Connect with us

Hi, what are you looking for?

သတင်း

ပွင့်ဖြူမြို့နယ်တွင် စစ်တပ်ကပေါ်တာဆွဲ ဖမ်းဆီးနေ၊ ပြည်သူ ၄၀ခန့် ဖမ်းခေါ်သွား

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများဝင်ရောက်၍ ပေါ်တာဆွဲဖမ်းဆီးနေရာ တစ်ရက်တည်းတွင် ဒေသခံပြည်သူ ၄၀ ခန့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မင်းဘူးခရိုင် တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများဝင်ရောက်၍ ပေါ်တာဆွဲဖမ်းဆီးနေရာ တစ်ရက်တည်းတွင် ဒေသခံပြည်သူ ၄၀ ခန့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မင်းဘူးခရိုင် တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၄ ရက်)တေ့လယ်ပိုင်းက စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များသည် ပွင့်ဖြူမြို့နယ်ရှိ ထန်းတောစု၊ ဖလံတော၊ ကျောက်ကုန်း စသည့်ကျေးရွာများသို့ ဝင်ရောက်၍ အတင်းအဓ္ဓမပေါ်တာဆွဲဖမ်း ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ကျေးရွာတွေကိုက စကစ အားပေး ပျားစောထီးများနှင့် ပူးပေါင်းကာ ရိုက်နက်ခေါ်ဆောင်မှုများကြောင့် ပြည်သူအများစုမှာ ဘယ်ကိုမှ မသွားရဲ မလာရဲကြတော့ဘဲ ကြောက်ရွံ့ထိတ်လန့်စွာနဲ့ စိုးရိမ်ပူပန်သောကရောက်နေကြရပါတယ်”ဟု မင်းဘခရိုင်တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ ပေါ်တာဆွဲဖမ်းဆီးမှုများတွင် ဖလံတောရွာမှ ၁၈ ဦး၊ ထန်းတောရွာမှ ၃ ဦး၊ ကျောက်ကုန်းကျေးရွာမှ ၂၀ ဝန်းကျင်နှင့် စုစုပေါင်း ပြည်သူ ၄၀ ခန့် ဒဖြစ်ကြောင်း‌ ဒေသခံများထံမှ စုံစမ်းသိရသည်။

“ယနေ့ ထန်းတောရွာက ၃ ဦးဆိုရင် ထော်လာဂျီနဲ့ စပါးတိုက်ကပြန်အလာ ကားပေါ်က ဆင်းခိုင်းပြီး ထုထောင်းခေါ်ဆောင်သွားတာ။ ကားကို လမ်းဘေးမှာ ထားခဲ့ရပါတယ်”ဟု မင်းဘူးခရိုင် တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ဖလံတောကျေးရွာမှ ပြည်သူ ၁၈ဦးမှာလည်း လယ်အလုပ်မှပြန်လာစဥ် လမ်းခုလပ်၌ စစ်ကောင်စီတပ်များနှင့်တိုး၍ ဖမ်းဆီးခံရခြင်းဖြစ်ပြီး အဖမ်းခံရသူများအား ပြန်ရွေးလိုပါက တစ်ဦးလျှင် ကျပ်သိန်း ၂၀၀ပေးရမည်ဟု ပြောဆိုသွားကြောင်း ဖမ်းခံရသူများ၏ မိသားစုဝင်များ ကိုးကားပြီး ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

စစ်ကောင်စီတပ်၏ ယခုကဲ့သို့ အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးမှုအခြေအနေများကြောင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးသွားခြင်း၊ အပျော်အပါးကိစ္စသွားလာခြင်းများကို ရှောင်ကြဥ်၍ အိမ်ကြက်ချင်းအိုးမဲသုတ်ခွပ်ခိုင်းမည့် လုပ်ရပ်ဖြစ်သည်ကို သတိပြုကြရန် မင်းဘူးခရိုင် တပ်ရင်း(၄)က တိုက်တွန်းသည်။

အလားတူ အာဏာသိမ်းစစ်ကောင်စီနှင့် လုံးဝ(လုံးဝ) မပတ်သတ်ဘဲ ၎င်း၏ ဌာနဆိုင်ရာ အဆောက်အဦးများအနီး နေထိုင်ခြင်း၊ ၎င်းတို့နှင့်ပူးပေါင်းပါဝင်ပတ်သက်ခြင်းများကို ရှောင်ကျဥ်ပေးစေလိုကြောင်းလည်း တပ်ရင်း (၄)က မေတ္တာရပ်ခံထားသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်၍ တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီအားဖြည့်ပေးကြရန် မင်းဘူးခရိုင် တပ်ရင်း(၄)က နှိုးဆော်ထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံအနှံ့အပြားတွင် စစ်မှုထမ်းရန်အတွက် လူငယ်များခေါ်ဆောင်နေပြီး အဓမ္မဖမ်းဆီးခေါ်ဆောင်မှုများလည်း ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြန်မာပြည်ဘက်ပြန်ပို့ခံရစဥ် အဓမ္မစစ်မှုထမ်းရသည့် လူငယ်နှစ်ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း ဒေါနတပ်ရင်း၊ ဗျူဟာ ၃၃ ဗျူဟာမှူးစောဒါးကိုက လူထုနွေဦးသို့ ပြောသည်။

သတင်း

တောင်ငူမြို့၊မင်းကြီးညိုရပ်ကွက်အပိုင် ခ‌ပေါင်းရွာမှ အသက်၂၀ အရွယ်လူငယ်တစ်ဦးကို ညဘက် နေအိမ်ပေါ်တက်၍ စစ်သားသစ်အတွက်ပေါ်တာဆွဲစဉ် လေးဂွဖြင့်အပစ်ခံရသည့်စစ်စစ်ကောင်စီတပ်က အဆိုပါလူငယ်ကို သေနတ်ဖြင့်ပစ်သတ်သွားသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးက ကံကြီးကျေးရွာကိုရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော်(TNLA)ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားရတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့အခြေစိုက် ခြေမြန်တပ်မ (၁၀၁)မှ အင်အား ၁၀၀ကျော်ပါစစ်ကြောင်းသည် မြိုင်မြို့သို့ ဦးတည်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့က ပြောသည်။