Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံထဲ လူကုန်ကူးခံရတဲ့ထိုင်ဝမ်နိုင်ငံသား မီးတောက် ကချေသည် ပြန်လည် လွတ်မြောက်လာ

မီးတောက်မီးလျှံတွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ် အစွမ်းပြရင်း ဖျော်ဖြေလေ့ရှိတဲ့ ထိုင်ဝမ်နိုင်ငံသား မီးတောက် ကချေသည် အမျိုးသား တစ်ဦးဟာ မြန်မာနိုင်ငံကို လူကုန်ကူး ခံခဲ့ရတဲ့နောက် အခုအခါ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

ပြန်လွတ်​​မြောက်လာတဲ့ထိုင်ဝမ် မီး​တောက်က​ချေသည်။ ဓါတ်ပုံ-Focus Taiwan

မီးတောက်မီးလျှံတွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ် အစွမ်းပြရင်း ဖျော်ဖြေလေ့ရှိတဲ့ ထိုင်ဝမ်နိုင်ငံသား မီးတောက် ကချေသည် အမျိုးသား တစ်ဦးဟာ မြန်မာနိုင်ငံကို လူကုန်ကူး ခံခဲ့ရတဲ့နောက် အခုအခါ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဆိုင်ယွမ်ဖန်ဟာ ထိုင်းနဲ့ နယ်စပ်နားက မြန်မာနိုင်ငံ ပိုင်နက်ထဲမှာရှိတဲ့ ကျားဖြန့် ဆိုက်ဘာ လိမ်လည်မှု ဒုစရိုက်ဂိုဏ်းတွေ ဖမ်းဆီးတာ ခံခဲ့ရပေမယ့် ဇန်နဝါရီ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ထိုင်းပိုင်နက်ထဲ ချောချောမောမော ပြန်ရောက်လာကြောင်း ထိုင်းနဲ့ ထိုင်ဝမ် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ အဲဒီနေ့မှာပဲ သူဟာ ဘန်ကောက်ကနေ ထိုင်ဝမ်ရဲ့ တိုယွမ်လေဆိပ်ဆီ လေကြောင်းကနေ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။

ဆိုင်ရဲ့ လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ ထိုင်ဝမ် ကိုယ်စားလှယ်ရုံး၊ ထိုင်ဝမ် ရာဇဝတ်မှု စုံစမ်းရေး ဗျူရို၊ အမျိုးသား လူဝင်မှု ကြီးကြပ်ရေး အေဂျင်စီရဲ့ ထိုင်းနိုင်ငံ ရုံးခွဲ၊ ထိုင်ဝမ် နိုင်ငံတကာ လိမ်လည်မှု တိုက်ဖျက်ရေးအဖွဲ့နဲ့ ထိုင်းကမ္ဘာလှည့် ခရီးသွား ရဲဌာနတို့ ပူးပေါင်း ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။

ဆိုင်ဟာ မြန်မာပိုင်နက်ထဲက ကျားဖြန့်ဂိုဏ်း တစ်ခုရဲ့ လူမှောင်ခိုကူးပြီး ဖမ်းဆီး ထိန်းချုပ်တာ ခံခဲ့ရပြီးတဲ့နောက် သူ့မိသားစုဟာ ပြန်ပေးငွေ တောင်းခံခဲ့ရပါတယ်။ ဆိုင်ရဲ့ လွတ်မြောက်မှုမှာ မိသားစု ပြန်ပေးငွေ ပေးချေခဲ့သလား ဆိုတာကိုတော့ ထိုင်းရဲတပ်ဖွဲ့က တိတိကျကျ မှတ်ချက် မပေးခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဆိုင်ဟာ Facebookကနေ အဆက်အသွယ် ရခဲ့သူ တစ်ဦးဆီကနေ သူ့အကနဲ့ ဖျော်ဖြေပေးဖို့ မက်မောလောက်စရာ ငွေကြေးမျိုးနဲ့ ကမ်းလှမ်းတာ ခံခဲ့ရပါတယ်။ ခရစ္စမတ်ကာလတုန်းက သူဟာ ဘန်ကောက်ကို လေကြောင်းကနေ ဆိုက်ရောက်လာတဲ့နောက် မြန်မာနဲ့ နယ်စပ်နားက မဲဆောက်မြို့ဆီ ခေါ်ဆောင်သွားတာ ခံခဲ့ရပါတယ်။ မဲဆောက်က ဟိုတယ် တစ်ခုမှာ ၃ နာရီသာ နေခဲ့ပြီးတဲ့နောက် လူတစ်ယောက်က သူ့အခန်းတံခါးကို လာခေါက်ပြီး မြစ်ကမ်းဘေးကို ကားနဲ့ ခေါ်သွားခဲ့ပါတယ်။ အဲဒီနောက် လှေစီးပြီး မြစ်ကူးရတဲ့ အချိန်မှာ ဆိုင်က တစ်ခုခု မှားနေပြီဆိုတာ သတိထားမိသွားပေမယ့် နောက်ကျသွားခဲ့ပါတယ်။

သူဟာ ထိုင်းကိုရောက်ပြီး ဒီဇင်ဘာ ၂၅ ရက်နေ့မှာ မိသားစုနဲ့ နောက်ဆုံး အဆက်အသွယ် ရခဲ့ပါတယ်။ သူက ကျားဖြန့်ဂိုဏ်း တစ်ခုဆီမှာ အဖမ်းခံထားရကြောင်းနဲ့ လွတ်မြောက်ဖို့ဆိုရင် ဒေါ်လာ ထောင်သောင်းချီတဲ့ ပြန်ပေးငွေတွေ ပေးရမှာဖြစ်ကြောင်း မိသားစုဆီ အသိပေးခဲ့ပါတယ်။ နောက် ၂ ရက် အကြာမှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်ဝမ် ကိုယ်စားလှယ်ရုံးဆီ ဆိုင်ရဲ့ မိသားစုဆီက အသိပေး တိုင်ကြားမှု ရောက်လာခဲ့ပြီး နောက်ဆက်တွဲ ချိတ်ဆက် ဆောင်ရွက်မှုတွေကြောင့် ဆိုင်ကို ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြန်လွတ်​​မြောက်လာတဲ့ထိုင်ဝမ် မီး​တောက်က​ချေသည်။ ဓါတ်ပုံ-Focus Taiwan

ဆိုင်က သူဟာ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုခုရဲ့ အဖွဲ့ဝင်တွေလို့ ယူဆရသူတွေ ပြည့်နေတဲ့ ထရပ်ကားပေါ် အတင်းအဓမ္မ တင်ပေးတာ ခံခဲ့ရပြီး စက်ရုံလို့ နာမည်တပ်ထားတဲ့ နေရာတစ်ခုကို ရောက်သွားကြောင်း ပြောပြပါတယ်။ အဲဒီမှာ ရှိနေတဲ့ အလုပ်ကြပ်လို့ ယူဆရသူက ဆိုင်ရဲ့ မိသားစုကသာ ဒေါ်လာ ၃၀၀၀၀ လွှဲမပေးရင် ဆိုင်ဟာ ပြန်လွတ်တော့မှာ မဟုတ်ဘူးလို့ အသိပေးခဲ့ပါတယ်။

အဲဒီစက်ရုံမှာ ခိုင်းစေခံနေရတဲ့ အချိန်အတွင်း ဆိုင်ဟာ ကွန်ပျူတာ တစ်လုံးကို အသုံးပြုခွင့် ရခဲ့ပြီး ထိုင်ဝမ်မှာရှိတဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ အဆက်အသွယ် လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို ဆက်သွယ်တာကို မိသွားလို့လည်း ငွေလိမ်ဂိုဏ်းနဲ့ အနီးမှာရှိတဲ့ စစ်စခန်း တစ်ခုမှာ ၉ ရက်ကြာ အပြစ်ပေး ခံခဲ့ရတယ်လို့ ဆိုင်က ဖွင့်ဟခဲ့ပါတယ်။ ဆိုင်က သူ့အတွေ့အကြုံကို သင်ခန်းစာယူပြီး ထိုင်ဝမ်နိုင်ငံသားတွေ အနေနဲ့ မသင်္ကာစရာ အခြေအနေမျိုး မက်လုံးပေးထားတဲ့ အလုပ်အကိုင် ကမ်းလှမ်းမှုတွေကို သတိကြီးကြီး ထားကြဖို့ တိုက်တွန်းသွားပါတယ်။

ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အဆိုအရ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေမှာ အခြေစိုက်တဲ့ ငွေလိမ်ဂိုဏ်း၊ ဒုစရိုက်ဂိုဏ်းတွေမှာ အလုပ်လုပ်နေသူ ထိုင်ဝမ်နိုင်ငံသား ၅၀၀ နီးပါးလောက် ရှိနေတယ်လို့ သိရပါတယ်။

ကိုးကား: Focus Taiwan

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူများ မင်္ဂလာပါ။ ဒီကနေ့ဟာ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ပါတဲ့။ ဒီကနေ့မှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌနေရာကို ရယူထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေဆိုသူက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Facebook