Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ် ပကာရီရဲစခန်းအနီး စစ်ဆေးနေသည့် စစ်ကောင်စီတပ်သားတစ်ဦး စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရဲစခန်းအနီး ခရီးသွားယာဥ်များအား တားဆီးစစ်ဆေး၍ ဆက်ကြေးကောက်ငွေညှစ်နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား ပစ်မှတ်အဖြစ်ချိန်ရွယ်ထားစဥ်(ဓာတ်ပုံ - ဒူရက)

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရဲစခန်းအနီး ခရီးသွားယာဥ်များအား တားဆီးစစ်ဆေး၍ ဆက်ကြေးကောက်ငွေညှစ်နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(ဇန်နဝါရီလ= ၂၄ ရက်)နေ့လယ် ၁၂ နာရီခွဲခန့်က ပကာရီနယ်မြေရဲစခန်းအနီး ခရီးသွားယာဥ်များအား တားဆီးစစ်ဆေးကာ ငွေကြေးကောက်ခံနေသော စစ်ကောင်စီတပ်သားများအနက် တစ်ဦးကို စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ခံရသည့် သေဆုံးခဲ့ကြောင်း ၎င်းက ပြောသည်။

ဒူရက စစ်ကြောင်းမှ အသိပေးထုတ်ပြန်ထားသော ပစ်ခတ်မှုရုပ်သံမှတ်တမ်းအရ အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်သားအချို့သည် ရပ်တန့်ထားသော ကားတစ်စီးအား စစ်ဆေးနေစဥ် စနိုက်ဘာမှန်ဘလူးမှတဆင့် ချိန်ရွယ်ထားသည် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ပစ်ခတ်ခဲ့ရာ နေရာ၌ပင် လဲကျသွားသည်ကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

ပကာရီရဲစခန်းအနီး ဂိတ်ချ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်ခံမှုအခြေအနေကို ဒူရက စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက “အမြဲကောက်နေကျ ပါခင်ဗျ။ ထိုင်းသွားမဲ့ကားတွေ ဒေသခံကားရော အကုန်ကောက်ပါတယ်”ဟု လူထုနွေဦးသို့ ပြောသည်။

စစ်ဆေးငွေညှစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား စနိုက်ပါဖြင့် ပစ်ခတ်မှုတွင် ၎င်းစစ်ဆေးနေသည့် ယာဥ်ပေါ်၌ ခရီးသွားအခချို့ လိုက်ပါလာသည်ကို ဒူရက စစ်ကြောင်းမှထုတ်ပြန်သော ရုက်သံမှတ်တမ်းတွင် တွေ့ရသည်။

လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးအရှိန်များ တိုးမြှင့်လုပ်ဆောင်လျှက်ရှိရာ မိဘပြည်သူများအနေဖြင့် စစ်ရေးအသိ၊ စစ်ရေးသတိရှိစွာဖြင့် သွားလာနေထိုင်ကြရန် ဒူရက စစ်ကြောင်းက တိုက်တွန်းထားသည်။

စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော ဒူရကစစ်ကြောင်းတွင် ထားဝယ်ခရိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များဖြစ်သော ထားဝယ်တပ်တော် DNLA ၊ ဖက်ဒရယ်ဓူဝံကြယ် ဒရုန်းတပ်ဖွဲ့၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF စသည့် တပ်ဖွဲ့များဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ဆိုင်ထားတဲ့နေရာတွေကနေ စစ်ကောင်စီတပ်သား ၄ဦး အလင်း၀င်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ရှေ့တန်းစခန်းတွေကို အာရက္ခတပ်တော်(AA)က အဝေးပစ် လက်နက်ကြီး၊ စနိုက်ပါတို့နဲ့ တိုက်ခိုက်နေတာကြောင့် စစ်တပ်တပ်ဘက်က သေဆုံးထိခိုက်သူတွေ နေ့စဉ်နီးပါးရှိ နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။