Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုက ထွက်လာတဲ့စစ်​ကြောင်း ဝက်လက်အ​ရှေ့ပိုင်းတွင်PDFများတိုက်၍စစ်​ကြောင်းတစ်​ကြောင်းလုံးပြုတ်

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မင်းကုန်းကျေးရွာ နဲ့ မှတ်ထိကျေးရွာကြားမှာ ရွှေဘိုမြို့ဘက်ကထွက်လာတဲ့စစ်တပ်စစ်ကြောင်း ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာမှာ စစ်ကြောင်းတကြောင်းလုံးသေဆုံးကာ ၆ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့တော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။

ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မင်းကုန်းကျေးရွာ နဲ့ မှတ်ထိကျေးရွာကြားမှာ ရွှေဘိုမြို့ဘက်ကထွက်လာတဲ့ စစ်တပ်စစ်ကြောင်း ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာမှာ စစ်ကြောင်းတကြောင်းလုံးသေဆုံးကာ ၆ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့တော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။

ရွှေဘိုမြို့ လေ့ကျင့်ရေး(၈)ကနေ ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၇ ဦးဟာ ဟန်လင်း(ပျူမြို့ဟောင်း)ကျေးရွာမှာ ယာယီတပ်စွဲပြီး ဇန်နဝါရီလ၄ ရက်ညအိပ်ခဲ့ပါတယ်။ ဒီနေ့ (ဇန်နဝါရီ ၅ရက်​​နေ့) မနက်မှာ စစ်ကြောင်းဟာ တောင်ဘက်ကိုဆက်တိုးလာတာလို့သိရပါတယ်။

အဲဒီစစ်ကြောင်းကို ဝက်လက်မြို့နယ်အ​ရှေ့ပိုင်းမှတ်ထိကျေးရွာ နဲ့ မင်းကုန်းကျေးရွာကြားထဲမှာ တော်လှန်ရေးတပ်တွေပူးပေါင်းတိုက်ခိုက်ခဲ့ပြီး မနက် ၆ နာရီက​နေ မွန်းလွှဲ ၁ နာရီ​ကျော်အထိ့ ခုနှစ်နာရီဝန်းကျင်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။စစ်ကောင်စီစစ်ကြောင်းက ၇၁ဦးသေဆုံး ၆ဦးကိုအရှင်ဖမ်းမိခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ကြောင်းတခုလုံးအပြုတ်ပဲ။သက်ဆိုင်ရာတပ်တွေကနေသတင်းထုတ်ပြန်လာပါလိမ့်မယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

ဒါ​ကြောင့် ဇန်နဝါရီ ၅ ရက်မှာ ဝက်လက်မြို့နယ်အရှေ့ခြမ်းအတွင်းနေရာနှစ်ခုမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စုစုပေါင်းစစ်ကောင်စီတပ်သား ၁၀၀ ကျော်သေဆုံးပြီး ၁၂ဦးအလံဖြူထောင်ကာ၊ ၆ဦးကိုအရှင်ဖမ်းမိခဲ့တာလို့ ကနဦးသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook