Connect with us

Hi, what are you looking for?

သတင်း

ရခိုင် − မကွေးအစပ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် အထိနာ၊ ဗိုလ်ကြီး နှစ်ဦးအပါအဝင် ၁၂ ဦး ဖမ်းမိဟု PRA ပြော

မြေပြန့်ဒေသအထိ စစ်ရှိန်မြှင့်မည်ဟု အသိပေး

တိုက်ပွဲများအတွင်း သိမ်းရသော လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ − PRA-Magway)

ဟန်နွေ/People’s Spring

ရခိုင် – မကွေးတိုင်းအစပ်တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ယခု ဇန်နဝါရီတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှု၊အရှင်ဖမ်းဆီးရရှိမှုများရှိခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway) စစ်ရေးတာဝန်ခံကိုနောင်သူရိန်က ပြောသည်။

ဇန်နဝါရီ အတွင်း စစ်ကောင်စီ၏ တပ်မ (၉၉) လက်အောက်ခံတပ်ရင်းများနှင့် ထိတွေ့မှုများရှိခဲ့ရာ စစ်ပွဲများမှထွက်ပြေးလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပိတ်ဆို့ဖမ်းဆီးခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထိတွေ့တိုက်ပွဲများနှင့် ပိတ်ဆို့ဖမ်းဆီးမှုများအတွင်း ခမရ (၁၁၃)တပ်ရင်း မှ ဗိုလ်ကြီး နှစ်ဦးအပါအဝင် ၁၂ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ဗိုလ်ကြီး နှစ်ဦး၊ အရာခံဗိုလ် တစ်ဦးအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း PRA မကွေးက ယနေ့(ဇန်နဝါရီ ၂၃ရက်)တွင် သတင်းထုတ်ပြန်သည်။

တိုက်ပွဲများအတွင်း သိမ်းရသော လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ − PRA-Magway)

“အဓိကတော့ ရခိုင်−မကွေးနယ်စပ်တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့သူတွေ ပေါ့နော်။နောက်တခုက စစ်ကြောင်းထိုးလာတဲ့သူတွေ ရှိတယ်။ပြီးတဲ့အခါ တနေရာနဲ့တနေရာ ပူးပေါင်းတဲ့သူတွေရှိတယ်။ ကျနော်တို့ ဖမ်းဆီးရမိတဲ့ပုံစံတွေကတော့ မျိုးစုံလို့ပြောလို့ရတယ်”ဟု PRA မကွေး စစ်ရေးတာဝန်ခံ ကိုနောင်သူရိန်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးရရှိမှု အခြေအနေကို ပြောပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဒေသတွင်းစစ်ရေး အခြေအနေမှာ စစ်ကောင်စီဘက်ကအင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။

“ ၉၉ တပ်မ တခုလုံးဒီဘက်ကို အင်အားဖြည့်တင်းနေတာတွေ့ရတယ်။ ပြီးတဲ့အခါမှာလေကြောင်း ပစ်ကူလက်နက်ကြီးပစ်ကူပေးနေတာ ရှိတယ်။ဒီကြားထဲမှာပဲတိုက်ပွဲအတွင်းက ထွက်ပြေးလာတဲ့သူတွေရှိတယ်။ အဲဒီတော့နေ့စဉ်နဲ့အမျှတော့ထိတွေ့မှုတွေဖမ်းဆီးရရှိမှုတွေဖြစ်နေတယ်လို့ ပြောလို့ရတယ်”ဟု ကိုနောင်သူရိန်က ပြောသည်။

အဆိုပါတိုက်ပွဲများမှ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း (၁)လက်၊ လက်နက်ငယ် (၈)လက်နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ဟု အသိပေးသည်။

ဇန်နဝါရီ ၁၉ရက်က ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်း၊ ဂုတ်ကြီးကျေးရွာအနောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေကိုလည်း PRA မကွေးက အသိပေးထုတ်ပြန်ထားသည်။

ပဒါန်းဘက်မှတက်လာသော စစ်ကောင်စီအင်အား ၁၀၀ခန့် ပါဝင်သော ခဲယမ်းတင်ကား (၄) စီးကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကား တစ်စီး ပျက်စီးသွားခဲ့ပြီး (၅)ဦးသေဆုံးကာ (၈) ဦးဒဏ်ရာ ရရှိခဲ့သည်ဟုဆိုသည်။

ဇန်နဝါရီ ၇ရက်တွင်လည်း ဂုတ်ကြီးရွာမှ ခွန်ဇူကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၃၀ခန့် ပါဝင်သော စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ လေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ဟု အသိပေးထားသည်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) သည် စစ်ရေးဆိုင်ရာရည်မှန်းချက်များအတိုင်း တစ်ဆင့်ချင်းအကောင်အထည်ဖော်လျက်ရှိပြီး မကြာမီကာလအတွင်း မြေပြန့်ဒေသများအထိ ထိုးစစ်အရှိန်မြှင့်တင် သွားမည်ဟု အသိပေးထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။