Connect with us

Hi, what are you looking for?

သတင်း

ခါမ်းပါတ်ကို စစ်ကောင်စီ လေကြောင်းထပ်မံတိုက်ခိုက်ပြန်

စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့ဝန်းကျင်ကို ယနေ့ ဇန်နဝါရီ ၂၀ရက် ညနေတွင် စစ်ကောင်စီက လေကြောင်းမှကင်းထောက်ပြီး‌နောက် ညပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်။

စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့ဝန်းကျင်ကို ယနေ့ ဇန်နဝါရီ ၂၀ရက် ညနေတွင် စစ်ကောင်စီက လေကြောင်းမှကင်းထောက်ပြီး‌နောက် ညပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်။

အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခါမ်းပါတ်မြို့ဝန်းကျင်ကို ယနေ့ ဇန်နဝါရီ ၂၀ ရက် ညနေတွင် စစ်ကောင်စီက လေကြောင်းမှကင်းထောက်ပြီး‌နောက် ညပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်။

“ည‌နေက ကင်းထောက်ကတည်းက စိုးရိမ်နေတာပါ။ ထင်တဲ့အတိုင်းပဲ ဗုံးလာကြဲပြန်တယ်။ အရပ်သားတွေကို သတ်နေတဲ့ ဘုရားစူးစစ်တပ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ခမ်းပါတ်မြို့ တနေရာကို ညနေ ၆ နာရီကျော်ခန့် တွင် ပထမအကြိမ်ဗုံးကြဲတိုက်ခိုက်ပြီး မိနစ် အနည်းငယ်အကြာတွင် ဗုံးတစ်လုံးထပ်ကြဲသည်ဟု ဗုံးခိုကျင်းအတွင်းပုန်းအောင်းနေသည့်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုကိုမသိရသေးပေ။

ဇန်နဝါရီ ၁၆ရက် ညကလည်း ခမ်းပါတ်မြို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ (၃)နှစ်အရွယ်ကလေးငယ်တစ်ဦးပါဝင် အရပ်သားနှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်။

ခမ်းပါတ်မြို့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်များက တိုက်ခိုက် သိမ်းယူခဲ့ပြီး NUGက ထိန်းချုပ်ထားသည့်မြို့ဖြစ်သည်။

စစ်ကောင်စီသည် ကလေးမြို့တွင်လည်း လေကြောင်းမှ ကင်းထောက်သွား၍ ဒေသခံများစိုးရိမ်နေကြသည်။

ကလေးနှင့် တမူးမြို့နယ်ကြားရှိ စော်ဘွားရေရှင်ကျေးရွာအနီးကို စစ်ကောင်စီက ဇန်နဝါရီ ၁၈ရက် နံနက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ နှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ လေကြောင်းပျံသန်းမှုသတိပေးချက်များကို ဖြန့်ဝေသတိပေးကြရန် ပြည်သူများအချင်းချင်း သတိပေးနေကြသည်။

(ဇန်နဝါရီ ၁၈ရက်က ခါမ်းပါတ်မြို့အား စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲပြီးနောက် အပျက်အစီးများ။ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။