Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်ဂိုဏ်းတွေ တိုးပွားလာမှု ထိုင်းမှာတာဝန်ရှိကြောင်း စစ်ကောင်စီ စွပ်စွဲချက်ကို ထိုင်းကာကွယ်ရေးဝန်ကြီး ပယ်ချ

နှစ်နိုင်ငံ နယ်စပ်မှာ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ အပါအဝင် ဒုစရိုက် အစုအဖွဲ့တွေ တိုးပွားလာရာမှာ ထိုင်းဟာ တစ်စိတ်တစ်ပိုင်း တာဝန်ရှိတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ စွပ်စွဲချက်ကို ထိုင်းကာကွယ်ရေး ဝန်ကြီးက ပယ်ချသွားပါတယ်။

နှစ်နိုင်ငံ နယ်စပ်မှာ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ အပါအဝင် ဒုစရိုက် အစုအဖွဲ့တွေ တိုးပွားလာရာမှာ ထိုင်းဟာ တစ်စိတ်တစ်ပိုင်း တာဝန်ရှိတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ စွပ်စွဲချက်ကို ထိုင်းကာကွယ်ရေး ဝန်ကြီးက ပယ်ချသွားပါတယ်။

ထိုင်းနဲ့ နယ်စပ်နားမှာရှိတဲ့ မြန်မာဖက်ခြမ်း ပိုင်နက်ထဲမှာ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ၊ တရားမဝင် လောင်းကစား လုပ်ငန်းတွေ ခြေကုပ်ယူမှု ခိုင်မာ အားကောင်းလာတာဟာ ရှုပ်ထွေးတဲ့ ပြဿနာ တစ်ခုဖြစ်ပြီး အစုအဖွဲ့ အတော်များများနဲ့ သက်ဆိုင်တယ်လို့ ထိုင်းအစိုးရရဲ့ ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ကာကွယ်ရေး ဝန်ကြီး ဖုမ်သမ် ဝီချာယာချိုင်က ပြောပါတယ်။

နယ်စပ်တွေမှာ အခြေပြု လှုပ်ရှားနေတဲ့ ဒုစရိုက်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ခက်ခဲနေတဲ့အခါ ထိုင်းကိုပဲ အပြစ်တင်လို့တော့ မရဘူးလို့ ဖုမ်သမ်က ဆိုပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေ စစ်ကောင်စီဟာ ကျားဖြန့်နဲ့ ဒုစရိုက် ဂိုဏ်းတွေကို ဖြိုခွင်းချင်ပေမယ့် အိမ်နီးချင်း နိုင်ငံက ခက်ခဲအောင် လုပ်နေတယ်လို့ ဖော်ပြခဲ့တဲ့နောက် ဖုမ်သမ်က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းဟာ မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အဲဒီ ဒုစရိုက်ဂိုဏ်းတွေကို ဖြိုခွင်းသွားဖို့ ဆန္ဒရှိတာ မှန်ပေမယ့် မကြာသေးခင်က ထိုင်းစစ်တပ် ထိပ်ပိုင်း အရာရှိတွေနဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တချို့ တွေ့ဆုံမှု အတွင်းမှာ အဲဒီကိစ္စကို ထည့်မဆွေးနွေးဖြစ်ခဲ့ဘူးလို့လည်း ဖုမ်သမ်က ဆိုပါတယ်။ အဲဒီ အစည်းအဝေးဟာ နယ်စပ်ရေးရာ သာမန် လုပ်ရိုးလုပ်စဉ် ကိစ္စတွေကိုသာ ဦးတည်ခဲ့တယ်လို့ ဝန်ကြီးက ဆိုပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

သီးခြားအနေနဲ့ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ သာနာသစ် ဆာဝမ်ဆန်က ထိုင်းနိုင်ငံဟာ နယ်စပ်မှာ ပြောင်းလဲဖြစ်ပေါ်နေတဲ့ တရားမဝင် လှုပ်ရှားမှု မှန်သမျှကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

နောက်ပြီး မြန်မာဖက်ကသာ နယ်စပ်အခြေစိုက် ဒုစရိုက်ဂိုဏ်းတွေဟာ လုပ်ငန်းလည်ပတ်ဖို့ ထိုင်းနိုင်ငံကို အခြေစိုက်စခန်းအဖြစ် အသုံးချကြောင်း ခိုင်ခိုင်မာမာ သက်သေပြပြီး အင်တိုက်အားတိုက် ဖြိုခွင်းလာမယ်ဆိုရင် ထိုင်းအစိုးရက အကူအညီပေးဖို့ အမြဲ အသင့်ရှိနေမယ်လို့လည်း အာမခံသွားခဲ့ပါတယ်။

ကိုးကား-Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ၊မြောက်ပိုင်းကချင်းမိုင်ပြည်နယ်ထဲမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၂၀ ကို ထိုင်းအာဏာပိုင်​တွေကဖမ်းဆီးရမိခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ပတ်သက် ဆက်နွှယ်နေကြောင်း စွပ်စွဲမှုတွေ ကြုံနေရတဲ့ ထိုင်းဘဏ္ဍာရေး ဝန်ကြီးဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

မြန်မာနိုင်ငံအခြေစိုက်ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကလူမှောင်ခိုကူး သတ် ဖြတ်ပြီး ကိုယ်တွင်းအင်္ဂါတွေ ရောင်းစားတာ ခံခဲ့ရကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့ ဘီလားရုစ် အဆိုတော် ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဗျူရိုက ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ဘီလားရုစ် နိုင်ငံက အဆိုတော် မိန်းကလေး တစ်ဦးဟာ မြန်မာနိုင်ငံက ငွေကြေး လိမ်လည်မှု (ကျားဖြန့်) ဒုစရိုက် ဂိုဏ်းတွေလက်ထဲ ရောက်သွားတဲ့နောက် အသတ်ခံရပြီး ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေ ထုတ်ယူ ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။