Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ အထွေထွေဖိနှိပ်မှုကို အန်တုကြရန် သပိတ်အင်အားစုများ တိုက်တွန်း

စစ်ကောင်စီ၏ အထွေထွေဖိနှိပ်မှုများကို အန်တုကြရန်နှင့် တော်လှန်ရေး (၄)နှစ်ပြည့်မှသည် စစ်အာဏာရှင်စနစ် ပြိုကျသည်အထိ ဆက်လက် ချီတက်ကြရန်လည်း သပိတ်အင်အားစုများက ယနေ့ (ဇန်နဝါရီ ၂၇) တိုက်တွန်းနှိုးဆော်ခဲ့သည်။

သုည/People’s Spring

စစ်ကောင်စီ၏ အထွေထွေဖိနှိပ်မှုများကို အန်တုကြရန်နှင့် တော်လှန်ရေး (၄)နှစ်ပြည့်မှသည် စစ်အာဏာရှင်စနစ် ပြိုကျသည်အထိ ဆက်လက် ချီတက်ကြရန်လည်း သပိတ်အင်အားစုများက ယနေ့ (ဇန်နဝါရီ ၂၇) တိုက်တွန်းနှိုးဆော်ခဲ့သည်။

မတရား ပြဌာန်းထားသည့် ဥပဒေ၊ အတုအယောင် ရွေးကောက်ပွဲ၊ မတရားသဖြင့် ဖိနှိပ်ရက်စက်ထားသည့် အထွေထွေဖိနှိပ်မှုကြီးကို လူထုကိုယ်တိုင် တွန်းလှန်မှသာ ပြိုပျက်မည် ဖြစ်ကြောင်း နွေဦးတော်လှန်ရေး သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတေဇာစန်းက တိုက်တွန်းသည်။

“အရှုံးအလီလီနဲ့ ရင်ဆိုင်နေရတဲ့ ရန်သူ့စစ်တပ်ဟာ အဘက်ဘက်ကပြိုလဲနေပြီဆိုတာ ဧကံအမှန်တရားတခုပါပဲ။ ကုန်စျေးနှုန်းတက်တာ၊ စီးပွားရေး အဆင်မပြေတာကစလို့ လက်ရှိ လျှပ်စစ်မီး မမှန်တာတွေ၊ အလုပ်အကိုင် အဆင်မပြေတာတွေအထိ နေ့စဥ်လူနေမှုဘဝဟာ ကျပ်တည်းသထက် ကျပ်တည်းလာပါတယ်။ စစ်အင်အား လိုအပ်နေတဲ့အတွက်လည်း အတင်းအဓမ္မ ဖမ်းဆီး စစ်မှုထမ်းခိုင်းတာတွေ ရန်သူက ကျူးလွန်လာပါတယ်။ တိုက်ပွဲနီးစပ်ရာ ဒေသတွေမှာလည်း အရပ်ဘက်ပစ်မှတ်တွေကို ဦးစားပေး တိုက်ခိုက်ပြီး လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေပြုလုပ်နေပါတယ်။ ဒါတွေဟာ ပြည်သူလူထုအပေါ်ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့အကျပ်အတည်းကို လူထုအကျပ်အတည်းဖြစ်အောင် အစားထိုးဖြေရှင်းနေတာပါ”ဟု ဒေါက်တာတေဇာစန်းက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် ထွက်ပေါက်ရှာရန်အတွက် အတုအယောင် ရွေးကောက်ပွဲကျင်းပရန် စစ်ကောင်စီက ပြင်ဆင်လာပြန်သည်ဟု ၎င်းက ထောက်ပြသည်။

” စစ်ကောင်စီက သူ့အကျပ်အတည်းဖြစ်တိုင်း စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးအတွက် ထွက်ပေါက်တခုကို ပြင်ဆင်လေ့ရှိတယ်။ ပြည်သူတရပ်လုံးက ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် ထွက်ပေါက်မှန်သမျှကို အလွတ်ပေးလို့မရဘူး။ ဒီထွက်ပေါက်ကို ဖွင့်မရနိုင်ဖို့အတွက် လူထုကိုယ်တိုင် အုံကြွတွန်းလှန်တိုက်ပွဲဝင်မှ ရပါမယ်။ မတရား ပြဌာန်းထားတဲ့ ဥပဒေ၊ မတရားတဲ့ အတုအယောင် ရွေးကောက်ပွဲ၊ မတရားသဖြင့်ဖိနှိပ်ရက်စက်ထားတဲ့ အထွေထွေဖိနှိပ်မှုကြီးကို လူထုကိုယ်တိုင် အန်တုတွန်းလှန်မှသာ ပြိုပျက်လိမ့်မယ်”ဟု ဒေါက်တာတေဇာစန်းက တိုက်တွန်းခဲ့သည်။

ထို့အပြင် တော်လှန်ရေး (၄)နှစ်တာကာလအတွင်း ဒုက္ခများကို အောက်မေ့ရင်း စစ်အာဏာရှင်စနစ် အလုံးစုံ ပြိုကျပျက်ဆီးသည်အထိ လူထုအနေဖြင့် တော်လှန်အလံအောက်၌ ရှေ့ကိုဆက်လက်ချီတက်ကြရန်လည်း GSCB (အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု) က နှိုးဆော်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ဝက်လက်ဒေသက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့တာတွေ ဒီကနေ့ (ဧပြီ ၃)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မယ့် အဓိကလက်နက်မှာ ပြည်သူလူထုရဲ့ ညီညွတ်မှုအင်အားသာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

သတင်း

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူလူထုထဲမှမွေးဖွားပေါ်ပေါက်လာခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY PDF ဟာ တော်လှန်ရေးရဲ့ အနိမ့်အမြင့် အတက်အကျ လောကဓံတရားကို ကြံ့ကြံ့ခံ ဖြတ်သန်းရင်း ဒီကနေ့ ဖေဖော်ဝါရီ ၂၅ရက်မှာ တပ်ဖွဲ့စည်းမှု ၅နှစ်ပြည့်ပြီဖြစ်ကြောင်း မန္တလေး PDFက အသိပေးပြီး စစ်အာဏာရှင် စနစ် အမြစ်ပြတ်တဲ့အထိ ဦးလည်မသုန် တိုက်ပွဲဝင်သွားမယ်လို့...

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၆) မှာ ပြုလုပ်ခဲ့ပါတယ်။