Connect with us

Hi, what are you looking for?

သတင်း

နမခမှလာသည့် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရပြီး သေဆုံးမှုများ

စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံး၊ ၇ ဦး ဖမ်းမိပြီး လကနက်ခဲယမ်းများရဟု အမှတ် (၁)စစ်ဒေသ ထုတ်ပြန်

ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ။ ဓာတ်ပုံ - အမှတ် (၁)စစ်ဒေသ

တေဇ/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှထွက်လာသည့် စစ်ကောင်စီယာဉ်တန်းအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံးပြီး ခုနစ်ဦးဖမ်းဆီးရရှိကြောင်း အမှတ် (၁)စစ်ဒေသက ယနေ့(ဇန်နဝါရီ ၁၀ရက်)တွင် ထုတ်ပြန်သည်။

နမခမှ ထွက်လာသော ထပရ-၉၂၉ တပ်ရင်းနှင့် တပ်မ(၇၇)လက်အောက်ခံ ထုတ်နုတ်အင်အားပါ Jammer ကား (၃)စီးနှင့် ချောဆွဲခံထားရသော ရိက္ခာတင်ကုန်ကား (၇)စီးအား အရာတော်မြို့နယ်၊ မုံရွာ-အရာတော်လမ်းပိုင်း၌ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဟု အမှတ် (၁) စစ်ဒေသက ဆိုသည်။

တိုက်ပွဲအတွင်း အမတ(၅၀၈)တပ်ရင်း မှ လက်နက်ကြီးပစ်ကူအဖြစ် ၁၂၂ မမ ဟောင်ဝှစ်ဇာ (၄)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နမခမှ သံပြားကာကား (၄)စီး တပ်ကူပေးပို့ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံးပြီး ခုနစ်ဦးဖမ်းဆီးရမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့သည်ဟု ထပ်မံအသိပေးထားသည်။

မုံရွာခရိုင် ကွပ်ကဲရေးမှူးညွှန်ကြားမှုဖြင့် မုံရွာခရိုင် တပ်ရင် (၁၈၊ ၂၀၊ ၂၂၊ ၂၄၊၂၇)၊ ဗျူဟာ-၆၆ (မုံရွာခရိုင် တပ်ရင်း-၁၉၊ ၂၁၊ ၂၆)၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ အရာတော်မြို့နယ် ပကဖ (တိုက်နယ်-၁၊ ၂၊ ၄၊ ၅၊ ၈၊ ၁၀၊ ၁၁)၊ အရာတော်မြို့နယ် ပလဖ၊ မုံရွာမြို့နယ် ပကဖ (တိုက်နယ်-၂)၊ BLDF ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခြင်းဟု ဆိုသည်။

“ထိုထိ‌တွေ့တိုက်ပွဲဖြစ်ပွားမှုအတွင်း ရန်သူ့ဘက် ကျောက်စစ်ပုံအမြောက်တပ်မှ ဟောင်ဝှစ်ဇာ ၅ လုံးဖြင့် ပစ်ကူပေးခဲ့ပြီးမြေပြင်စစ်ကြောင်းများဖြင့်လည်း စစ်ကူပေးခဲ့ပါသည်။ တိုက်ပွဲအတွင်း မိမိတိူ့တပ်ပေါင်းစုမှ ရဲဘော်(၁)ဦးအသက်ပေးလှူခဲ့ရသည်။”ဟု မုံရွာခရိုင်တပ်ရင်း အမှတ်(၁၉)က အသိပေးထားသည်။

ထို့အပြင် မုံရွာခရိုင်တပ်ရင်း အမှတ်(၁၉)၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်မှ ၉ဦးသေဆုံးပြီး ၇ ဦးအရှင်ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။ ကားငါးစီးနှင့် အတူ လက်နက်ခဲယမ်းများလည်း သိမ်းရသည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာတစ်ရွာမှ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသည့်အပြင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်၍ ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကဖ) မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို PDF များက စီးနင်းတိုက်ခိုက်​သောရုပ်သံမှတ်တမ်းကို Burma Liberation Democratic Front - BLDF က ဒီက​နေ ညမှာထုတ်ပြန်လိုက်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ အမှတ်(၁)စစ်ဒေသမှ စစ်သုံ့ပန်းများအား သွားရောက်တွေ့ဆုံ၍ သီချင်းများဖျော်ဖြေပေးခဲ့ကြောင်း အဆိုတော် မိုင်းမိုင်ဆိုင်း က အသိပေးထားသည်။

သတင်း

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံမှ စစ်ကောင်စီတပ်ယာဥ်တန်းသည် စေတုတ္တရာမြို့နယ်ဘက်သို့ ပဒါန်း-ငဖဲ-စေတုတ္တရာ ကားလမ်းအတိုင်းထွက်လာရာ တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်းက အသိပေးထုတ်ပြန်သည်။