Connect with us

Hi, what are you looking for?

သတင်း

ရေနံချောင်း-မကွေးလမ်းတွင် တော်လှန်ရေးတပ်ဖွဲ့ လမ်းပိုင်းစစ်ဆေး

ရေနံချောင်း-မကွေးလမ်းပိုင်းတစ်နေရာတွင် ခရီးသွားယာဥ်များတားဆီး၍ လမ်းပိုင်းစစ် ဆေးမှုလုပ်ဆောင်ခဲ့ကြောင်း မကွေးတိုင်း ပကဖ လက်အောက်ခံမြေလတ်လင်းပိုင်စစ် ကြောင်းမှတာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ရေနံချောင်း-မကွေးလမ်းတွင် ခရီးသည်တင်ကားများကို မြေလတ်လင်းပိုင်စစ် ကြောင်းကစစ်​ဆေး​နေစဥ်။ဓါတ်ပုံ-မြေလတ်လင်းပိုင်စစ် ကြောင်း

ကျော်ဇော/People’s Spring

ရေနံချောင်း-မကွေးလမ်းပိုင်းတစ်နေရာတွင် ခရီးသွားယာဥ်များတားဆီး၍ လမ်းပိုင်းစစ် ဆေးမှုလုပ်ဆောင်ခဲ့ကြောင်း မကွေးတိုင်း ပကဖ လက်အောက်ခံမြေလတ်လင်းပိုင်စစ် ကြောင်းမှတာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့လယ် ၂ နာ ရီခန့်က ရေနံချောင်းမြို့နယ်၊ ရေနံချောင်း-မကွေးလမ်းပိုင်းတစ်နေရာ၌ ခရီးသွားယာဥ်အ ချို့ကိုတားဆီးကာ ၁ နာရီခန့်ကြာ လမ်းပိုင်းစစ်ဆေးမှုများလုပ်ဆောင်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

“တာလမ်းနားကို ရောက်နေတာနဲ့ စစ်ကြောင်းမှူးက တခါတည်းစစ်ရအောင်လို့ပြောလို့ မထင်မှတ်ဘဲ စစ်လိုက်တာပါဗျ”ဟု မြေလတ်လင်းပိုင်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လမ်းပိုင်းစစ်ဆေးမှုလုပ်ဆောင်နေချိန်တွင် စစ်ဆေးမှုလုပ်သည့်နေရာနှင့် အနည်းငယ်သာဝေးသည့် ရေနံချောင်းမြို့နယ်၊ ဂွေးကုန်းကျေးရွာသို့ အင်အား ၆၀ ကျော်ပါ စစ်ကောင် စီတပ်စစ်ကြောင်းရောက်ရှိနေချိန်နှင့် တိုက် ဆိုင်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ဆေးရေးလုပ်ဆောင်ရာတွင် ခရီးသည်တင်ဘတ်စ်ကားအချို့၊ ခရီးသွားယာဥ်များနှင့် ဆိုင်ကယ်များကို စစ်ဆေးခဲ့ရာ ပြည်သူ များက ကြည်ဖြူစွာစစ်ဆေးခံသည့်အပြင် ကောင်းမွန်သည့် တုန့်ပြန်မှုများရခဲ့ကြောင်း မြေလတ်လင်းပိုင်စစ်ကြောင်းက အသိပေးသည်။

အထက်ပါအတိုင်း တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ လမ်းပိုင်းစစ်ဆေးရေးလုပ် ဆောင်ခဲ့သည့်နေရာသည် ရေနံချောင်းမြို့နှင့် ပိုနီးပြီး မကွေးမြို့နှင့် မိုင် ၃၀ ကျော်ခန့်ဝေးကြောင်း မြေလတ်လင်းပိုင်စစ်ကြောင်းထံမှ သိရသည်။

စစ်ကောင်စီသည် ၎င်း၏တပ်ဖွဲ့ဝင်တပ်ကြပ်အဆင့်ရှိသူတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့များ၏သတင်းအား စုံစမ်းထောက်လှမ်းရန် ယခုလမ်းပိုင်းစစ်ဆေးရေးလုပ်သည့်နေရာ အနီးကျေးရွာတစ်ရွာသို့ အရပ်ဝတ်ဖြင့် အသွင်ယူစေလွှတ်ခဲ့ရာ မြေလတ်လင်းပိုင်စစ်ကြောင်းမှဖမ်းမိခဲ့သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတိုက်ပွဲမှာ စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် (SNA)တပ်ဖွဲ့က အထိနာခဲ့ရာ တိုက်ပွဲမှာ ကျန်နေခဲ့တဲ့ ရုပ်အလောင်းတွေကို တော်လှန်ရေးတပ်တွေက ကောက်ယူပြီး ထုံးတမ်းအစဉ်အလာအတိုင်း နာရေးပြုလုပ်ပေးခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့Mi 17 တစ်စီးကို မြိုင်မြို့နယ် တ​နေရာမှာမှာ ​​တော်လှန်​ရေးမဟာမိတ်တပ်ဖွဲ့​တွေက ပစ်ချလိုက်​ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(Magway - PDF)ကထုတ်ပြန်ပါတယ်။