Connect with us

Hi, what are you looking for?

သတင်း

မြောက်ဥက္ကလာပတွင် ပြည်သူပိုင်မြေများကို ‌ဗိုလ်မှုးတစ်ဦးက ရောင်းစားနေဟု ‌ပကဖ ပြော

မြောက်ဥက္ကလာပမြို့နယ်၌ စစ်ကောင်စီဗိုလ်မှုးတစ်ဦးက အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်းကာ ပြည်သူပိုင်မြေများကို ရောင်းချနေမှုအပေါ် ကန့်ကွက်ကြောင်း နှင့် ပြည်သူများဝယ်ယူခြင်းမပြုရန် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံကလူထုနွေဦးသို့ပြောသည်။

သတိုး / People’s Springp

မြောက်ဥက္ကလာပမြို့နယ်၌ စစ်ကောင်စီဗိုလ်မှုးတစ်ဦးက အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်းကာ ပြည်သူပိုင်မြေများကို ရောင်းချနေမှုအပေါ် ကန့်ကွက်ကြောင်း နှင့် ပြည်သူများဝယ်ယူခြင်းမပြုရန် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံကလူထုနွေဦးသို့ပြောသည်။

“မြောက်ဥက္ကလာမှာ ဗိုလ်မှူးထွန်းထွန်းဝင်းဆိုတဲ့လူက မြောက်ဥက္ကလာက ရာအိမ်မှူး၊ ဆယ်အိမ်မှူး အုပ်ကြီးတွေနဲ့ ပေါင်းပြီး ပြည်သူလူထုရဲ့ မီးတားမြေတွေ ပြည်သူလူထုရဲ့အိုးအိမ် ချောင်းနားစပ်ကမြေတွေကို တစ်ကွက်ကို သိန်းတစ်ရာနဲ့ ရောင်းစားနေတာ” ဟု ၎င်းကပြောသည်။

မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဇန်နဝါရီ ၁၆ ရက်စွဲဖြင့် နိုင်ငံပိုင်မြေများကို တရားမဝင်ရောင်းချခြင်းသည် တရားဝင်မှုမရှိသောကြောင့် ဝယ်ယူခြင်းမပြုရန် နှင့် ဝယ်ယူထားပါက ပြန်လည်သိမ်းဆည်းခံရမည်ဟု အသိပေးချက်ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“ဝယ်တဲ့သူကတော့ သူတို့စကစနဲ့ပတ်သက်သူတွေပဲ ဝယ်မှာပေါ့။ ကျွန်တော်တို့ပြည်သူတွေ မှားပြီးဝယ်မိမှာစိုးလို့ တစ်ခါတည်းပြောလိုက်တာ။ ဘယ်သူပဲဝယ်ဝယ်နောက်အစိုးရတတ်လာရင် အကုန်ပြန်သိမ်းမှာပဲ။ ဒီနေရာကပြည်သူမြေဖြစ်တဲ့အတွက် ကစားကွင်းတွေ ဆောက်မယ်။ မနက်ပိုင်းလေ့ကျင့်ခန်းလုပ်လို့ရတဲ့နေရာတွေဆောက်မယ်။ ဒါတွေက အခုချိန်မှာ လုံးဝရောင်းပိုင်ခွင့်မရှိဘူး” ဟု အထက်ပါတာဝန်ခံကပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ အဖွဲ့အစည်းများအနေဖြင့် ပြည်သူပိုင်မြေ ၊ အဆောက်အဦးများကို စီမံခန့်ခွဲခွင့် နှင့် ရောင်းချခွင့်မရှိကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

“ပြည်သူပိုင်မြေကွက်ရောင်းချမှုတွင်ပါဝင်ပတ်သက်နေသည့်(ဌ)ရပ်ကွက်အုပ်ကြီး အောင်မြင့်ကျော်နှင့် မျိူးညွန့်အပေါင်းအပါအားလုံးကြီးလေးသောပြစ်ဒဏ်များခံစားရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်”ဟု ယင်းကိစ္စ နှင့်ပတ်သက်၍ဇန်နဝါရီ ၁၅ ရက်တွင် မြောက်ဥက္ကလာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နာမည်အတိအကျနှင့် ထုတ်ပြန်သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။

Facebook