Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ​၏ Army Rum စက်ရုံကို ရန်ကုန်တိုင်း ပကဖ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ စစ်ကောင်စီ​၏ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)ပိုင်ဆိုင်သည့် Army Rum စက်ရုံကို ၄၀ မမ ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေး(ပကဖ) တိုက်ခိုက်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သတိုး/People’s Spring

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ စစ်ကောင်စီ​၏ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)ပိုင်ဆိုင်သည့် Army Rum စက်ရုံကို ၄၀ မမ ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေး(ပကဖ) တိုက်ခိုက်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“သေချာတော့ အထဲရောက်အောင်ပစ်နိုင်ခဲ့ပါတယ်။ အထိအခိုက်တော့ မသိရသေးပါဘူး” ဟု ၎င်းက ပြောသည်။

ဇန်နဝါရီ ၃၁ ရက် ည ၁၀နာရီခန့်တွင် အဝေးပစ်လောင်ချာ(79) ဖြင့် ၄၀ မမ ဗုံးသီးသုံးလုံးပစ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၏ ဦးဆောင်မှုဖြင့် အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေး(ပကဖ) တိုက်ခိုက်ရေးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့အာဏာကို အကြမ်းဖက်သိမ်းယူသည့် လေးနှစ်ပြည့် အကြွေးကိုထိုက်ထိုက်တန်တန် တောင်းယူခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ရွှေပြည်သာမြို့နယ်အတွင်း၌ ည ၁၀နာရီခန့်က ပေါက်ကွဲသံ သုံးကြိမ်ကြားရကြောင်း ဒေသခံများက သတင်းပေးပို့သည်ဟု စစ်ကောင်စီနှင့် ပတ်သက်သည့် သတသ်းအချက်အလက်များ ဖော်ပြပေးနေသည့် Hlaing Info ကဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပိတ်သိမ်းသွားသော စက်ရုံနှစ်ရုံမှာ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားများပိုင် GTIGနှင့် Gysan စက်ရုံတို့ဖြစ်ပြီး ၎င်းစက်ရုံနှစ်ရုံသည် UKနိုင်ငံအခြေစိုက် Primark အမှတ်တံဆိပ်အထည်များအား လက်ခစားချုပ်ပေးနေသည့် စက်ရုံများဖြစ်သည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီများဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း အဖွဲ့သားအားလုံး ဘေးကင်းကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။

News

စစ်ကောင်စီတပ်သားများ ပြင်းထန်သည့် ဒဏ် ရာရရှိခဲ့ပြီး အသေအပျောက်ရှိနိုင်သည်ဟု YUGA က အသိပေးသည်။

News

ယနေ့(ဖေဖော်ဝါရီ ၁ ရက်) ည ၇နာရီခန့်က လှော်ကား တာဆုံအနီးရှိ ရဲတပ်ရင်း (၁) သင်တန်းကျောင်းအား ပစ်မှတ်ထားသော ဗုံးပေါက်ကွဲမှုမှာ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။