Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီ​၏ ရွှေဂူတံတားစစ်ရေးဂိတ်နှင့် စခန်းကုန်းအား တော်လှန်ရေးတပ်များ သိမ်းပိုက်

စစ်သုံ့ပမ်းလေးဦး အရှင်ဖမ်းမိပြီး သေနတ် ၁၁လက်ရ

ရွှေဂူတံတားဂိတ်နှင့် စခန်းကုန်းတိုက်ပွဲမှ ဖမ်းမိစစ်သုံ့ပန်းလေးဦး၊ လက်နက်ခဲယမ်းများနှင့်အတူ အောင်ပွဲခံမှတ်တမ်းရိုက်ကူးနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ (ဓာတ်ပုံ - ဒူရက)

ကျော်ဇော၊ဟန်နွေ/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ် – သရက်ချောင်းလမ်းပိုင်းပေါ်ရှိ စစ်ကောင်စီတပ်၏ ရွှေဂူတံတားစစ်ဆေးရေးဂိတ်နှင့် စခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူရကစစ်ကြောင်းက ယနေ့ (ဇန်နဝါရီလ ၃၀ ရက်)နေ့လယ်ပိုင်းတွင် ထုတ်ပြန်သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားလေးဦးအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများလည်းရရှိခဲ့ကြောင်းလည်း အသိပေးထားသည်ဈ

ယမန်နေ့(ဇန်နဝါရီ ၂၉ ရက်)နေ့လယ် ၂နာရီခန့်က ထားဝယ်မြို့နယ်၊ ရှင်မုတ္တီးကျေးရွာရှိ စစ်ကောင်စီတပ်၏ ရွှေဂူတံတားစစ် ဆေးရေးဂိတ်နှင့် စခန်းကုန်းကို ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲချိန် ၅ နာရီခန့်ကြာမြင့်ပြီး ဂိတ်နှင့် စခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက်၍ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားငါးဦးထက်မနည်းသေဆုံးကာ လေးဦးအရှင်ဖမ်းမိသည့်အပြင် ငါးကြင်းမြီးတစ်လက်၊ MA-4 တစ်လက်၊ MA-3 သုံးလက်၊ MA-2 တစ်လက်၊ MA-1 လေးလက်၊ ၆၀ ကွန်မန်ဒိုစိန်ပြောင်း တစ်လက်၊ ၁၄ နင်းမိုင်းလေးလုံး၊ လက်ပစ်ဗုံး လေးလုံး၊ လိပ်ခုံးမိုင်း ငါးလုံး၊ ဖုန်းရှစ်လုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းများရရှိခဲ့ကြောင်း ဒူရက စစ်ကြောင်းက အသိပေးသည်။

အထက်ပါ ရွှေဂူတံတားဂိတ်နှင့် စစ်ကောင်စီတပ်စခန်းကုန်းအား တိုက်ခိုက်မှုကို ဒူရက စစ်ကြောင်းနှင့်အတူ ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဖက်ဒရယ်ဓူဝံကြယ် ဒရုန်းတပ်ခွဲ၊ ဒေါင်းညီနောင်စစ်ကြောင်း တပ်ခွဲ(၁)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“ ရဲဘော်တွေ ဘေးကင်းပါတယ်။ ရှပ်ထိတာလောက်ပဲ ရှိပါတယ်”ဟု ရေဖြူ PDF တာဝန်ရှိသူက တော်လှန်ရေးပူးပေါင်းတပ်မှ ထိခိုက်မှု ရှိ၊မရှိ အခြေအနေအပေါ် ပြောသည်။

လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် စစ်ရေးအရှိန်မြှင့်လျက်ရှိရာ ပြည်သူများအနေဖြင့် စစ်ရေးအသိ၊ စစ်ရေးသတိဖြင့် သွားလာနေထိုင်ရန်လိုအပ်ပြီး စစ်ကောင် စီလက်အောင်ခံ တပ်ဖွဲ့ဝင်များအနေဖြင့်လည်း အမှန်တရားဘက်၊ ပြည်သူ့ဘက်ရပ်တည်၍ အမြန်ဆုံး ပြည်သူ့ရင်ခွင်ခိုလှုံကြရန် ဒူရက စစ်ကြောင်းက တိုက်တွန်းထားသည်။

အလားတူ ဇန်နဝါရီ ၂၇ ရက် ညပိုင်းကလည်း ထားဝယ်မြို့အဝင်ရှိ စစ်ကောင်စီ၏ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်ကို ဒူရကစစ်ကြောင်းနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။