Connect with us

Hi, what are you looking for?

သတင်း

ဒိုက်ဦးထောင်မှာ ဆေးကုသခွင့်မလုံလောက်လို့ နိုင်ကျဉ်း တစ်ဦး သေဆုံး

ပဲခူးတိုင်း ဒိုက်ဦးအကျဥ်း‌ထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရလို့ အခုနှစ်အစမှာတင် သေဆုံးခဲ့ရ တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဇန်နဝါရီ ၁၂ရက်နေ့မှာထုတ်ပြန်ပါတယ်။

ဆိုင်းမင်း/People’s Spring

ပဲခူးတိုင်း ဒိုက်ဦးအကျဥ်း‌ထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရလို့ အခုနှစ်အစမှာတင် သေဆုံးခဲ့ရ တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဇန်နဝါရီ ၁၂ရက်နေ့မှာထုတ်ပြန်ပါတယ်။

အသက်၂၆နှစ်အရွယ် နိုင်ငံရေးအကျဥ်းသား ကိုမျိုးမင်းဦးဟာ ဆီးကျောက်တည်ရောဂါဝေဒနာ ခံစားနေရပေမယ့် လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရခဲ့လို့ ဇန်နဝါရီ ၁၀ရက်မှာ သေဆုံးသွားတာလို့သိရပါတယ်။

ကိုမျိုးမင်းဦးကို လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို မပေးခဲ့ဘဲ ရောဂါ ဆိုးရွားပြင်းထန်ချိန် ဒီဇင်ဘာလ ၂၆ရက်မှ ပဲခူး ဆေးရုံကြီးဆီပို့ဆောင်ပေးခဲ့ပါ။

Public Service Announcement

Public Service Announcement

ဆေးရုံရောက်ပြီး နှစ်ပတ်ခန့်အကြာမှာတော့ ဆုံးပါးခဲ့ရတာဖြစ်ပါတယ်။

ကိုမျိုးမင်းဦးဟာ ၂၀၂၂ခုနှစ် အောက်တိုဘာလ ၁၇ရက်က ဖမ်းဆီးခံရပြီး အင်းစိန်အကျဥ်းထောင်မှာ အကြမ်းဖက်ပုဒ်မတွေ နဲ့ ထောင်ဒဏ် ၁၁ နှစ်ကျခံခဲ့ရပါတယ်။

အဲဒီနောက် ဒိုက်ဦးထောင်ကို ပြောင်းရွေ့ ခံခဲ့ရပြီးနောက် ဒိုက်ဦးထောင်အရောက်မှာ ဆီးကျောက်‌တည်ရောဂါ ဝေဒနာကို ပြင်းထန်စွာ ခံစားခဲ့ရတာဖြစ်ပါတယ်။

ကိုမျိုးမင်းဦး လိုပဲ အကျဉ်းထောင်တွင်း လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရလို့ ဆုံးပါးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူ ၊အကျဉ်းသားဦးရေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာဆိုရင် ၂၄ ဦးထိရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။

သတင်း

သမ္မတဦးဝင်းမြင့်ကို မိသားစုနဲ့တွေ့ဆုံစေတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းတာ တွေဟာ စစ်အုပ်စုရဲ့နိုင်ငံရေးလှည့်စားချက်ဟု ထုတ်ပြန်

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံအခြေအနေ တိုးတက်လာဖို့ ဆက်လက်ကြိုးပမ်းလုပ်ဆောင်မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဒီကနေ့ကဆုန်လပြည့်နေ့မှာ အကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုပေမဲ့ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ပါဝင်လာခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။