Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေပြည်သာမြို့နယ်မှ အထည်ချုပ်စက်ရုံနှစ်ရုံပိတ်သိမ်း၍ အလုပ်သမား ၂,၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်

ပိတ်သိမ်းသွားသော စက်ရုံနှစ်ရုံမှာ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားများပိုင် GTIGနှင့် Gysan စက်ရုံတို့ဖြစ်ပြီး ၎င်းစက်ရုံနှစ်ရုံသည် UKနိုင်ငံအခြေစိုက် Primark အမှတ်တံဆိပ်အထည်များအား လက်ခစားချုပ်ပေးနေသည့် စက်ရုံများဖြစ်သည်။

(ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်တွင် လုပ်ခလစာနှင့် အလုပ်ထုတ်နင့်နာကြေးထုတ်ယူရန် စောင့်စိုင်းနေသည့် ပိတ်သိမ်းစက်ရုံတစ်ရုံမှ အလုပ်သမားများအားတွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်တွင် လုပ်ခလစာနှင့် အလုပ်ထုတ်နင့်နာကြေးထုတ်ယူရန် စောင့်စိုင်းနေသည့် ပိတ်သိမ်းစက်ရုံတစ်ရုံမှ အလုပ်သမားများအားတွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ တရုတ်နိုင်ငံသားများပိုင် အထည်ချုပ်စက်ရုံနှစ်ရုံ ပိတ်သိမ်းလိုက်ခြင်းကြောင့် အလုပ်သမား ၂,၀၀၀ကျော် အလုပ်လက်မဲ့ဖြစ်သွားကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသည့် စည်းလုံးညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ(STUM)က People’s Spring သတင်းဌာနသို့ ပြောသည်။

ပိတ်သိမ်းသွားသော စက်ရုံနှစ်ရုံမှာ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားများပိုင် GTIGနှင့် Gysan စက်ရုံတို့ဖြစ်ပြီး ၎င်းစက်ရုံနှစ်ရုံသည် UKနိုင်ငံအခြေစိုက် Primark အမှတ်တံဆိပ်အထည်များအား လက်ခစားချုပ်ပေးနေသည့် စက်ရုံများဖြစ်သည်။

အဆိုပါ စက်ရုံနှစ်ရုံက ၎င်းတို့လက်ခစားချုပ်ပေးနေသည့် Primarkကုမ္ပဏီသည် မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်သောကြောင့် ယခုကဲ့သို့စက်ရုံပိတ်သိမ်းရခြင်းဖြစ်သည်ကို စက်ရုံအလုပ်သမားများအား ယခု ဖေဖော်ဝါရီလလယ်က အသိပေးခဲ့ပြီး ယနေ့(ဖေဖော်ဝါရီ ၂၈ ရက်) အလုပ်သမားများအား အလုပ်ထုတ်နင့်နာကြေးပေးကာ ပိတ်သိမ်းသွားခြင်းဖြစ်ကြောင်း STUMမှ တာဝန်ခံဖြစ်သူက ရှင်းပြသည်။

“Primark Brand က ဒီနိုင်ငံကနေထွက်ခွာမယ်ဆိုပြီးတော့ သူတို့ရဲ့ အော်ဒါတွေကို အပြီးချုပ်ခိုင်းတယ်။ ပြီးတဲ့အခါ စက်ရုံဘက်က နောက်ထပ် အော်ဒါပဲ ဆက်မရလို့လား ဒါမှမဟုတ် ဘယ်လိုအကြောင်းအရာမျိုးတွေရှိနေလို့လည်း ဒါကိုတော့ သေချာမသိရဘူး။ ဒီနေရာမှာ သမဂ္ဂဘက်က Primark Brand ထွက်သွားတော့မယ်ဆိုတာကို သိနေတဲ့ စက်ရုံတွေဘက်က ကြိုတင်ကြေညာပြီး စနစ်တကျဆုတ်ခွာတာမျိုးမလုပ်တဲ့ဟာကို ထောက်ပြထားတယ်”ဟု STUM တာဝန်က People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပိတ်သိမ်းခဲ့သော စက်ရုံနှစ်ရုံအား အပြီးတိုင်ပိတ်သိမ်းခြင်းမဟုတ်ဘဲ ယာယီပိတ်သိမ်းသည်ဆိုပါက ယခင်အလုပ်သမားဟောင်းများကိုသာ ဦးစားပေးခေါ်ယူခန့်ထားရန် စက်ရုံအလုပ်သမားသမဂ္ဂများဘက်မှ ညှိနှိုင်းခဲ့ရာ Gysan စက်ရုံက သဘောတူလက်မှတ်ရေးထိုးခဲ့သော်လည်း GTIGစက်ရုံဘက်ကမူ လုံးဝလက်မခံသေးကြောင်း အထက်ပါတာဝန်ခံက ဆက်ပြောသည်။

ပိတ်သိမ်းခဲ့သော တရုတ်နိုင်ငံသားများပိုင် စက်ရုံနှစ်ရုံကို လက်ခစားအပ်ထည်များပေး၍ မြန်မာနိုင်ငံ၌ လုပ်ငန်းလည်ပတ်နေသော Primark Brand သည် ယူနိုက်တက်ကင်းမ်ဒမ်း UK နိုင်ငံအခြေစိုက် ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ၎င်း၏လုပ်ငန်းများရပ် ဆိုင်း၍ မြန်မာမှ ထွက်ခွာမည့်အကြောင်းကို ပြီးခဲ့သည့် ၂၀၂၂အတွင်း အသိပေးကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပိတ်မိနေသူတွေ အပြင်ပြန်ရောက်ချိန် ဥမင်ပေါက်ရှေ့မှာ စုဝေးနေတဲ့ မိသားစုတွေ၊ မိတ်ဆွေတွေက မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး အောင်ပွဲခံခဲ့ကြသလို အချိုမုန့်တွေကိုလည်း ကောင်းမှုမင်္ဂလာ အထိမ်းအမှတ် တစ်ခုအနေနဲ့ လိုက်လံ ပေးဝေခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံပေါင်း ၅၀၀ ​ကျော်ရှိပြီး​တော့ H&M မှာ အထည်ချုပ်လုပ်ငန်း ၃၉ ခုဆီမှာ အထည်​တွေ ချုပ်လုပ်ခဲ့တာလို့သိရပါတယ်။

သတင်း

ထိုရေနံမြေမှ ရေနံများသည် ဒေသတွင်းကာကွယ်ရေးအဖွဲ့များကို ရန်ပုံငွေထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် မေ ၂၁ ရက် ညနေ ၆နာရီမှစ၍ ရေနံတူးဖော်ခြင်းများ ရပ်ဆိုင်းရန် စစ်ကောင်စီက ခြိမ်းခြောက်တားမြစ်ခဲ့သည်။

ဆောင်းပါး

ဖေဖော်ဝါရီ ၁ရက် ၂၀၂၁ခုနှစ် မြန်မာနိုင်ငံ အာဏာသိမ်းပြီးအချိန်တွင် ဂျပန်အစိုးရမှ လူသားချင်းစာနာထောက်ထားမှုအနေဖြင့် ကယ်ဆယ်ရေး အရေးပေါ် ဗီဇာ(きんきゅうひなんそち(緊急避難措置→特定活動とくていかつどう ) ကို မြန်မာလူမျိုးများအတွက် သီးသန့် ထောက်ပံ့မှုပေးခဲ့သည်။