Connect with us

Hi, what are you looking for?

သတင်း

စစ်ဘေးရှောင်‌တွေအတွက် ကျပ်သိန်း ၂၈၀ ရှာနိုင်ခဲ့တဲ့ ချင်းမိုင်က ရုပ်ရှင်ပြပွဲ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရန်ပုံငွေရုပ်ရှင်ပြပွဲကနေ ကျပ်သိန်း ၂၈၀ခန့်ရရှိခဲ့ပြီး စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးသွားမယ်လို့ သရုပ်ဆောင် မင်းမော်ကွန်းက အသိပေးထားပါတယ်။

ဆဏ်း/People’s Spring

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရန်ပုံငွေရုပ်ရှင်ပြပွဲကနေ ကျပ်သိန်း ၂၈၀ခန့်ရရှိခဲ့ပြီး စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးသွားမယ်လို့ သရုပ်ဆောင် မင်းမော်ကွန်းက အသိပေးထားပါတယ်။

“ချစ်သောရဲဘော်များနဲ့အတူတကွ..ဖြတ်၊ချင်းမိုင်ရုပ်ရှင်ပြပွဲ ကျပ်သိန်း၂၈၀၊ ချစ်တဲ့ကိုပေါ့်စကားလိုပါပဲ၊ပြည်သူမှပြည်သူ့ထံသို့ “လို့ မင်းမော်ကွန်းရဲ့ လူမှုကွန်ရက်စာမျက်နှာ ရေးသားထားပါတယ်။

မင်းမော်ကွန်းပါဝင်သရုပ်ဆောင်ထားတဲ့ ပထမဆုံး တော်လှန် ရုပ်ရှင် ဖြတ် ဇာတ်ကားနဲ့ အတူတကွ ဇာတ်ကားတို့ကို ဇန်နဝါရီ ၂၀ရက်က ချင်းမိုင်တက္ကသိုလ်မှာ ရန်ပုံငွေရုပ်ရှင်ပြပွဲအနေနဲ့ ပြသခဲ့တာပါ။

Public Service Announcement

Public Service Announcement

ပွဲစဉ်နှစ်ခုပြသပေးခဲ့တာဖြစ်ပြီး နှစ်ပွဲစလုံးကို ရုံပြည့်ရုံလျှံအားပေးခဲ့တယ်လို့ Together Production က အသိပေးထားပါတယ်။

ဒီရုပ်ရှင်ပြပွဲကရရှိလာတဲ့ ရန်ပုံငွေတွေကို စစ်ကိုင်း ၊ မန္တလေးနဲ့ မကွေး ဒေသတွေက စစ်ရှောင်တွေအတွက် ကူညီသွားမှာဖြစ်ပြီး ရရှိလာတဲ့ ငွေအားလုံးကို ကူညီပေးသွားမှာဖြစ်တယ်လို့ Together Productionက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နွေဦးတော်လှန်ရေးမှာ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် ရည်ရွယ်ပြုလုပ်ခဲ့တဲ့ မင်းမော်ကွန်းရဲ့ မွေးနေ့လက်ဆောင် ကမ်ပိန်းက ရရှိငွေတွေနဲ့ ရဲဘော် တစ်ရာကျော်အတွက် ခြေတုတပ်ဆင်ပေးနိုင်ခဲ့တယ်လို့ Artists' Shelter က အသိပေးထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံက ချင်းမိုင်ပြည်နယ်ထဲမှာ ခုခံအား ကျဆင်းမှုရောဂါ (AIDS) ဖြစ်ပွားစေတဲ့ HIVပိုး ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေဆဲလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဖမ်းဝရမ်း​ထုတ်ခံထားသူ​တွေထဲမှာတရုတ်၊ အိန္ဒိယ၊ ဗြိတိန်၊ ထိုင်း နဲ့ မြန်မာနိုင်ငံသားတွေပါဝင်

သတင်း

ကမ္ဘာလှည့် ခရီးသွားတွေအဖြစ် ဟန်ဆောင်ထားတဲ့ ထိုင်းရဲတွေဟာ တရားဝင် ခွင့်ပြုချက် မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတဲ့ မြန်မာတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။