Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုရှိ စစ်ရှောင်စခန်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု စစ်ရှောင်ပြည်သူ သုံးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းအား စစ်ကောင်စီ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ စစ်ရှောင်ပြည်သူသုံးဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။

ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေါဆိုခူရွာမှ ထိခိုက်သေဆုံးသူများကို တွေ့ရစဥ်။ဓာတ်ပုံ - CJ

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းအား စစ်ကောင်စီ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ စစ်ရှောင်ပြည်သူသုံးဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၁၅ရက် နေ့လယ် ၁၂ နာရီခန့်က ဒီးမော့ဆိုအရှေ့ခြမ်းရှိ ဘိုးလျားကျေးရွာနှင့် ဒေါဆိုခူကျေးရွာတို့ကို လေကြောင်းမှ ဗုံးလေးလုံးကြဲ တိုက်ခိုက်ခဲခြင်းဟု ဆိုသည်။

“အခုလို ဗုံးကြဲတိုက်ခိုက်တာဟာ ဒုစစ်ခေါင်းဆောင်စိုးဝင်း လွိုင်ကော်ကို ရောက်တဲ့အချိန်နဲ့တိုက်ဆိုင်နေပါတယ်။အဲဒီတိုက်ခိုက်မှုက ပြည်သူသုံးဦးသေဆုံးခဲ့ရပြီး လေးဦးထိခိုက်ဒဏ်ရာရတယ်”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေါဆိုခူရွာမှ ထိခိုက်သေဆုံးသူများကို တွေ့ရစဥ်။ဓာတ်ပုံ – CJ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်သည့် နေရာမှာ စစ်ဘက်ဆိုင်ရာနှင့်ပတ်သက်၍ လုံးဝမရှိဘဲ ပြည်သူကိုရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းဟု ၎င်းက အသိပေးသည်။

“ပေါင် ၂၀၀ဗုံးတွေကြဲတာ။ဘိုးလျားမှာက ထိခိုက်တာ မရှိဘူး။ထိတာက ဒေါဆိုခူရွာက မိသားစုလိုက်ထိ သွားတာ။မောင်နှမနှစ်ဦးက ဗုံးကြတဲ့နေရာမှာကို ဆုံးသွားတယ်။နောက်တစ်ဦးက ဆေးရုံရောက်မှ ဆုံးတာ”ဟု ကရင်နီစစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

အာဏာသိမ်းဒုစစ်ခေါင်းဆောင်သည် ဇန်နဝါရီ ၁၄ ရက်က လွိုင်ကော်မြို့သို့ရောက်ရှိပြီးနောက် လွိုင်ကော်အခြေစိုက်တပ်ရင်းများက လွိုင်ကော်မြို့၊မိုးဗြဲနှင့် ဒီးမော့ဆိုမြို့အနီးကို လက်နက်ကြီးဖြင့်ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။

ယမန်နှစ် စက်တင်ဘာ ၄ရက်က လွိုင်ကော်မြို့သို့လာရောက်ခဲ့သည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ခရီးစဥ်အပြီးတွင်လည်း မိုးဗြဲမြို့အနောက်ဘက်ရှိ လအိကျေးရွာရှိ ဘန်ကောက်စစ်ရှာင်စခန်းအား လေကြောင်းမှ ဗုံးကြဲခံရပြီး စစ်ရှောင်းအများအပြား သေဆုံးခဲ့ရသည်။

ကရင်နီပြည်နယ်၌ ယခုလအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်း ဗုံးကြဲမှုကြောင့် သေဆုံးသူ ငါးဦးနှင့် (၄)လသားအရွယ်ကလေးငယ်အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ခြောက်ဦးခန့်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။