Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူများဖြင့် ခုခံ

ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က အရှိန်မြှင့် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီကလည်း လေကြောင်းပစ်ကူ အကြိမ်ကြိမ်ပြုလုပ်ခုခံလျက်ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်တို့က အသိပေးသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ပစ်ခတ်နေသော KIA တပ်ရဲဘော်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - File

ဟန်နွေ/People’s Spring

ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က အရှိန်မြှင့် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီကလည်း လေကြောင်းပစ်ကူ အကြိမ်ကြိမ်ပြုလုပ်ခုခံလျက်ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်တို့က အသိပေးသည်။

ဗန်းမော်နှင့် မံစီဒေသတစ်ခုလုံး သိမ်းပိုက်နိုင်ရေးအတွက် ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ပြီး KIA မဟာမိတ်များက တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲတစ်လကျော်အကြာ ဇန်နဝါရီ ၆ရက် ဒီဇင်ဘာ ၆ရက်တွင် ထိုးစစ် အရှိန်ထပ်မံ မြှင့်တင်၍ KIAက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကလည်း တိုက်လေယာဉ်၊ Y12 လေယာဉ်များ အသုံးပြု ဗုံးကြဲခုခံလျက်ရှိသည်ဟု ဆိုသည်။

ယနေ့ (ဇန်နဝါရီ ၇ရက်)တွင်လည်း ဗန်းမော်နှင့် မံစီမြို့၌ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ဗုံးလာကြဲသည့် Y12 လေယာဉ်ကို KIAက ပစ်ခတ်ခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“Y12 တစီး KIAကျည်ဆံသင့်လို့ မီးခိုးတန်းနဲ့အတူ မြစ်ကြီးနားဘက်ပြေးသွားတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ သို့သော် အဆိုပါပြောပြချက်နှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဇန်နဝါရီ ၆ရက် ဗန်းမော်မြို့တိုက်ပွဲ အခြေအနေကို အသိပေးထားရာ တကျော့ပြန်ထိုးစစ်မှာ ဗန်းမော်နှင့် မံစီမြို့ရှိ ရန်သူ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်များ အပြီးသတ် သိမ်းနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်ဟုဆိုသည်။

ယမန်နေ့ နံနက် ၇နာရီမှ ည ၇နာရီခွဲအထိ စစ်ကောင်စီက တိုက်လေယာဉ်၊ Y12 လေယာဉ်များဖြင့် အကြိမ်များစွာ ဗုံးကြဲတိုက်ခိုက်သကဲ့သို့ အမြောက်များဖြင့်လည်း အကြိမ်များစွာ ပစ်ခတ်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။

ဗန်းမော်နှင့် မံစီမြို့တိုက်ပွဲအပါအဝင် ကချင်ဒေသစစ်ရေး အခြေအနေများနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။