Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်၌ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်မှု လက်နက် ၄၄လက်ရဟု စစ်ဒေသ(၁) အသိပေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မှတ်ထိရွာနှင့် မင်းကုန်းကျေးရွာကြား၌ လယ်ကိုင်းရွာမှ ထွက်လာသော ဗိုလ်ကြီးမျိုးမင်းသူ ဦးစီးသော အမှတ်(၈)စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၈)မှ အင်အား (၇၇) ဦးပါ စစ်ကြောင်းအား ဇန်နဝါရီ၅ရက်တွင် ပစ်ခတ်တိုက်ခိုက်ရာ လက်နက် (၄၄)လက် သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသက ယနေ့ညနေပိုင်း၌ သတင်းထုတ်ပြန်သည်။

ဝက်လက်မြို့နယ်၌ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်မှုမှ သိမ်းရသော လက်နက် ၄၄လက်နှင့် ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - အမှတ်(၁)စစ်ဒေသ

ဟန်နွေ/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မှတ်ထိရွာနှင့် မင်းကုန်းကျေးရွာကြား၌ လယ်ကိုင်းရွာမှ ထွက်လာသော ဗိုလ်ကြီးမျိုးမင်းသူ ဦးစီးသော အမှတ်(၈)စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၈)မှ အင်အား (၇၇) ဦးပါ စစ်ကြောင်းအား ဇန်နဝါရီ၅ရက်တွင် ပစ်ခတ်တိုက်ခိုက်ရာ လက်နက် (၄၄)လက် သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသက ယနေ့ညနေပိုင်း၌ သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၅၊ ၁၅၊ ၂၃)၊ ဝက်လက်မြို့နယ် ပကဖတို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းထံမှ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၄၄လက်နှင့် ကျည်များ ရရှိခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

သိမ်းရခဲ့သည့်လက်နက်များမှာ ၆၀ မမ ပြောင်းတို (၁) လက်၊ RPG-7 (၁) လက်၊ MA-15 (ငါးကြင်းမြီး) (၁) လက်၊ MA-4 (၂) လက်၊ MA-3 (၄) လက်၊ MA-1 (၁၀) လက်၊ G-3 (၁၇) လက်၊ M-79 (၁) လက်၊ MA-13 (၅) လက်၊ MA-11 (၁) လက်၊ BA-93 (၁) လက်နှင့် ကျည်၊ ခဲယမ်းများ ဖြစ်သည်ဟုမှတ်တမ်းဓာတ်ပုံများဖြင့် ဖော်ပြသည်။

စစ်ကောင်စီစစ်ကြောင်းကလည်း လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ ဇန်နဝါရီ ၅ရက် နေ့လည်တွင် ဝက်လက်မြို့နယ် ပေါက်ကန်ကျေးရွာသို့ နှစ်ကြိမ်၊ ညနေပိုင်းတွင်နှစ်ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ကြောင်းသည် ဇန်နဝါရီ ၃ရက်တွင် ရွှေဘိုမြို့နယ်ရှိ စခတ-၈ အတွင်းမှ စစ်ကြောင်း စတင်ထွက်လာ၍ ရွှေဘိုမြို့နယ်ရှိ ချောင်းဆုံရွာ၊ ပေါက်တုံရွာအနီး ပြွန်ကြီးသံလမ်းဆုံနှင့် ဝက်လက်မြို့နယ်ရှိ လယ်ကိုင်းရွာတို့၌ PDF ပူးပေါင်းတပ်မှ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ဇန်နဝါရီ ၅ရက်က ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ရွာ၌ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာမှ ထွက်လာသော ဗိုလ်ကြီး အေးမျိုးထွန်းဦးစီးသော တပ်မ(၃၃)လက်အောက်ခံ စစ်ကြောင်းအား ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၁၈)၊ ဒေါင်းနီ (LPDF) ပူးပေါင်းအဖွဲ့တို့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲတွင် ပါဝင်သည့် ရွှေဘိုခရိုင် တပ်ရင်း(၁၈)ကလည်း ယနေ့တွင် တိုက်ပွဲသတင်းဖော်ပြထားရာ စစ်ကောင်စီတပ်မှ ၂၀ဦးကျော်သေ၊ ၃ဦး အရှင်ဖမ်းမိပြီးလက်နက် ၅လက် သိမ်းရခဲ့သည်ဟု အသိပေးထားသည်။

” ကျည်ကုန်သွားလို့ သုံးဦးဖမ်းမိတဲ့အနေအထားပါ။ လက်ရှိအနေအထားကတော့သူတို့ ကတောထဲမှာစဥ့်ကလျားနဲ့ ဆုတ်ခွာထွက်ပြေးသွားလို့ ကျွန်တော်တို့ လိုက်လံပိတ်ဆို့ဖမ်းဆီးနေပါတယ်။သူတို့ရှိမ်းမကားအထိမရောက်သေးပါဘူး”ဟု ရွှေဘိုခရိုင်တပ်ရင်း(၁၈)၏ ပြောရေးဆိုခွင့်ရှိသူ ကိုနေမျိုး(ပဲခူး)က ပြောသည်။

ရွှေဘိုခရိုင်အမှတ် (၁၅)တပ်ရင်းကတပ်ရင်းမှူး ဗိုလ်ကောက်ရိုးကလည်း “ဝက်လက်နယ်မှာ၂၀၂၄ခုနှစ်အတွင်းအခုလို အပြုတ်မဖြုတ်နိုင်သေးပါဘူး။အခု ၁၀၂၇ဒုတိယလှိုင်းမှာ လက်နက်တွေရလာလို့ အခုလိုမျိုး ထိထိရောက်ရောက်လုပ်နိုင်ခဲ့တာပါ “ဟု လူထု​နွေဦးအား ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြို့သာစခန်းအနီးက စားသောက်ဆိုင်ကို စစ်တပ်က မီးရှို့ဖျက်ဆီး

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်း ရိက္ခာပို့သည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ရာ သေဆုံးထိခိုက်မှုရှိကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်​ရေးတပ် CHU PDFမှ တာဝန်ရှိသူက ပြောသည်။

သတင်း

ဂွမြို့နယ်စပ် နှင့် ရွှေသောင်ယံမြို့နယ်အတွင်း ခံစစ်အတွက် စစ်ရေယာဉ်ဖြင့် ပို့‌ဆောင်လိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်သည် သေဆုံးဒဏ်ရာရအများအပြားဖြင့် ရွှေသောင်ယံ-ပုသိမ်လမ်း၊ ဂွ-ငါးသိုင်းချောင်းလမ်းအတိုင်း ပြန်ဆုတ်ခွာလာကြောင်း ​စုံစမ်းသိရသည်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာသို့ စစ်ကောင်စီတပ်စစ်ကြောင်းမှ တပ်သားတစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းထံမှ သေနတ်တစ်လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း(၃)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။