Connect with us

Hi, what are you looking for?

သတင်း

အမ်း – ပဒါန်းလမ်းပိုင်းတွင် စခန်းစွန့်ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းပိုင်းတွင် စခန်းစွန့်ခွာထွက်ပြေးလာသည့် တပ်မ(၉၉) လက်အောက်ခံ စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ရရှိကြောင်း အရှိုချင်းကာကွယ်ရေးတပ်က ယနေ့(ဇန်နဝါရီ ၂၀ရက်) ထုတ်ပြန်သည်။

အမ်း-ပဒါန်းလမ်းပိုင်းတိုက်ပွဲတွင် စစ်ကောင်စီ ထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများကို တွေ့ရစဥ်။ ဓာတ်ပုံ - ACDF

ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းပိုင်းတွင် စခန်းစွန့်ခွာထွက်ပြေးလာသည့် တပ်မ(၉၉) လက်အောက်ခံ စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ရရှိကြောင်း အရှိုချင်းကာကွယ်ရေးတပ်က ယနေ့(ဇန်နဝါရီ ၂၀ရက်) ထုတ်ပြန်သည်။

အမ်း – ပဒါန်းလမ်းပိုင်း တနေရာတွင် စခန်းစွန့်ခွာ ထွက်ပြေးလာသည့် တပ်မ (၉၉)မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးနှင့် အရှိုချင်းကာကွယ်ရေးတပ် (ACDF)မှတပ်စိတ် (၂)စိတ်တို့ ယမန်နေ့ (ဇန်နဝါရီ ၁၉ရက်) ညနေပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲမှာ ညနေ ၄ နာရီမှ ၅ နာရီ ၁၅မိနစ်အထိ တစ်နာရီကျော်ကြာသည့်အထိ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးကြောင်းအသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အတူ MA 1 သေနတ် သုံးလက်၊ ကျည်နှင့် ကျည်အိမ်များ သိမ်းဆည်ရမိကာ ACDF ရဲဘော်များမှထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“ရခိုင်ရိုးမအစပ်က ကာကင်းစခန်းတပ်အလိုက် ဆုတ်လာတာ။လင်းတဲ တို့ စွန်တက်ရွာတွေဘက်က စခန်းက စကစ စစ်သားတွေ”ဟု မကွေး တိုင်းစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ဆုံးရှုံးပြီးနောက် ၎င်းနှင့်အနီးစပ်ဆုံးဒေသဖြစ်သော မကွေးတိုင်းကို စစ်မီးမကူးရန် ပဒါန်းမြို့ကို စစ်ကောင်စီက အားဖြည့်နေသည်။

ပဒါန်းမြို့တွင် စစ်ကောင်စီ၏ အမှတ်(၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၁၄) အမြောက်တပ် (၉၀၅)၊(၃၇၅)နှင့် (၄၀၉)တို့ အခြေပြုထားသည်။

အမ်း – ပဒါန်းလမ်းသည် ရခိုင်ပြည်နယ် အမ်းမြို့နှင့် မကွေးတိုင်း ငဖဲနှင့် မင်းဘူးမြို့နယ်တို့ကို ဆက်သွယ်ထားသည်။

အမ်းမြို့ကို အာရက္ခတပ်တော်(AA)က မသိမ်းပိုက်မီ လက်နက်ခဲယမ်း၊ ရိက္ခာနှင့်လူအင်အား ပို့ဆောင်ရာတွင် စစ်ကောင်စီက ထောက်ပို့လမ်းအဖြစ် အသုံးပြုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ဆိုင်ထားတဲ့နေရာတွေကနေ စစ်ကောင်စီတပ်သား ၄ဦး အလင်း၀င်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။