်ပွဲဝင် ချင်းညီနောင်မဟာမိတ် ရဲဘော်များက တိုက်ခိုက်မှု၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိမှု များကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

မှတ်တမ်းပါ မြင်ကွင်းများအရ စစ်ဆင်ရေး ပထမနေ့၌ပင် စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ အလက် ၃၀ခန့်နှင့် ကျည်ခဲယမ်းများစွာ သိမ်းရခဲ့သည်ကို တွေ့ရသည်။

ချင်းညီနောင်နှင့် မဟာမိတ်များ၏ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၀ ခန့်ကို စစ်သုံ့ပမ်းအဖြစ် ဖမ်းဆီးနိုင်ခဲ့သည်။

မြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်၊ YDF၊ YA၊ PDF မုံရွာခရိုင် တပ်ရင်း(၃) တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး အာရက္ခတပ်တော်(AA)က လက်နက်ခဲယမ်းနှင့် စစ်ရေးအကြံဉာဏ်အပါအဝင် စစ်ရေးဆိုင်ရာအကူအညီများ ပံ့ပိုးပေးခဲ့သည်ဟု ချင်းညီနောင်က အသိပေးထားသည်။

စစ်ကောင်စီဘက်က မြို့မကျစေရေး လေကြောင်း လက်နက်ကြီးပစ်ကူအများအပြား သုံးခုခံခဲ့သော်လည်း မင်းတပ်မြို့ကို ဒီဇင်ဘာလ ၂၁ရက်တွင် လက်လွှတ်လိုက်ရပြီး စပ်ဆက်မြို့နယ်ဖြစ်သည့် ကန်ပက်လက်မြို့မှ စစ်ကောင်စီတပ်သားများလည်း ယင်းနေ့ည၌ပင် ထွက်ပြေးသွား၍ ဒီဇင်ဘာ ၂၂ရက်တွင် တိုက်ပွဲမဖြစ်ရဘဲ ချင်းညီနောင်က ကန်ပက်လက်ကိုပါ သိမ်းနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။