Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြိုတွင် (၂)ပတ်အတွင်း ပေါ်တာဆွဲဖမ်းဆီးခံရသူ ၁၂၀ကျော်ရှိ

နေ့ညမရွေးလိုက်ဖမ်းနေဟု မန်းသပိတ်အင်အားစု အသိပေး

မန္တလေးမြို့တနေရာ၌ စစ်ကောင်စီတပ်သားများ ယာဉ်စစ်ဆေးမှုပြုလုပ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ကျော်ဇော/People’s Spring

မန္တလေးမြို့ရှိ မြို့နယ်(၇)မြို့နယ်တွင် ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အထိ (၂)ပတ်အတွင်း စစ်ကောင်စီ၏ အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးခြင်းခံရသူ ၁၂၀ကျော်ရှိကြောင်း မန္တလေးသပိတ်အင်အားစုက ယနေ့(ဇန်နဝါရီ ၁၇ရက်) တွင် အသိပေးထုတ်ပြန်သည်။

မန္တလေးသပိတ်အင်အားစုအနေဖြင့် စစ်ကောင်စီ ၏ ပေါ်တာဆွဲဖမ်းဆီးမှုများကို လေ့လာစောင့်ကြည့်ခဲ့ရာ သတင်းမီဒီယာအချို့၏ ဖော်ပြချက်များအခြေခံ၍ စာရင်းပြုစုထားခြင်းဖြစ်ပြီး မြေပြင်အခြေအနေမှာ ယခုထက်ပိုများနိုင်ကြောင်း ဖော်ပြသည်။

မြို့နယ်အလိုက် ဖမ်းဆီးခံရမှုအခြေအနေများမှာ အောင်မြေသာဇံမှ ၁၉ ဦး၊ ချမ်းအေးသာဇံမှ ၁၅ဦး၊ မဟာအောင်မြေမှ ၁၇ ဦး၊ ချမ်းမြသာစည်မှ ၁၉ဦး၊ ပြည်ကြီးတံခွန်မှ ၁၉ဦး၊ အမရပူရမှ ၁၈ဦးနှင့် ပုသိမ်ကြီးမြို့နယ်မှ ၁၅ဦးဖြင့် စုစုပေါင်း ၁၂၂ဦးထက်မနည်း မတရားဖမ်းဆီးခံခဲ့ရကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် လူ့အခွင့် အရေးအား ဗြောင်ကျကျချိုးဖောက်နေခြင်းဖြစ်ပြီး ၂၀၂၅ ဇန်နဝါရီ ၁ရက်တွင် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှုမရှိသော ဆိုက်ဘာလုံခြုံရေးဥပဒေကို မတရားပြဌာန်းလိုက်ရာ ယင်းဥပဒေကိုအကြောင်းပြ၍ လူငယ်များ​၏ ဖုန်းများ စစ်ဆေးဖမ်းဆီးကာ မတရားစစ်မှုထမ်းခိုင်းနေသည်ကိုလည်း အထင်အရှားတွေ့ရှိရသည်ဟု ဆိုသည်။

စစ်ကောင်စီသည် လူငယ်များအား နေ့ည အချိန်မရွေးဖမ်းဆီးခြင်း၊ ညအချိန်မတော် ဧည့်စာရင်းဥပဒေကိုအကြောင်းပြပြီး ဖမ်းဆီးခြင်း၊ အလုပ်မှပြန်လာသော အခြေခံလူတန်းစားလူငယ်များအား ပစ်မှတ်ထားဖမ်းဆီးခြင်းအပြင် ဆိုက်ဘာဥပဒေကို အကြောင်းပြု၍ ဖုန်းများကိုစစ်ဆေးကာ မတရားဖမ်းဆီးခြင်း၊ ငွေတောင်းခြင်းများကို နေ့စဉ်ဆိုသလို ကျူးလွန်နေသည်ဟု မန္တလေးသပိတ်အင်အားစုက ထောက်ပြသည်။

“(မတရားဖမ်းဆီးခံရသူများ)လူငယ်၊ လူလတ်ပိုင်း အသက်မပြည့်သေးတဲ့သူတချို့ပါ ပါတယ်ရှင့်။ (အသက်မပြည့်သူ)ဘယ်နှစ်ယောက် အတိအကျလဲတော့ မသိရပါဘူးရှင်။ ခန့်မှန်းခြေ ငါးယောက်လောက်တော့ ရှိပါမယ်။ ဒီထက်လည်း ပိုနိုင်ပါတယ်။ အမျိုး သမီးတွေ ဖမ်းခံရတာတွေလည်း ရှိပါတယ်”ဟု မန္တလေးသပိတ်အင်အားစုမှ အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက လူထုနွေဦးသို့ ပြော သည်။

ထိုကြောင့် စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းမှ ရှောင်ရှားနိုင်ရန် မန္တလေးသပိတ်အင် အားစုက လူငယ်လူထုအနေဖြင့် ကြိုတင်ရှောင်ရှားရမည့် အချက်များကို အကြံပြုတိုက်တွန်းထားသည်။

