Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာမြို့နယ်မှ အထည်ချုပ်စက်ရုံနှစ်ရုံပိတ်သိမ်း၍ အလုပ်သမား ၂,၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်

ပိတ်သိမ်းသွားသော စက်ရုံနှစ်ရုံမှာ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားများပိုင် GTIGနှင့် Gysan စက်ရုံတို့ဖြစ်ပြီး ၎င်းစက်ရုံနှစ်ရုံသည် UKနိုင်ငံအခြေစိုက် Primark အမှတ်တံဆိပ်အထည်များအား လက်ခစားချုပ်ပေးနေသည့် စက်ရုံများဖြစ်သည်။

(ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်တွင် လုပ်ခလစာနှင့် အလုပ်ထုတ်နင့်နာကြေးထုတ်ယူရန် စောင့်စိုင်းနေသည့် ပိတ်သိမ်းစက်ရုံတစ်ရုံမှ အလုပ်သမားများအားတွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်တွင် လုပ်ခလစာနှင့် အလုပ်ထုတ်နင့်နာကြေးထုတ်ယူရန် စောင့်စိုင်းနေသည့် ပိတ်သိမ်းစက်ရုံတစ်ရုံမှ အလုပ်သမားများအားတွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ တရုတ်နိုင်ငံသားများပိုင် အထည်ချုပ်စက်ရုံနှစ်ရုံ ပိတ်သိမ်းလိုက်ခြင်းကြောင့် အလုပ်သမား ၂,၀၀၀ကျော် အလုပ်လက်မဲ့ဖြစ်သွားကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသည့် စည်းလုံးညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ(STUM)က People’s Spring သတင်းဌာနသို့ ပြောသည်။

ပိတ်သိမ်းသွားသော စက်ရုံနှစ်ရုံမှာ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားများပိုင် GTIGနှင့် Gysan စက်ရုံတို့ဖြစ်ပြီး ၎င်းစက်ရုံနှစ်ရုံသည် UKနိုင်ငံအခြေစိုက် Primark အမှတ်တံဆိပ်အထည်များအား လက်ခစားချုပ်ပေးနေသည့် စက်ရုံများဖြစ်သည်။

အဆိုပါ စက်ရုံနှစ်ရုံက ၎င်းတို့လက်ခစားချုပ်ပေးနေသည့် Primarkကုမ္ပဏီသည် မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်သောကြောင့် ယခုကဲ့သို့စက်ရုံပိတ်သိမ်းရခြင်းဖြစ်သည်ကို စက်ရုံအလုပ်သမားများအား ယခု ဖေဖော်ဝါရီလလယ်က အသိပေးခဲ့ပြီး ယနေ့(ဖေဖော်ဝါရီ ၂၈ ရက်) အလုပ်သမားများအား အလုပ်ထုတ်နင့်နာကြေးပေးကာ ပိတ်သိမ်းသွားခြင်းဖြစ်ကြောင်း STUMမှ တာဝန်ခံဖြစ်သူက ရှင်းပြသည်။

“Primark Brand က ဒီနိုင်ငံကနေထွက်ခွာမယ်ဆိုပြီးတော့ သူတို့ရဲ့ အော်ဒါတွေကို အပြီးချုပ်ခိုင်းတယ်။ ပြီးတဲ့အခါ စက်ရုံဘက်က နောက်ထပ် အော်ဒါပဲ ဆက်မရလို့လား ဒါမှမဟုတ် ဘယ်လိုအကြောင်းအရာမျိုးတွေရှိနေလို့လည်း ဒါကိုတော့ သေချာမသိရဘူး။ ဒီနေရာမှာ သမဂ္ဂဘက်က Primark Brand ထွက်သွားတော့မယ်ဆိုတာကို သိနေတဲ့ စက်ရုံတွေဘက်က ကြိုတင်ကြေညာပြီး စနစ်တကျဆုတ်ခွာတာမျိုးမလုပ်တဲ့ဟာကို ထောက်ပြထားတယ်”ဟု STUM တာဝန်က People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပိတ်သိမ်းခဲ့သော စက်ရုံနှစ်ရုံအား အပြီးတိုင်ပိတ်သိမ်းခြင်းမဟုတ်ဘဲ ယာယီပိတ်သိမ်းသည်ဆိုပါက ယခင်အလုပ်သမားဟောင်းများကိုသာ ဦးစားပေးခေါ်ယူခန့်ထားရန် စက်ရုံအလုပ်သမားသမဂ္ဂများဘက်မှ ညှိနှိုင်းခဲ့ရာ Gysan စက်ရုံက သဘောတူလက်မှတ်ရေးထိုးခဲ့သော်လည်း GTIGစက်ရုံဘက်ကမူ လုံးဝလက်မခံသေးကြောင်း အထက်ပါတာဝန်ခံက ဆက်ပြောသည်။

ပိတ်သိမ်းခဲ့သော တရုတ်နိုင်ငံသားများပိုင် စက်ရုံနှစ်ရုံကို လက်ခစားအပ်ထည်များပေး၍ မြန်မာနိုင်ငံ၌ လုပ်ငန်းလည်ပတ်နေသော Primark Brand သည် ယူနိုက်တက်ကင်းမ်ဒမ်း UK နိုင်ငံအခြေစိုက် ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ၎င်း၏လုပ်ငန်းများရပ် ဆိုင်း၍ မြန်မာမှ ထွက်ခွာမည့်အကြောင်းကို ပြီးခဲ့သည့် ၂၀၂၂အတွင်း အသိပေးကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရွှေပြည်သာမြို့နယ်မှာဖွင့်ထားတဲ့ နေရွှေဝင်းအထည်ချုပ်စက်ရုံရဲ့ကြေငြာသင်ပုန်းအရှေ့ မှာ အလုပ်သမားတွေတရုန်းရုန်းနဲ့ဖြစ်နေပြီး HRဌာနက ကပ်သွားတဲ့ကြေညာစာကို တိုးဝှေ့ဖတ်ရှုနေ ကြပါတယ်။

သတင်း

တရုတ်စက်ရုံပိုင်ရှင်က ရဲတပ်ဖွဲ့ငွေပေးပြီး မြန်မာလုပ်သားတွေ ဖမ်းဆီးခိုင်းထားဟုဆို

ဆောင်းပါး

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အာဏာသိမ်းကာလအတွင်း မြန်မာပြည်ခေတ္တအလည်ပြန်ဖို့ ကြိုးစားချိန်တိုင်း စိုးရိမ်သောကတွေ၊ ရှုပ်ထွေးလှတဲ့ စည်းမျဉ်းတွေနဲ့ ငွေကုန်ကြေးကျများလှတဲ့ပြည်တော်ပြန်ခရီးတွေအဖြစ် ပြောင်းလဲနေပါတယ်။ ဘာတွေကြောင့်ပါလဲ။

သတင်း

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်က အထည်ချုပ်စက်ရုံတစ်ရုံကို စစ်ဝတ်စုံဝတ်ဆင်ထားတဲ့ လူ ၂ဦးက ဝင်စစ်ဆေးတဲ့ ပုံစံသုံးပြီး ကျပ်သိန်း ၂ထောင်ကျော် ဓားပြတိုက်သွားတယ်လို့ ဒေသခံနဲ့ စက်ရုံဝန်းထမ်းအချို့က ပြောပါတယ်။