Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မှာ ရွာမီးရှို့ဖျက်ဆီးတဲ့ စစ်​ကောင်စီတပ်ကို PDF ​တွေတိုက်ခိုက်

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊လက်ပံကျင်းရွာကို မီးရှို့ဖျက်ဆီးပြီးဒေသခံတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်တပ်နဲ့ပျူ​စောထီးတွေကို PDF​တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က၇ဦးသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိတယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၇(Zero ပျောက်ကြားအဖွဲ့ )တပ်ရင်းမှူးဗိုလ်သက်ကြီးက​ပြောပါတယ်။

စစ်​ကောင်စီစစ်​ကြောင်းကို တိုက်ခိုက်​ ပြီး မီးငြှိမ်းသတ်နေတဲ့ PDF ​များ။ ဓါတ်ပုံ-Zero ​ပြောက်ကျားတပ်

ရှိန်း/People’s Spring

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊လက်ပံကျင်းရွာကို မီးရှို့ဖျက်ဆီးပြီးဒေသခံတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်တပ်နဲ့ပျူ​စောထီးတွေကို PDF​တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က၇ဦးသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိတယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၇(Zero ပျောက်ကြားအဖွဲ့ )တပ်ရင်းမှူးဗိုလ်သက်ကြီးက​ပြောပါတယ်။

ဇန်နဝါရီလ၁၄ရက်နေ့ မနက်၆နာရီလောက်မှာ ငါန်းဇွန်မြို့ပေါ်ကစစ်တပ် နဲ့ မြို့သာစက်မှုဇုန်အနီးဝန်းကျင်ရွာ​​တွေကပျူစောထီးတွေအားလုံးပေါင်းပြီး အင်အား (၁၇၀) လောက်က လက်ပံကျင်းရွာကို ၆၀ မမအလုံး၂၀လောက်ပစ်ခတ်ပြီး စစ်​ကြောင်းထိုးဝင်လာတယ်လို့သိရပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသား၂ဦးနဲ့ကိုယ်ဝန်သည်တဦးပါ အမျိုးသမီး၂ဦးစုစု​ပေါင်း ၄ဦးသေဆုံးခဲ့ပါတယ်။အဲဒီစစ်ကြောင်းဟာကျေးရွာကိုမီးရှို့ဖျက်ဆီးခဲ့တာ​ကြောင့် အိမ်ခြေ ၆၀၀ ရှိတဲ့အထဲက ၄၀၀ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းဟာ ရွာမြောက်ပိုင်းကိုထွက်လာတဲ့အချိန် တော်လှန်ရေးတပ်တွေက ကင်းပုန်းဝတ်ပြီးအနီးကပ်တိုက်ခိုက်ခဲ့တာလို့ တပ်ရင်းမှူးဗိုလ်သက်ကြီးကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် ၂၅ မိနစ်လောက်ကြာခဲ့ပြီး စစ်တပ်ဘက်က ၇ ဦးခန့်မျက်မြင်သေဆုံးတယ်လို့ဆိုပါတယ် ။ဒါအပြင် ဒဏ်ရာရသူတွေလည်းရှိတယ်လို့သူကဆိုပါတယ်။

“အဲဒီအချိန်ဂျက်ဖိုက်တာဝဲလာတာရယ်၊သူတို့ဘက်ကဒရုန်းတွေပါလာတယ်။ဒရုန်းတွေက ကင်းပုံးနေရာတွေကိုဆက်တိုက်ချလာတာမို့ ခွာစစ်ဆင်ခဲ့ပါတယ်”လို့ဗိုလ်သက်ကြီးကပြောပါတယ်။

အဲဒီတိုက်ပွဲမှာ Zero ပျောက်ကြားတပ်-မြင်းခြံခရိုင်တပ်ရင်း(၇)၊ မြင်းခြံခရိုင်တပ်ရင်း(၆)၊ငါးဇွန်မြို့နယ်ပကဖ၊နယ်မြေခံပကဖတွေပူးပေါင်းတိုက်

ခိုက်ခဲ့ပြီး​တော့ စစ်ကူလမ်း​ကြောင်းဖြတ်​တောက်​ရေးအဖြစ် မန္တလေးခရိုင်တပ်ရင်း-၅က ဆောင်ရွက်ခဲ့တာလို့သိရပါတယ်။

PDF ​တွေဟာ မီး​လောင်​နေတဲ့ အိမ်​တွေကိုလည်း မီးငြှိမ်းသတ်ဖို့ ကြိုးစားခဲ့ကြ​သေးတယ်လို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့