Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်း၌ စစ်ကောင်စီတပ်အားတိုက်ခိုက်ရာ ဗိုလ်အပါအဝင် ငါးဦးထက်မနည်းသေဆုံးဟု ချောင်းဦးPDF ပြော

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပိုင်း၌ စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ ဗိုလ်တစ်ဦးအပါအဝင် ငါးဦးထက်မနည်းသေဆုံးကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)မှ တာဝန်ရှိသူက ပြောသည်။

မုံရွာ - မန္တလေးလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သည့် PDF ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - PDF-South Monywa

ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပိုင်း၌ စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ ဗိုလ်တစ်ဦးအပါအဝင် ငါးဦးထက်မနည်းသေဆုံးကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)မှ တာဝန်ရှိသူက ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၈ရက်) နံနက် ၉ နာရီကျော်က မုံရွာ- မန္တလေးလမ်းပိုင်းရှိ ပြည်သူပိုင်အဆောက်အဦး အတွင်းသို့ စစ်ကောင်စီတပ်သားအချို့ ကနဦး ကင်းပုန်းဝပ်ခဲ့ပြီးနောက် ချောင်းဦးမြို့တွင်းမှ အင်အားအချို့ပါသည့် Faw ကားဖြင့် အဆိုပါအဆောက်အဦးရှေ့ နှင့် အတွင်းသို့ ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။

ထိုအချိန်တွင် အဆောက်အဦးဝင်ပေါက်နှင့် အဆောက်အဦးအား ပဒေသာမိုင်းပွိုင့် လေးလုံးအသုံးပြု တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားထိခိုက်သေဆုံးမှုရှိပြီး စစ်ကောင်စီတပ် ရုပ်အလောင်းသုံးလောင်းမှာလည်း အဆောက်အဦးရှေ့တွင်ရှိနေသေးကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာပြင်းထန်သူ စစ်ကောင်စီတပ်သား ၁၀ဦးခန့်မှာ ချောင်းဦးဆေးရုံသို့ ရောက်ရှိသွားပြီး ဒဏ်ရာရ သူများတွင် ၂ပွင့် ဗိုလ်တစ်ဦးပါရှိသည်ဟု သိရသည်။

“ဆေးရုံရောက် ၁၀ အနက် လက်ပြတ် ၂ကောင်၊ခြေပြတ် တစ်ကောင်၊ပေါင်ပြတ် တစ်ကောင်၊ခေါင်းထိ ၁ကောင်၊ ၂ပွင့် ဗိုလ် ဗိုက်သုံးချက်မှန်၊ သုံးကောင် ကိစ္စချော ၊တစ်ကောင် ဘာဖြစ်လည်းစုံစမ်းဆဲ။၂ပွင့် လေးကြွေသွားရှာပြီ။ခြေပြတ် ၂ကောင် အခြေအနေမကောင်း”ဟု ချောင်းဦး PDF တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှု့အပြီးတွင် အလောင်းနှင့် ဒဏ်ရာရသူများ သယ်ဆောင်ရန် လုံခြုံရေးယူ ထွက်လာသော စစ်ကောင်စီတပ်သားအချို့ကို ထပ်မံခြုံခိုတိုက်ခိုက်ရာတွင်လည်း စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း ချောင်းဦး PDFက ဖော်ပြသည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုနိင်ခြင်း မရှိပေ။

တိုက်ခိုက်မှုဖြစ်စဥ်များကြောင့် သေဆုံး ဒဏ်ရာရမှု့များပြား၍ ရန်သူ့ဘက်မှ တစုံံတရာ တုံ့ပြန်နိုင်ခြေရှိသောကြောင့် မုံရွာ-မန္တလေးမကြီး အသုံးပြုကြမည့် ပြည်သူများ သတိထားဆင်ခြင်ရန် ချောင်းဦး PDF က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ မဲကနယ်-ဖလူး တောလမ်းပိုင်းမှာ မနေ့( ဖေဖော်ဝါရီ ၂၄ ရက်)နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင်အချို့ သေဆုံးမှု ရှိတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ၊ မြဝတီ-ဝေါ်လေ လမ်းပိုင်းက အင်ကြင်းမြိုင်နဲ့ မင်းလက်ပံကျေးရွာကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်ကနေ ပါဝင်ကူညီတိုက်ခိုက်ပေးတဲ့ BGF/KNA က တပ်ဖွဲ့ဝင် သုံး ဦးထက်မနည်း တိုက်ပွဲကျသွားတယ်လို့ BGF/KNA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ကျောက်ကုန်း ရွာကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာပြီး ဒေသခံပြည်သူ ၁၁ ဦးခန့်ကို ဖမ်းဆီးထားတယ်လို့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်သားလေးဦးသေပြီး လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ ချောင်းဦး PDFပြော