Connect with us

Hi, what are you looking for?

သတင်း

တမူးတိုက်ပွဲ၌ ကသည်းအဖွဲ့ Meitei PLနှင့် နာဂအဖွဲ့ NSCN-IM တို့က စစ်တပ်ဘက်မှကူတိုက်ပေးနေ

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် တွင်ယခုရက်ပိုင်းဖြစ်ပွားနေသော တိုက်ပွဲများ၌ ကသည်းနှင့် နာဂသူအဖွဲ့များဖြစ်သောMeitei PLAနှင့်နာဂ NSCN-IMတို့က အင်အားအများအပြားဖြင့် စစ်ကောင်စီဘက်မှ ကူတိုက်​ပေးနေကြောင်း ဒေသခံများကပြောသည်။

စစ်တပ်ကိုကူညီ​နေ​သော နာဂ တပ်ဖွဲ့NSCN-IM မှတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-CNBC

ကဖေး/People’s Spring

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် တွင်ယခုရက်ပိုင်းဖြစ်ပွားနေသော တိုက်ပွဲများ၌ ကသည်းနှင့် နာဂသူအဖွဲ့များဖြစ်သောMeitei PLA နှင့် နာဂ NSCN-IM တို့က အင်အားအများအပြားဖြင့် စစ်ကောင်စီဘက်မှ ကူတိုက်​ပေးနေကြောင်း ဒေသခံများကပြောသည်။

တမူးမြို့နယ်၊ ကျွန်းပင်သာနှင့် မင်းသာရွာတွင် ယခုရက်ပိုင်း၌ စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေသည်။ အဆိုပါ တိုက်ပွဲတွင် Meitei PLA နှင့် Naga NSCN-IM တို့က စစ်ကောင်စီဘက်မှ ပါဝင်တိုက်ခိုက်နေသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

” စစ်တပ်ဘက်ကနေ ကသည်းသူပုန်ရော၊ နာဂသူပုန်ရော ပါ‌နေတယ်။အခုရက်ပိုင်းတိုက်ပွဲမှာ ကသည်းသူပုန်ဘက်က အကြီးပိုင်းထိတယ်”ဟု ‌ ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

Meitei PLA နှင့် Naga NSCN-IM သည် တမူးနယ်တစ်ဝိုက် ၌ အင်အား ၅၀၀ ကျော်ခန့်ရှိဟု ခန့်မှန်းရပြီး နှစ်ဖွဲ့စလုံးက စစ်ကောင်စီကို ကူညီနေသည်ဟု တမူး PDF တပ်ရင်း(၄)က သတင်းထုတ်ပြန်ထားသည်။

Meitei PLAသည် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ဇာတိသား ကသည်းလူမျိုးကဖြင့် ဖွဲ့စည်းထားပြီး အိန္ဒိယမှ မဏိပူရပြည်နယ် လွတ်လပ်ရေး တောင်းဆိုနေသည့် အဖွဲ့ဖြစ်သည်။NSCN-IM သည် အိန္ဒိယတွင် အခြေစိုက်သည့် နာဂလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

၎င်းတို့နှစ်ဖွဲ့စလုံးကို မြန်မာနိုင်ငံဘက်ခြမ်း၌ အခြေချခွင့်ပြုမည်ဟု စစ်ကောင်စီကမက်လုံးပေးထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ခိုင်းနေခြင်းဟု ဒေသခံအချို့ကပြောသည်။

” သူတို့(Meitei PLAနှင့်Naga NSCN-IM) စကစရဲ့ ဂျင်းမိနေတာ။အိန္ဒိယအစိုးရလည်းစစ်ကောင်စီကပညာပြတာကို ခံနေရတာပဲ”ဟု မြန်မာ နှင့်အိန္ဒိယနယ်စပ်ဒေသအခြေစိုက်သော နိုင်ငံရေးလေ့လာသူတစ်ဦးကပြောသည်။

စစ်ကောင်စီကကျွန်းပင်သာ နှင့် မင်းသာရွာတွင် Meitei PLA ၊ Naga NSCN-IMနှင့် ရှမ်းနီ(SNA)အကူအညီဖြင့် တပ်စွဲထားသည်။ အဆိုပါစခန်းများကို ကူကီးအမျိုးသားတပ်မတော် KNA (B)အပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေသည်။

KNA သည် ​​တော်လှန်​ရေးတပ်များနှင့် အတူ စစ်​ကောင်စီတပ်ကို တိုက်ခိုက်​နေသည်။

သို့​သော်မြန်မာနိုင်ငံဘက်ခြမ်း၌ ခြေကုတ်ယူကာ အိန္ဒိယအစိုးရကိုတော်လှန်နေသည့် ကသည်းနှင့် နာဂလက်နက်ကိုင်အဖွဲ့များအနက်အချို့သည် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာသည့်လူထုတော်လှန်ရေးတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှပါဝင်တိုက်ခိုက်ခဲ့ဖူးသည်။ နာဂ သူပုန်အဖွဲ့ NSCN-K လည်းရှိပြီး ထိုအဖွဲ့မှာ စစ်တပ်က တိုက်ခိုက်​နေ​​သောအဖွဲ့ဖြစ်သည်။

တမူး မြို့တွင်ပြီးခဲ့သည့်၂၀၂၄ အောက်တိုဘာလ၂၃ရက်က နမ့်မွန်းတားရွာအနီး၌ ဖြစ်ပွားသောတိုက်ပွဲ၌ ကသည်းသူပုန်သုံးဦးသေဆုံးပြီးတစ်ဦးအရှင်ဖမ်းမိထားကာ ကာကွယ်ရေးရဲဘော်သုံးဦးကျဆုံးခဲ့သည်။

ကသည်းသူပုန်ရုပ်အလောင်းသုံး ​လောင်းနှင့် အရှင်ဖမ်းမိသူတစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လက်အောက်ခံတပ်ရင်းများက အိန္ဒိယနိုင်ငံ မိုရေးမြို့ဘက်မှ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများထံလွှဲပြောင်းပေးအပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