Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင် အမျိုးသမီးအဆောင်တွေမှာ ဝမ်းရောဂါတွေဖြစ်ပွားခဲ့ပြီး ဆေးဝါးပြတ်လပ်နေဟုဆို

မန္တလေးမြို့၊ အိုးဘိုထောင်အတွင်းက အမျိုးသမီးအဆောင်တွေမှာ ယခုလအတွင်း ဝမ်းရောဂါတွေဖြစ်ပွားခဲ့ပြီး ဆေးဝါးပြတ်လပ်တာတွေ ဖြစ်ပွားနေတယ်လို့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။

မေ/People’s Spring

မန္တလေးမြို့၊ အိုးဘိုထောင်အတွင်းက အမျိုးသမီးအဆောင်တွေမှာ ယခုလအတွင်း ဝမ်းရောဂါတွေဖြစ်ပွားခဲ့ပြီး ဆေးဝါးပြတ်လပ်တာတွေ ဖြစ်ပွားနေတယ်လို့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းကတည်းက ဝမ်းရောဂါတွေဖြစ်ပွားခဲ့ရာကနေ ဆေးဝါးကုသမှုမပေးတာ၊ သောက်သုံးရေမသန့်တာနဲ့ အိပ်ခန်းတွေမှာ လူဦးရေအဆမတန်များတာတွေကြောင့် ဇန်နဝါရီလမှာ ကူးစက်မှုတွေအလွန်များခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသူတဦးရဲ့မိခင်ကပြောပါတယ်။

“ဆေးကလည်း ဆလိုင်းချိတ်ဖို့ကစပြီး အပြင်ကပို့ပေးရတယ်။ သောက်ရေကလည်း လုံးဝမသန့်ဘူးလို့သိရတယ်။ ရေသန့်ကဒ်စျေးတွေလည်းနှစ်ဆလောက်တင်ထားတယ်လို့ပြောတယ်။ အရင်က လူ၁၅၀လောက်ပဲ ဆန့်တဲ့အခန်းကို ၂၀၀လောက်စုပြုံထည့်လိုက်တော့ ကူးစက်မှုက တအားမြန်သွားတယ်”လို့ နိုင်ကျဥ်းအမျိုးသမီးတဦးရဲ့မိခင်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

တတ်နိုင်တဲ့ နိုင်ကျဥ်းမိသားစုတွေက ဆေးဝါးပို့ဆောင်တာတွေပြုလုပ်ပေးနေပြီး ယခုတပတ်မှာတော့ ရောဂါထိန်းထားနိုင်တဲ့အခြေအနေရှိပြီလို့ဆိုပါတယ်။

မန္တလေးမြို့မှာ အောက်တိုဘာလကစပြီး ဒီဇင်ဘာလအထိ ပြင်းထန်ဝမ်းရောဂါကြောင့် နေ့စဥ်လူ ၂ဦးကနေ ၅ဦးအထိ သေဆုံးမှုဖြစ်ခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

အိုးဘိုအကျဥ်းထောင်မှာတော့ ဒီရောဂါနဲ့​သေဆုံးသူရှိ၊ မရှိကို အသေးစိတ်အတည်မပြုနိုင်ပေမယ့် ဆလိုင်းချိတ်ဖို့ လိုအပ်လို့ အလုံး၂၀အထိ အပြင်ကပို့ဆောင်ပေးရတဲ့ လူနာတွေတော့ရှိတယ်လို့ ကူညီပေးနေသူတွေဆီကသိရပါတယ်။

“အဓိက,ကတော့ သောက်ရေသန့်စေချင်တယ်ပေါ့လေ။ နောက်ပြီးအကျဥ်းထောင်ကဆရာဝန်တွေအနေနဲ့ လုံလောက်တဲ့ဆေးဝါးကုသမှုပေးစေချင်ပါတယ်။ အပြင်မှာရှိနေသူတွေလည်း ကြာလာတာတဲ့ နိုင်ကျဥ်းတွေကို မေ့မနေစေချင်ပါဘူး။ အထဲမှာအားလုံးက အခက်အခဲပေါင်းစုံနဲ့ အံတုရင်ဆိုင်နေကြပါတယ်”လို့ နိုင်ကျဥ်းအမျိုးသမီးရဲ့မိခင်က ပြောပါတယ်။

ယခုလအတွင်း ထောင်အပြောင်းအရွှေ့တွေ အိုးဘိုထောင်ကိုလည်း အများကြီးရောက်လာပြီးနေရာအကျပ်အတည်းတွေလည်းရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဝမ်း​ရောဂါနဲ့​သေဆုံးသူဆက်တိုး​နေ​ပေမယ့် စစ်တပ်က သတင်း​တွေကိုထိမ်ချန်ထုတ်ပြန်​နေပါတယ် ။

သတင်း

မန္တလေးမြို့က အိုးဘိုအကျဉ်းထောင် အမျိုးသမီးဆောင်မှာ ထမင်းသိုးတွေကြွေးတာကြောင့် ဩဂုတ်၂၀ ရက်က ယာယီဆောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ အစာငတ်ခံဆန္ဒပြမှုဖြစ်ခဲ့တယ်လို့ နိုင်ကျဉ်းမိသားစုဝင် တွေကပြောပါတယ်။

သတင်း

ဝမ်းရောဂါဖြင့် သေဆုံးသူတစ်ဦးထပ်တိုးလာပြီး မိသားစုဝင်တွေကို နာရေးပြုလုပ်ခွင့်ပိတ်ထားတယ်လို့ သေဆုံးသူမိသားစုဝင်တစ်ဦးကပြောပါတယ်။

Facebook