Connect with us

Hi, what are you looking for?

သတင်း

အမေရိကန် ထောက်ခံတဲ့ စစ်တပ် အကြီးအကဲ လက်ဘနွန် သမ္မတဖြစ်လာ

အမေရိကန်က ထောက်ခံ အားပေးတဲ့ စစ်တပ်ခေါင်းဆောင်ဟာ လက်ဘနွန် သမ္မတအဖြစ် ရွေးချယ် တင်မြှောက် ခံခဲ့ရတဲ့နောက် နိုင်ငံရဲ့ နှစ်တွေနဲ့ချီ ကြာမြင့်တဲ့ သမ္မတလက်မဲ့ ဖြတ်သန်းမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

အမေရိကန်က ထောက်ခံ အားပေးတဲ့ စစ်တပ်ခေါင်းဆောင်ဟာ လက်ဘနွန် သမ္မတအဖြစ် ရွေးချယ် တင်မြှောက် ခံခဲ့ရတဲ့နောက် နိုင်ငံရဲ့ နှစ်တွေနဲ့ချီ ကြာမြင့်တဲ့ သမ္မတလက်မဲ့ ဖြတ်သန်းမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

လက်ဘနွန် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျိုးဆက်အွန်းဟာ လွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ မဲခွဲဆုံးဖြတ်မှု နှစ်ကျော့အပြီး ဇန်နဝါရီ ၉ ရက်နေ့မှာ သမ္မတ နေရာအတွက် ရွေးချယ် ခံခဲ့ရတာ ဖြစ်ပါတယ်။

လက်ဘနွန်မှာ အွန်း သမ္မတဖြစ်လာရေးအတွက် သူနဲ့ နီးကပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေတဲ့ အမေရိကန်နဲ့ ဆော်ဒီအာရေးဘီးယား အစိုးရတွေက အင်တိုက်အားတိုက် ပံ့ပိုးခဲ့ပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာလတုန်းက လက်ဘနွန် သမ္မတဟောင်း မိုက်ကယ်အွန်းရဲ့ ရာထူးသက်တမ်း ကုန်ဆုံးသွားချိန် ကတည်းက လက်ဘနွန်မှာ သမ္မတသစ် မတင်မြှောက်နိုင်ဘဲ နိုင်ငံရေး အကျပ်အတည်းတွေ ကြုံနေခဲ့တာ ဖြစ်ပါတယ်။ သမ္မတဟောင်းနဲ့ သမ္မတသစ်ဟာ အွန်းဆိုတဲ့ မျိုးရိုးနာမည် တူပေမယ့် ဆွေမျိုးတော်စပ်ခြင်း မရှိပါဘူး။

Public Service Announcement

Public Service Announcement

အရင်သမ္မတဟောင်းကိုတော့ လက်ဘနွန် အခြေစိုက် အင်အား အတောင့်တင်းဆုံး လက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပြီး အီရန်က ပံ့ပိုးထားတဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေက အဓိက အားပေးခဲ့ပါတယ်။ တစ်နည်းအားဖြင့် လက်ဘနွန် နိုင်ငံရေးမှာ အနောက်ဖက် လိုလားတဲ့ အင်အားစုနဲ့ အီရန်လိုလားတဲ့ အင်အားစုကြား အားပြိုင်မှုတွေ ရှိနေခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကျော်အတွင်း လက်ဘနွန် လွှတ်တော်ဟာ သမ္မတနေရာအတွက် မဲပေးမှု ၁၂ ကြိမ် ပြုလုပ်ခဲ့ပေမယ့် လက်တွေ့ တင်မြှောက်နိုင်ခြင်းတော့ မရှိခဲ့ပါဘူး။

ဒါပေမဲ့ မနှစ်က နိုဝင်ဘာလတုန်းက အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြား အပစ်အခတ် ရပ်စဲနိုင်ရေး အမေရိကန် ဦးဆောင်ပြီး ကြားဝင် စေ့စပ်ပေးခဲ့ခြင်းက သမ္မတ တင်မြှောက်ရေး ကိစ္စအပေါ် သက်ရောက်မှုတွေ ရှိစေခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ဟစ်ဇ်ဘိုလာတွေဟာ စစ်ပွဲအတွင်း အစ္စရေးရဲ့ အကြီးအကျယ် ထိုးနှက်မှုတွေကို ခံစားခဲ့ရသလို အီရန် မဟာမိတ် ဆီးရီးယား နိုင်ငံရဲ့ သမ္မတ ဘာရှာအယ်လ် အာဆတ် အစိုးရ ပြုတ်ကျသွားခြင်းကလည်း ဟစ်ဇ်ဘိုလာတွေကို သွယ်ဝိုက် ထိခိုက်စေခဲ့ပြန်ပါတယ်။ အာဆတ်ဟာ ဒေသတွင်း နိုင်ငံတွေကြား ဟစ်ဇ်ဘိုလာရဲ့ လက်နက် သယ်ယူ ရွှေ့ပြောင်းမှုတွေ အဆင်ပြေဖို့ သူ့နိုင်ငံ ပိုင်နက်ကို စိတ်ကြိုက် အသုံးပြုခွင့် ပေးထားခဲ့သူပါ။

လက်ဘနွန်မှာ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ စစ်ဖြစ်နေခဲ့တဲ့ အတောအတွင်း လက်ဘနွန် စစ်တပ်ဟာ လုံးဝ ပါဝင်တိုက်ခိုက်ခဲ့ခြင်း မရှိပေမယ့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေမှာတော့ အဓိက နေရာက ပါဝင် ညှိနှိုင်းပေးခဲ့ကြောင်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။