ယင်းအကြံပြုချက်များအနက် ညအချိန်မတော် နေအိမ်ပြင်ပသို့သွားလာခြင်း၊ မလိုအပ်ဘဲခရီးသွားခြင်း၊ ပျော်ပွဲရွှင်ပွဲများသို့ သွား လာခြင်း၊ မိမိပတ်ဝန်းကျင်ရှိ စစ်ကောင်စီယန္တရား၊ လှုပ်ရှားမှုများကို မျက်ခြေမပြတ်လေ့လာအကဲခတ်၍ အန္တရာယ်တစ်စုံတစ်ရာ ကျရောက်လာနိုင်သော အခြေအနေရှိပါက ကြိုတင်ရှောင်ရှားထားကြရန် လိုအပ်သည်ဟု ဖော်ပြသည်။

ထို့အပြင် မိသားစုနှင့် ခြိမ်းခြောက်အကြပ်ကိုင်ခံရခြင်းကဲ့သို့ မလွှဲမရှောင်သာအခြေ အနေများနှင့်ကြုံရပြီး တပ်သားသစ်စု ဆောင်းခံရမည်ဆိုပါက အချိန်ရသည်ဆိုလျှင် လိုအပ်သောပြင်ဆင်မှုများလုပ်ဆောင်ထားရှိရန် မိမိပတ်ဝန်းကျင်နှင့် လက်လှမ်းမီရာတို့တွင် မတရားဖမ်းဆီးခံရမှုများရှိပါက တော်လှန်ရေးအဖွဲ့အစည်းများထံ သတင်း ပေးပို့ရန်လိုအပ်သည်ဟု တိုက်တွန်းသည်။

အလားတူ နေအိမ်ပြင်ပသို့သွားသောအခါ မိလမ်းခရီး၌ စစ်ဆေးမှုများရှိနိုင်သည်ဆိုလျှင် မိမိဖုန်းမှ VPNအပါအဝင် ဖျက်သင့်သည်များကို ကြိုတင်ဖျက်ထားခြင်း၊ ညအချိန်မတော် ဧည့်စာရင်းဝင်စစ်ဆေးပါကလည်း ထိုနည်းအတိုင်း ကြိုတင်လုပ်ဆောင်ထားကြရန် အကြံပြုတိုက်တွန်းသည်။

“စကစကတော့ ရှုံးနိမ့်နေတဲ့စစ်ရေးအပေါ်မှာ ယုတ်မာစရာရှ်ိနေတာတွေကို အစွမ်းကုန်ယုတ်မာဦးမှာပဲ။ ရန်သူက သူ့အလုပ်ကိုသူလုပ်နေတဲ့အချိန် ကျွန်တော်ပြည်သူတွေအနေနဲ့ကလည်း လက်ရှိအခြေနေကို ပေါ့ပေါ့ဆဆ မနေဘဲ ကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်ဖို့၊ အသံနဲ့သတင်းကို နားစွန့်ဖို့၊ မြို့ပေါ်မှာအခုဆ်ိုရင် VPN စစ်ပြီး ဖမ်းစီးတာတွေလည်းလုပ်လာပြီမို့လို့ မိမိရဲ့ဖုန်းတွေကို သေချာရှင်း လင်းပြီးမှ အပြင်ထွက်ကြဖို့၊ ညအချ်ိန်မတော်အပြင်ထွက်တာတွေလည်း ဆင်ခြင်ကြဖို့ မေတ္တာရပ်ခံတိုက်တွန်းချင်ပါတယ်ရှင်”ဟု မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် အမျိုးသ မီးတစ်ဦးက ပြောသည်။

ယခုအခါ စစ်ကောင်စီသည် နိုင်ငံရေးထွက် ပေါက်အဖြစ် ဟန်ပြရွေးကောက်ပွဲပြုလုပ်ပြီး ထွက်လမ်းရှာဖွေလျှက်ရှိရာတွင်လည်း ဒီမိုကရေစီစံနှုန်းများနှင့်မကိုက်ညီသော မတရားဥပဒေများကို ပြဌာန်း၍ လူ့အခွင့်အရေးကို အကြိမ်ကြိမ်ဗြောင်ကျကျချိုးဖောက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် လူထုသဘော ထားဆန္ဒအား ထင်ဟပ်စေမည့် မည်သည့်နည်းလမ်းနှင့်မဆို ဆန့်ကျင်တွန်းလှန်သွားကြရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကော့သောင်းမြို့နယ်မှာ စစ်တပ်က စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ် ၂ဦးနဲ့ စစ်မှုထမ်းတပ်သား ၁ဦးကို ကယ်တင်ထားတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သရော်စာ

ဒီအမှုကို ကျုပ် မပေါ်၊ ပေါ်အောင် လိုက်မယ်။ ဒါ…ပေါ့လို့မရဘူး။ကျုပ်တို့ချစ်တဲ့ တပ်မတော်ရဲ့ဂုဏ်၊ သိက္ခာ၊ သမာဓိကို ချေးလူးထားတဲ့တုတ်နဲ့ဝိုင်းထိုးနေကြတာပဲ။ ဒီတော့ ကျုပ်ထပ်ပြောမယ်။ ဒီအမှုကို ကျုပ် မပေါ်၊ ပေါ် အောင်လိုက်မယ်။ အရိုးကြေကြေ၊ အရည်ခမ်းခမ်း ဂိတ်ဖျားကနေ ဂိတ်ဆုံးအထိ လိုက်ရမှာပဲ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook