Connect with us

Hi, what are you looking for?

သတင်း

နမခမှ ထွက်လာသည့် စစ်တပ်ယာဉ်တန်းကို PDFများစီးနင်းတိုက်ခိုက်မှုရုပ်သံထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို PDF များက စီးနင်းတိုက်ခိုက်​သောရုပ်သံမှတ်တမ်းကို Burma Liberation Democratic Front – BLDF က ဒီက​နေ ညမှာထုတ်ပြန်လိုက်သည်။

တေဇ/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို PDF များက စီးနင်းတိုက်ခိုက်​သောရုပ်သံမှတ်တမ်းကို Burma Liberation Democratic Front – BLDF က ဒီက​နေ ညမှာထုတ်ပြန်လိုက်သည်။

စစ်တပ်ယာဥ်တန်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံးပြီး ခုနစ်ဦးဖမ်းဆီးရရှိကြောင်း အမှတ် (၁)စစ်ဒေသက ယနေ့(ဇန်နဝါရီ ၁၀ရက်)တွင် ထုတ်ပြန်သည်။

နမခမှ ထွက်လာသော ထပရ-၉၂၉ တပ်ရင်းနှင့် တပ်မ(၇၇)လက်အောက်ခံ ထုတ်နုတ်အင်အားပါ Jammer ကား (၃)စီးနှင့် ချောဆွဲခံထားရသော ရိက္ခာတင်ကုန်ကား (၇)စီးအား အရာတော်မြို့နယ်၊ မုံရွာ-အရာတော်လမ်းပိုင်း၌ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဟု အမှတ် (၁) စစ်ဒေသက ဆိုသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/975015547848197

တိုက်ပွဲအတွင်း အမတ(၅၀၈)တပ်ရင်း မှ လက်နက်ကြီးပစ်ကူအဖြစ် ၁၂၂ မမ ဟောင်ဝှစ်ဇာ (၄)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နမခမှ သံပြားကာကား (၄)စီး တပ်ကူပေးပို့ခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံးပြီး ခုနစ်ဦးဖမ်းဆီးရမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့သည်ဟုအသိပေးထားသည်။

G-3 (၂) လက်၊ MA-4 (၁) လက်၊ Uzi (၁) လက်၊ 5.56 မမ ကျည် (၄၁၉၀ ) တောင့် ၊ G-3 ကျည် (၅၀၀၀) တောင့် ၊ ၁၂၂ မမ ဟောင်ဝှစ်ဇာ (၁၅) လုံး၊ ဒရုန်း ဗုံးသီး (၂၀) လုံး၊ တိုက်မိုင်း (၃၀) လုံး ၊ ၇၃ မမ ဒုံးသီး (၂၀) လုံး၊ ၆၀ မမ ဗုံးသီး (၂၇) လုံး၊ ၄၀ မမ ဗုံးသီး (၃) လုံး၊ နင်းမိုင်းအသေး (၄၅) လုံး၊ Jummer စက်ကြီး (၃) လုံး၊ Jummer စက်သေး (၂) လုံး၊ ကျောပိုးလွယ်အိတ် (၆) လုံး၊ Uzi ကျည်အိမ် (၂) သိမ်းဆည်းရရှိခဲ့​ကြောင်း BLDF က ထုတ်ပြန်ထားသည်။

မုံရွာခရိုင် ကွပ်ကဲရေးမှူးညွှန်ကြားမှုဖြင့် မုံရွာခရိုင် တပ်ရင် (၁၈၊ ၂၀၊ ၂၂၊ ၂၄၊၂၇)၊ ဗျူဟာ-၆၆ (မုံရွာခရိုင် တပ်ရင်း-၁၉၊ ၂၁၊ ၂၆)၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ အရာတော်မြို့နယ် ပကဖ (တိုက်နယ်-၁၊ ၂၊ ၄၊ ၅၊ ၈၊ ၁၀၊ ၁၁)၊ အရာတော်မြို့နယ် ပလဖ၊ မုံရွာမြို့နယ် ပကဖ (တိုက်နယ်-၂)၊ BLDF ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခြင်းဖြစ်သည်။

“ထိုထိ‌တွေ့တိုက်ပွဲဖြစ်ပွားမှုအတွင်း ရန်သူ့ဘက် ကျောက်စစ်ပုံအမြောက်တပ်မှ ဟောင်ဝှစ်ဇာ ၅ လုံးဖြင့် ပစ်ကူပေးခဲ့ပြီးမြေပြင်စစ်ကြောင်းများဖြင့်လည်း စစ်ကူပေးခဲ့ပါသည်။ တိုက်ပွဲအတွင်း မိမိ

တို့တပ်ပေါင်းစုမှ ရဲဘော်(၁)ဦးအသက်ပေးလှူခဲ့ရသည်။”ဟု မုံရွာခရိုင်တပ်ရင်း အမှတ်(၁၉)က အသိပေးထားသည်။

ထို့အပြင် မုံရွာခရိုင်တပ်ရင်း အမှတ်(၁၉)၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်မှ ၉ဦးသေဆုံးပြီး ၇ ဦးအရှင်ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။ ကားငါးစီးနှင့် အတူ လက်နက်ခဲယမ်းများလည်း သိမ်းရသည်ဟု အသိပေးထားသည်။

ရုပ်သံ-BLDF

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်တပ်ရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF)က အသိပေးထားပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေရွာအနီး ယာယီတပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းနဲ့ သံဖြူဇရပ်မြို့နယ် ထင်းရှူးရဲစခန်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိိုင်းတိုင်း၊မုံရွာမြို့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီးမှာ စက်တပ်လေထီးတစ်စီးပျက်ကျမှုဖြစ်စဉ် အတည်ပြုဖို့ စုံစမ်းနေတယ်လို့ မုံရွာပကဖ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။