Connect with us

Hi, what are you looking for?

သတင်း

မုံရွာ − အရာတော်လမ်းပိုင်း၌ စစ်ကောင်စီတပ်က ပြည်သူများ၏နေအိမ်မှ တန်ဖိုးကြီးပစ္စည်းများ ဖောက်ထွင်းခိုးယူနေ

မသယ်နိုင်သည့်ပစ္စည်းများ ဖျက်ဆီးသွားဟုဆို

ပြည်သူပိုင်ပစ္စည်းများ ဖောက်ထွင်းခိုးယူခံရပြီးတွေ့မြင်ရသည့် ဓာတ်ပုံမှတ်တမ်းအချို့(ဓာတ်ပုံ - မုံရွာ ပလဖ)

ကျော်ဇော/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ − အရာတော်လမ်းပိုင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်သားများက ဒေသခံပြည်သူများ၏ ရွှေ၊ ငွေနှင့် တန်ဖိုးကြီးပစ္စည်းများ ဖောက်ထွင်းခိုးယူမှုများ လုပ်ဆောင်ခဲ့သည့်အပြင် သယ်ယူနိုင်ခြင်းမရှိသည့် ပစ္စည်းများအား ဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)မှ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၅ရက်မှ ၁၈ရက်‌အထိ မုံရွာ − အရာတော်လမ်းအတိုင်းထွက်လာသော စစ်ကောင်စီတပ်ယာဥ်တန်းကို တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်ခံရမှုအပြီး စစ်ကောင်စီတပ်သားများက လမ်းပိုင်းရှိကျေးရွာများမှ ပြည်သူများ၏ နေအိမ်များကို ဖောက်ထွင်းခိုးယူခဲ့ခြင်းဟု ၎င်းက ပြောသည်။

“အသေးစိတ် အချက်လက်ကို လုံခြုံရေးအရဖော်ပြလို့မရပါ”ဟု စစ်ကောင်စီတပ်သားများ နေအိမ်ဖောက်ထွင်းခိုးယူမှုလုပ်ဆောင်ခဲ့သော ကျေးရွာများနှင့်စပ်လျဥ်းပြီး မုံရွာမြို့နယ် ပလဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဖောက်ထွင်းခိုးယူခံရသော ပြည်သူပိုင်ပစ္စည်းများအနက် နေအိမ်တစ်အိမ်တည်းမှ ရွှေ ၅၀ ကျပ်သား၊ ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်းများအပြင် သယ်ယူနိုင်ခြင်းမရှိသော ပစ္စည်းများကို ဖျက်ဆီးထားခဲ့ရာ ကာလတန်ဖိုး ကျပ်သိန်း ၈,၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၎င်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားများ ဖောက်ထွင်းခိုးယူသည်ဖြစ်စဥ်မှ ပြည်သူများဆုံးရှုံးခဲ့သည့် တန်ဖိုးကိုမူ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သားများသည် ပြည်သူပိုင်ပစ္စည်းများ ယူဆောင်ရာတွင် ကလေးဖိနပ်မှစ၍ စက်ဘီး၊ အမျိုးသမီးများ၏ အဝတ်အထည်များပါမကျန် တွေ့သမျှပစ္စည်းသိမ်းကြုံးယူဆောင်လျှက်ရှိရာ ပြည်သူများအနေဖြင့် ယခုကာလတွင် မိမိတို့၏ တန်ဖိုးရှိပစ္စည်းများကို ထုပ်ပိုးပြင်ဆင်ထားရှိကာ မိမိနှင့်တပါတည်းယူဆောင်သွားနိုင်ရေး လုပ်ဆောင်ထားကြရန် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က တိုက်တွန်းထားသည်။

မုံရွာမြို့နယ်အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်သားများသည်လည်း နမခ ဌာနချုပ်တိုက်ခိုက်ခံရမှုအပြီး ဇန်နဝါရီ ၁၅ ရက်မှစ၍ ကြီးဗဒုံရွာအား နှစ်ကြိမ်ဆက် မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။

မုံရွာ − အရာတော်လမ်းပိုင်း နှစ်ဖက်တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ကားငါးစီးအပါ အဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက ဇန်နဝါရီ ၁၀ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ မဲကနယ်-ဖလူး တောလမ်းပိုင်းမှာ မနေ့( ဖေဖော်ဝါရီ ၂၄ ရက်)နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင်အချို့ သေဆုံးမှု ရှိတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ၊ မြဝတီ-ဝေါ်လေ လမ်းပိုင်းက အင်ကြင်းမြိုင်နဲ့ မင်းလက်ပံကျေးရွာကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်ကနေ ပါဝင်ကူညီတိုက်ခိုက်ပေးတဲ့ BGF/KNA က တပ်ဖွဲ့ဝင် သုံး ဦးထက်မနည်း တိုက်ပွဲကျသွားတယ်လို့ BGF/KNA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ကျောက်ကုန်း ရွာကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာပြီး ဒေသခံပြည်သူ ၁၁ ဦးခန့်ကို ဖမ်းဆီးထားတယ်လို့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်မြို့တွေကို ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းက သီပေါမြို့ဆီဦးတည်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။