Connect with us

Hi, what are you looking for?

သတင်း

စစ်ဘေးရှောင်စခန်းအားပစ်ခတ်သည့် မပေါက်ကွဲသေးသော ၁၂၀မမ စိန်ပြောင်းဗုံးသီးများအား အင်းလေးတပ် ရှင်းလင်း

ညောင်ရွှေမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအား စစ်ကောင်စီတပ်ပစ်ခတ်သည့် မပေါက်ကွဲသေးသော ၁၂၀ မမ စိန်ပြောင်းဗုံးသီးများအား ရှင်းလင်းခဲ့ကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)တာဝန်ရှိသူ ကိုအင်းသွေးနီက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်ပစ်သည့် မပေါက်ကွဲဘဲ ကျန်နေသည့် စိန်ပြောင်းဗုံးသီးများကို ရှင်းလင်းနေစဥ်(ဓာတ်ပုံ − IPDF)

ရဲခေါင်း/People’s Spring

ညောင်ရွှေမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအား စစ်ကောင်စီတပ်ပစ်ခတ်သည့် မပေါက်ကွဲသေးသော ၁၂၀ မမ စိန်ပြောင်းဗုံးသီးများအား ရှင်းလင်းခဲ့ကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)တာဝန်ရှိသူ ကိုအင်းသွေးနီက လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၁၇ ရက်က ရှမ်းပြည်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်၊ ဘုရားတောင်လွယ်နွဲ့ရှိ စစ်ရှောင်စခန်းအား စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNA)တို့က လက်နက်ကြီးများအသုံးပြု၍ ပစ်ခတ်ခဲ့သည်။

ထို့ကြောင့် ရေပူကျေးရွာမှ စစ်ရှောင် ၁၄ဦး ထိခိုက်ဒဏ်ရာရကာ (၆)နှစ်အရွယ် မိန်းကလေးတစ်ဦး ၊ အသက်(၅၀)ကျော်အရွယ်ရှိ ဦးစိုင်းနှင့် ‌(၂၆)နှစ်ဝန်းကျင်ရှိ မောင်သိန်းအောင်တို့ လက်နက်ကြီးစ ထိမှန်ကာ သေဆုံးခဲ့ရသည်။

Public Service Announcement

Public Service Announcement

“၁၇ ရက်နေ့က ဘုရားတောင်နဲ့ ရေပူရွာဘက်ကို လက်နက်ကြီးနဲ့ပစ်တယ်။အလုံးရေကို အတိအကျမသိရဘူး။ပစ်တာတော့ အများကြီးပဲ။သုံးကြိမ်ခွဲ ပစ်တာ။မကွဲဘဲ ကျန်သေးတဲ့ဗုံးသီးက ဘုရားတောင်နဲ့ရေပူ ကြားမှာ သုံးလုံးလောက်တူးဖော်တွေ့ရှိခဲ့တယ်”ဟု ကိုအင်းသွေးနီက ပြောသည်။

ယခင်ကလည်း မပေါက်ကွဲဘဲ ကျန်နေသည့် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်များကို ရှစ်ကြိမ်ထက်မနည်း ရှင်းလင်းနိုင်ခဲ့ကြောင်းလည်း ၎င်းက အသိပေးသည်။

“ရှင်းလင်းတာတော့ ပြည်သူတွေ တောင်သူတွေ သူတို့ရဲ့အသက်အန္တရာယ်ကို အဓိကထားပြီးကာကွယ်ဖို့ လုပ်တာ။အခက်အခဲတော့အများကြီးရှိတယ်။ဒါပေမယ့် နဂိုကတည်းက ပြည်သူအတွက် အသက်ပေးဖို့ ကတိပြုပြီးသားပဲလေ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

၂၀၂၄ တစ်နှစ်တာအတွင်း အာဏာသိမ်းစစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် ရှမ်းပြည်တောင်ပိုင်း၌ သေဆုံးသည့် အရပ်သားပြည်သူ ၁၃၀ ဦးခန့်တွင် ၆၀ ရာခိုင်နှုန်းသည် လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့်ဟု ပအိုဝ်းလူငယ်အစည်းအရုံးက မကြာသေးမီရက်ပိုင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်က စစ်ဘေးရှောင် စခန်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ သက်ကြီးရွယ်အို ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ Sihhmui စစ်ဘေးရှောင်စခန်းကို ဒီနေ့ မေလ ၂၉ရက်မှာ သွားရောက်လည်ပတ်ခဲ့ပါတယ်။

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် ၊ဘုရားတောင်‌ နှင့် ရေပူကျေးရွာတို့ကို စစ်ကောင်စီတပ်နှင့် PNO/PNA ပြည်သူ့စစ် အင်အား တစ်ထောင်ခန့်ဖြင့် စစ်ကြောင်းထိုးလာ၍ ကာကွယ်ရေးတပ်များ ဆုတ်ခွာပေးလိုက်ရသည်။

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်တိုက်ပွဲ၌ စစ်အုပ်စုဘက်မှ လေးဦးအရှင်ဖမ်းမိပြီး သေနတ်နှင့်ကျည်များသိမ်းဆည်းရမိကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF တာဝန်ရှိသူ ကိုအင်းသွေနီ က လူထုနွေဦးသို့ပြောသည်။