Connect with us

Hi, what are you looking for?

သတင်း

ဒိုက်ဦးထောင်မှာ ဆေးကုသခွင့်မလုံလောက်လို့ နိုင်ကျဉ်း တစ်ဦး သေဆုံး

ပဲခူးတိုင်း ဒိုက်ဦးအကျဥ်း‌ထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရလို့ အခုနှစ်အစမှာတင် သေဆုံးခဲ့ရ တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဇန်နဝါရီ ၁၂ရက်နေ့မှာထုတ်ပြန်ပါတယ်။

ဆိုင်းမင်း/People’s Spring

ပဲခူးတိုင်း ဒိုက်ဦးအကျဥ်း‌ထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရလို့ အခုနှစ်အစမှာတင် သေဆုံးခဲ့ရ တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဇန်နဝါရီ ၁၂ရက်နေ့မှာထုတ်ပြန်ပါတယ်။

အသက်၂၆နှစ်အရွယ် နိုင်ငံရေးအကျဥ်းသား ကိုမျိုးမင်းဦးဟာ ဆီးကျောက်တည်ရောဂါဝေဒနာ ခံစားနေရပေမယ့် လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရခဲ့လို့ ဇန်နဝါရီ ၁၀ရက်မှာ သေဆုံးသွားတာလို့သိရပါတယ်။

ကိုမျိုးမင်းဦးကို လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို မပေးခဲ့ဘဲ ရောဂါ ဆိုးရွားပြင်းထန်ချိန် ဒီဇင်ဘာလ ၂၆ရက်မှ ပဲခူး ဆေးရုံကြီးဆီပို့ဆောင်ပေးခဲ့ပါ။

Public Service Announcement

Public Service Announcement

ဆေးရုံရောက်ပြီး နှစ်ပတ်ခန့်အကြာမှာတော့ ဆုံးပါးခဲ့ရတာဖြစ်ပါတယ်။

ကိုမျိုးမင်းဦးဟာ ၂၀၂၂ခုနှစ် အောက်တိုဘာလ ၁၇ရက်က ဖမ်းဆီးခံရပြီး အင်းစိန်အကျဥ်းထောင်မှာ အကြမ်းဖက်ပုဒ်မတွေ နဲ့ ထောင်ဒဏ် ၁၁ နှစ်ကျခံခဲ့ရပါတယ်။

အဲဒီနောက် ဒိုက်ဦးထောင်ကို ပြောင်းရွေ့ ခံခဲ့ရပြီးနောက် ဒိုက်ဦးထောင်အရောက်မှာ ဆီးကျောက်‌တည်ရောဂါ ဝေဒနာကို ပြင်းထန်စွာ ခံစားခဲ့ရတာဖြစ်ပါတယ်။

ကိုမျိုးမင်းဦး လိုပဲ အကျဉ်းထောင်တွင်း လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရလို့ ဆုံးပါးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူ ၊အကျဉ်းသားဦးရေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာဆိုရင် ၂၄ ဦးထိရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူ နှစ်သောင်းကျော်အထိ ကျန်နေ

သတင်း

သာယာဝတီထောင်မှ နိုင်ကျဥ်းနှစ်ဦး၏ဖြစ်စဥ်မှာ ပါဆယ်ပို့သည့် စာအုပ်အတွင်း ဖုန်းဆင်းမ်ကတ်ပါသည်ဆိုကာ ရိုက်နှက်ခြေကျင်းခတ်တိုက်ပိတ်ခဲ့ခြင်းဖြစ်သည်ဟု PPNMက ဖော်ပြသည်။

သတင်း

မြင်းခြံထောင်မှ ကိုနိုင်ဝင်းထွန်း(ခ)ဖားပြုတ်မှာမူ အကျဉ်းဦးစီးအရာရှိမှ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်မှုကြောင့် အကျဉ်းထောင်တွင်း ကျဆုံးခဲ့ရကြောင်း PPNMကဆိုသည်။

သတင်း

ပဲခူးတိုင်း ၊ ဒိုက်ဦးအကျဉ်းထောင်မှာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတွေကို ထောင်ဝန်ထမ်းတွေ က လေးခွ နဲ့ပစ်ခတ်တာကြောင့် ၈ ဦးအပြင်းအထန်ဒဏ်ရာရသွားတယ်လို့ နိုင်ငံရေးအကျဉ်းသားများအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၆ ဖွဲ့က ထုတ်ပြန်ပါတယ်။