Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာ ကွန်ဒို ဝယ်ယူမှု အများဆုံး နိုင်ငံခြားသားတွေစာရင်းမှာ မြန်မာဒုတိယ​နေရာ ရပ်တည်

၂၀၂၄ ပထမ ၉ လအတွင်းမြန်မာတွေက ကွန်ဒို အခန်းပေါင်း ၁၀၅၀ ကို ဘတ် ၅၄၆၃သန်းဖိုးဝယ်ယူခဲ့

ဘန်​ကောက်မြို့လယ် တ​​နေရာ။ ဓါတ်ပုံ-Khaosod English

ထိုင်းနိုင်ငံရဲ့ ကွန်ဒိုတွေကို အများဆုံး ဝယ်ယူသူ နိုင်ငံခြားသားတွေ စာရင်းမှာ မြန်မာတွေဟာ ဒုတိယ နေရာက ရပ်တည်နေပါတယ်။

၂၀၂၄ ခုနှစ်၊ ပထမဆုံး ၉ လထိ စာရင်းချုပ်မှုအရ တရုတ်နိုင်ငံသားတွေဟာ ထိုင်းကွန်ဒိုတွေ ဝယ်ယူမှု စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်တဲ့ နိုင်ငံခြားသားတွေအဖြစ် ရပ်တည်နေပြီး မြန်မာက ဒုတိယ နေရာမှာ ရှိနေပါတယ်။ စာရင်းရဲ့ တတိယ နေရာမှာတော့ ရုရှား ဝယ်လက်တွေကို တွေ့နိုင်ပါတယ်။

အာဏာသိမ်း မြန်မာ စစ်ကောင်စီက ထိုင်းမှာ မြန်မာနိုင်ငံသားတွေ ကွန်ဒို ဝယ်ယူမှုကို ဖြိုခွင်းဖို့ အားထုတ်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလဝန်းကျင် ကာလတွေအတွင်း စျေးကွက်ထဲမှာ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် အခုတော့ မြန်မာတွေဆီ ကွန်ဒိုတွေ လက်လွှဲပေးရတဲ့ အရေအတွက်က တကျော့ပြန် မြင့်တက်လာတယ်လို့ ထိုင်းရဲ့ အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီ Cushman & Wakefieldရဲ့ စျေးကွက် သုတေသနဌာန အကြီးအကဲ ဆူရာချတ် ကွန်ချိပ်က ပြောကြားခဲ့ပါတယ်။

ထိုင်းမှာ မြန်မာနိုင်ငံသားတွေ ဝယ်ယူတဲ့ ကွန်ဒိုတွေရဲ့ ပျမ်းမျှ စျေးနှုန်းဟာလည်း နိုင်ငံအသီးသီးရဲ့ တန်းစီဇယား တတိယ နေရာမှာ ရှိနေပါတယ်။ အိန္ဒိယ နိုင်ငံသားတွေဟာ ပျမ်းမျှ ဘတ် ၆.၃ သန်းတန် ကွန်ဒိုတွေ ဝယ်ယူကြပြီး အမေရိကန်တွေက ဘတ် ၅.၃ သန်းလောက် သုံးစွဲလေ့ ရှိပါတယ်။ မြန်မာတွေ ဝယ်ယူတဲ့ ကွန်ဒိုခန်းတွေရဲ့ ပျမ်းမျှ စျေးနှုန်းက ဘတ် ၅.၂ သန်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ခြုံကြည့်မယ်ဆိုရင်တော့ ၂၀၂၄ ခုနှစ်ရဲ့ ပထမဆုံး ၉ လအတွင်း တရုတ် နိုင်ငံသားတွေဟာ ထိုင်းကွန်ဒိုခန်း ၄၃၈၆ ခန်းကို ဘတ် ၂၀.၂ ဘီလီယံ အကုန်

အကျခံ ဝယ်ယူခဲ့ပြီး မြန်မာတွေကတော့ ကွန်ဒို အခန်းပေါင်း ၁၀၅၀ ကို ဘတ် ၅၄၆၃ ဘီလီယံနဲ့ ဝယ်ယူခဲ့ကြပါတယ်။

အဲဒီ ၉ လတာအတွင်း ထိုင်းမှာ နိုင်ငံခြားသားတွေဆီကို ဘတ် ၅၁.၅ ဘီလီယံ တန်ကြေးရှိတဲ့ ကွန်ဒို အခန်းပေါင်း ၁၁၀၃၆ ခန်းကို လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အရေအတွက်အရ ၂၀၂၃ ခုနှစ် ပထမ ၉ လတုန်းကထက် ၃.၁ ရာခိုင်နှုန်း တိုးလာတာ ဖြစ်ပေမယ့် တန်ဖိုးအရတော့ ၁.၅ ရာခိုင်နှုန်း ကျဆင်းသွားခြင်းလို့လည်း ဆိုပါတယ်။

နိုင်ငံခြားသားတွေရဲ့ ကွန်ဒို ဝယ်ယူမှု အများဆုံး မြို့တွေ စာရင်းမှာ ဘန်ကောက်က ၃၈.၇ ရာခိုင်

နှုန်းနဲ့ ဆက်လက် ဦးဆောင်နေဆဲ ဖြစ်ပြီး ချွန်ဘူရီ (ဇလပုရီ)ကတော့ ၃၆ ရာခိုင်နှုန်းနဲ့ ဒုတိယ နေရာမှာ ရပ်တည်နေကြောင်း သိရပါတယ်။

ကိုးကား- Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများကို နေရပ်သို့ပြန် မပို့ခင်မှာ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ဒီနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းမှာ မြန်မာတွေပါတဲ့ ငါးဖမ်းလှေတစ်စီး နစ်မြုပ်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

Facebook