Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်တွင် စစ်ကောင်စီ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်၍ အမျိုးသားတစ်ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် လေကြောင်း၊လက်နက်ကြီးနှင့် မီးလောင်ဗုံးအသုံးပြုတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့ရှိ နေအိမ်များ ပျက်စီးနေသည်ကို ၂၀၂၄က တွေ့ရစဥ်။ ဓာတ်ပုံ - PS

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၄ရက်က ကော့ကရိတ်မြို့နယ် ကမိုင်ကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ (၂၇) နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် (၅၇)နှစ်အရွယ် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သည့် အသက် (၅၇)နှစ်အရွယ် အမျိုးသားမှာ ဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးခဲ့ဟု အသိပေးသည်။

စစ်ကောင်စီအနေဖြင့် KNU အုပ်ချုပ်နယ်မြေများရှိကျေးရွာများသို့ ဒရုန်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းများလည်း မကြာခဏ ပြုလုပ်လျက်ရှိရာ အရပ်သား သေဆုံးထိခိုက်မှုများ ဆက်တိုက် ဖြစ်ပေါ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

KNU ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) တပ်မဟာ(၃)နယ်မြေတွင်လည်း စစ်ကောင်စီတပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အပြင် ပြည်သူ တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ကမူလိုကျေးရွာနေ အမျိုးသား တစ်ဦးကို စစ်ကောင်စီက ယခုနှစ် ဇန်န၀ါရီ ၇ရက်တွင် ဖမ်းဆီးပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း KNU ဗဟိုက ယနေ့ အသိပေးထားသည်။

ဇန်နဝါရီ ၁၀ရက်ကလည်း KNU သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ်ငှက်ပျောတောရွာအား စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာအမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး နေအိမ်ပျက်စီးမှု ရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် နေအိမ်ရှိ ငွေကျပ် ၆၅ သိန်း နှင့် ရွှေ ၇ပဲ မီးလောင်ပျက်စီးခဲ့ရကြောင်း KNUက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။