Connect with us

Hi, what are you looking for?

သတင်း

နမခမှလာသည့် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရပြီး သေဆုံးမှုများ

စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံး၊ ၇ ဦး ဖမ်းမိပြီး လကနက်ခဲယမ်းများရဟု အမှတ် (၁)စစ်ဒေသ ထုတ်ပြန်

ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ။ ဓာတ်ပုံ - အမှတ် (၁)စစ်ဒေသ

တေဇ/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှထွက်လာသည့် စစ်ကောင်စီယာဉ်တန်းအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံးပြီး ခုနစ်ဦးဖမ်းဆီးရရှိကြောင်း အမှတ် (၁)စစ်ဒေသက ယနေ့(ဇန်နဝါရီ ၁၀ရက်)တွင် ထုတ်ပြန်သည်။

နမခမှ ထွက်လာသော ထပရ-၉၂၉ တပ်ရင်းနှင့် တပ်မ(၇၇)လက်အောက်ခံ ထုတ်နုတ်အင်အားပါ Jammer ကား (၃)စီးနှင့် ချောဆွဲခံထားရသော ရိက္ခာတင်ကုန်ကား (၇)စီးအား အရာတော်မြို့နယ်၊ မုံရွာ-အရာတော်လမ်းပိုင်း၌ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဟု အမှတ် (၁) စစ်ဒေသက ဆိုသည်။

တိုက်ပွဲအတွင်း အမတ(၅၀၈)တပ်ရင်း မှ လက်နက်ကြီးပစ်ကူအဖြစ် ၁၂၂ မမ ဟောင်ဝှစ်ဇာ (၄)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နမခမှ သံပြားကာကား (၄)စီး တပ်ကူပေးပို့ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံးပြီး ခုနစ်ဦးဖမ်းဆီးရမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့သည်ဟု ထပ်မံအသိပေးထားသည်။

မုံရွာခရိုင် ကွပ်ကဲရေးမှူးညွှန်ကြားမှုဖြင့် မုံရွာခရိုင် တပ်ရင် (၁၈၊ ၂၀၊ ၂၂၊ ၂၄၊၂၇)၊ ဗျူဟာ-၆၆ (မုံရွာခရိုင် တပ်ရင်း-၁၉၊ ၂၁၊ ၂၆)၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ အရာတော်မြို့နယ် ပကဖ (တိုက်နယ်-၁၊ ၂၊ ၄၊ ၅၊ ၈၊ ၁၀၊ ၁၁)၊ အရာတော်မြို့နယ် ပလဖ၊ မုံရွာမြို့နယ် ပကဖ (တိုက်နယ်-၂)၊ BLDF ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခြင်းဟု ဆိုသည်။

“ ထိုထိ‌တွေ့တိုက်ပွဲဖြစ်ပွားမှုအတွင်း ရန်သူ့ဘက် ကျောက်စစ်ပုံအမြောက်တပ်မှ ဟောင်ဝှစ်ဇာ ၅ လုံးဖြင့် ပစ်ကူပေးခဲ့ပြီးမြေပြင်စစ်ကြောင်းများဖြင့်လည်း စစ်ကူပေးခဲ့ပါသည်။ တိုက်ပွဲအတွင်း မိမိတိူ့တပ်ပေါင်းစုမှ ရဲဘော်(၁)ဦးအသက်ပေးလှူခဲ့ရသည်။” ဟု မုံရွာခရိုင်တပ်ရင်း အမှတ်(၁၉)က အသိပေးထားသည်။

ထို့အပြင် မုံရွာခရိုင်တပ်ရင်း အမှတ်(၁၉)၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်မှ ၉ဦးသေဆုံးပြီး ၇ ဦးအရှင်ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။ ကားငါးစီးနှင့် အတူ လက်နက်ခဲယမ်းများလည်း သိမ်းရသည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေရွာအနီး ယာယီတပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းနဲ့ သံဖြူဇရပ်မြို့နယ် ထင်းရှူးရဲစခန်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိိုင်းတိုင်း၊မုံရွာမြို့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီးမှာ စက်တပ်လေထီးတစ်စီးပျက်ကျမှုဖြစ်စဉ် အတည်ပြုဖို့ စုံစမ်းနေတယ်လို့ မုံရွာပကဖ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်တွေ ထိခိုက်သေဆုံးမှုရှိပြီး ရိက္ခာဂိုဒေါင် ၂ လုံးပါ ပျက်စီးတယ်လို့ Chindwin Rocket Brother(CRB)အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးမှာ စစ်သားဟောင်း ဖွင့်ထားတဲ့ သံတိုသံစဆိုင်မှာ သံတိုသံစထုခွဲရင်း ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။