Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အထိနာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့တွင် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၀ဦးထက်မနည်း သေဆုံးကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။

ဘော်လဲခဲမြို့အနီးရှိ ဝမ်မလန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်စစ်ကြောင်းထံမှ သိမ်းရသော လက်နက်ခဲယမ်းအချို့နှင့် ကရင်နီတပ်ပေါင်းစုမှ ရဲဘော်များ။ ဓာတ်ပုံ - KPV News

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဘောလခဲမြို့တွင် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၀ဦးထက်မနည်း သေဆုံးကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၁၂ရက် နံနက်ပိုင်းတွင် ဘော်လဲခဲမြို့အနီးရှိ ဝမ်မလန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီတပ်ပေါင်းစုက တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“မိုင်းဆွဲတိုက်တာ။သေနတ် တချို့နဲ့ ခဲယမ်းတွေ ရတယ်။ပြီးတော့ စစ်ရေးအချက်အလက်တွေအရ စကစ ၁၀ဦးကျော်သေတယ်လို့ သိရတယ်”ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ရေးဖော်ဆောင်နေဆဲ ကာလဖြစ်၍ တရားဝင်ထုတ်ပြန်ခြင်းမပြုသေးဟု ဘောလခဲ PDF တာဝန်ရှိသူက လူထုနွေဦးသို့ အသိပေးသည်။

ထို့အပြင် စစ်ကောင်စီတပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဘောလခဲမြို့နယ်အတွင်း အရေးပါသည့် စစ်ကောင်စီစခန်းကုန်းသုံးခုကို ကရင်နီတပ်ပေါင်းစုက ၂၀၂၄ နှစ်ဝက်ကစ၍ သိမ်းပိုက်နိုင်ခဲ့ပြီး မယ်စလောင်းတောင် စခန်း၊ရေကျော်စခန်း နှင့် ထူးချောင်းစခန်းတို့ပါဝင်သည်။

ကျန်ရှိနေသော (၁၂)မိုင်စခန်းကုန်းနှင့် ဝမ်မလန်း စခန်းကုန်းတို့မကျရေးအတွက် စစ်ကောင်စီက လေကြောင်း ပစ်ကူရယူ၍ ခုခံနေဆဲ ဖြစ်သည်။

ဘောလခဲမြို့တွင် စစ်ကောင်စီ၏ အခြေချစစ်ဗျူဟာ ခမရ (၄၂၉)၊ခမရ (၄၃၀) နှင့် ခလရ (၃၃၇)တပ်ရင်းတို့ရှိသည့်အပြင် ရှမ်းပြည်နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂)လက် အောက်ခံတပ်ရင်းအချို့ကိုပါ အင်းအားထပ်ဖြည့်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ်တွေပျံသန်းပြီး ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့ကို စစ်တပ်က လူလှိုင်းသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအခြေစိုက်တော်လှန်ရေးတပ်တာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က နေရာတွေကို လုံခြုံရေးအရ တားမြစ်လိုက်ပြီး အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဒီကနေ့ ဇွန်လ ၃၀ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။