Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်တွင် စစ်ကောင်စီတပ်က လေထီးဖြင့်ဗုံးကြဲ၍ ပြည်သူသုံးဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနှစ်စီးဖြင့် လာရောက်ဗုံးကြဲရာ ပြည်သူသုံးဦး သေဆုံးခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ် ကြဲချတိုက်ခိုက်ခဲ့သည့်ဗုံးသီးအပိုင်းအစအချို့ကို တွေ့ရစဥ်(ဓာတ်ပုံ - ttainfo)

ကျော်ဇော/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနှစ်စီးဖြင့် လာရောက်ဗုံးကြဲရာ ပြည်သူသုံးဦး သေဆုံးခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၈ ရက်)နံနက် ၉ နာရီ ၄၅မိနစ်ခန့်က တောင်သာမြို့နယ်၊ ပန်းပေါင်းကျေး ရွာအုပ်စု၊ ညောင်ကုန်းကျေးရွာရှိ ပြည်သူ့နေအိမ်များပေါ်သို့ စစ်ကောင်စီတပ်မှ စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး ဗုံးထိမှန်သေဆုံးခဲ့ခြင်းဟု ၎င်းတပ်ဖွဲ့များက ပြောသည်။

“အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၇၀ကျော်အရွယ် အမျိုးသမီးတစ်ဦးလို့ သိရတယ်ဗျာ။ လေထီးစက်တပ်ယာဥ်နဲ့ ဗုံးကြဲတာ”ဟု ဒေသအခြေစိုက် PDF တပ်ရင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ညောင်ကုန်းရွာဘုန်းကြီးကျောင်းအနီး ရွာလမ်းမနှင့် ပြည်သူနေ အိမ်အချို့ပေါ် ဗုံးသီးများကြဲချခဲ့ခြင်းဖြစ်ပြီး ဗုံးထိမှန်၍ (၇၈)နှစ်အရွယ် ဒေါ်ခင်သန်း၊ (၅၇)နှစ်အရွယ် ဒေါ်ခင်ညွှတ်တို့နေရာတင်သေဆုံးခဲ့သည့်အပြင် ပြင်းထန်ဒဏ်ရာရခဲ့သော ဦးအောင်မြင့်ဆိုသူမှာ ယနေ့ နေ့လယ် ၂ နာရီခွဲခန့်၌ ဆုံး ပါးသွားကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ညောင်ကုန်းကျေးရွာအတွင်းရှိ ပြည်သူများ၏ အိမ်မွေးတိရိစ္ဆာအချို့လည်း ဗုံးထိမှန်သေဆုံးခဲ့ရာ နွားသုံးကောင်၊ ဝက်တစ်ကောင်းနှင့် သိုးတစ်ကောင် ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။

ဇန်နဝါရီ ၁၄ ရက် ည ၁၁ နာရီခန့်ကလည်း တောင်သာမြို့နယ်၊ ရုံးစဥ်လေးကျေးရွာပေါ်သို့ လူလိုက်ပါသည့် စက်တပ်လေထီး ၃စီးဖြင့် စစ်ကောင်စီတပ်က ဗုံးသီး(၈)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းအုတ်တံ တိုင်းကျိုးပဲ့ပျက်စီး၍ နွားတစ်ကောင် ထိခိုက်ဒဏ်ရာရခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။