Connect with us

Hi, what are you looking for?

သတင်း

တရုတ်ဘုံကျောင်းမှာ ရေဘဝဲမှ တကိုယ်တော်ဆန္ဒပြ

ရန်ကုန်မြို့လယ်ရှိ တရုတ်ဘုံကျောင်းတခုမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ “It has been 4 years since the military staged the coup! ” စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ်မှအာဏာသိမ်းခဲ့သည်မှာ ၄ နှစ်ရှိပြီဖြစ်ကြောင်းနှိုးဆော်အသိပေး၍ တကိုယ်တော်ဆန္ဒပြလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့လယ်ရှိ တရုတ်ဘုံကျောင်းတခုမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ “It has been 4 years since the military staged the coup! ” စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ်မှအာဏာသိမ်းခဲ့သည်မှာ ၄ နှစ်ရှိပြီဖြစ်ကြောင်းနှိုးဆော်အသိပေး၍ တကိုယ်တော်ဆန္ဒပြလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

“လေးနှစ်တာကာလတလျောက် နိုင်ငံတော်တဝန်းကြုံတွေ့နေရတဲ့ ကုန်စျေးနှုန်းတက်တာတွေကအစ လျှပ်စစ်မီးမှန်မှန်မရတာတွေ၊ ပေါ်တာဆွဲခံရတာတွေ၊ ပြည်ပထွက်ခွင့်တင်းကျပ်ပိတ်ပင်တာတွေ၊ မိသားစုတွေ ရှင်ကွဲသေကွဲကွဲနေရတာတွေ၊ လေယာဥ်နဲ့ ဗုံးကြဲခံရတာတွေအဆုံး စတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အထွေထွေဖိနှိပ်ဖျက်စီးမှုတွေကြား ပြည်သူလူထုနဲ့အတူ တသားတည်း ရင်ဆိုင်အန်တုလျက်ရှိပါတယ်။ ဒီလိုအထွေထွေဖိနှိပ်ဖျက်စီးခံနေရတဲ့ အ​ကျိုးတရားတွေဟာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ အကြောင်းတရားကြောင့်ပဲဖြစ်ပါတယ်။ အခုလည်း စစ်တပ်ဟာ တရုတ်အစိုးရရဲ့ထောက်ပံ့ကူညီမှုနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကို ဖိအားအမျိုးမျိုးပေးနေသလို၊ သူတို့ပဲမဲပေး သူတို့ပဲအုပ်ချုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ စီစဉ်နေတာလည်းအားလုံးအသိပါပဲရှင်” လို့ ရေဘဝဲအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကမ်းကုန်အောင်မိုက်တဲ့ စစ်အာဏာရှင် သက်ဆိုးရှည်လာလေလေ၊ ပြည်သူလူထုရဲ့နေ့စဥ်လူမှုဘဝ စားဝတ်နေရေး၊ အသက်ရှင်ရပ်တည်ရေး ပိုပိုကျပ်တည်းလာဖို့ပဲရှိတာမို့ ဒီစနစ်ဆိုးအမြန်ချုပ်ငြိမ်းဖို့အတွက် နည်းနာပေါင်းစုံ ပရိယာယ်မျိုးစုံအသုံးပြုပြီး ရရာတာဝန်ယူကာ အတူတူ ဆက်လက် အန်တုတွန်းလှန်ကြဖို့ ရေဘဝဲအဖွဲ့က တိုက်တွန်းပါတယ်။

https://www.facebook.com/LuduNwayOo/videos/1756918665238550

Public Service Announcement

Public Service Announcement

ရုပ်သံ – ရေဘဝဲ(ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ တရုတ်ဘုံကျောင်းက ကြေးစည် ခိုးယူခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ဖြတ်သန်းရင်း နေ့စဉ် အသက်အန္တရာယ်တွေနဲ့ နီးကပ်စွာ ရှင်သန်နေကြရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေတွေကြားမှာ ရှင်သန်နေကြရတဲ့ ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ နိုင်ငံတကာက အကူအညီဆိုတာ တကယ်အားကိုးစရာ မျှော်လင့်ချက်တစ်ခုပါ။

ဆောင်းပါး

နိုင်ငံတစ်နိုင်ငံ ပျက်စီးယိုယွင်းသွားတဲ့အခါ အဲဒီနိုင်ငံသားတွေရဲ့ အနာဂတ်နဲ့ အိမ်မက်တွေဟာလည်း နိုင်ငံနဲ့အတူ ပြာကျသွားရပါတယ်။ မိမိချစ်ခင်မြတ်နိုး သံယောဇဉ် ကြီးလှတဲ့ ကိုယ့်အသိုက်အမြုံကို စွန့်ခွာပြီး၊ အသက်ရှင်သန်ခွင့်ရရုံ သက်သက်အတွက် အခြားနိုင်ငံဆီ ထွက်ခွာသွားကြတဲ့ ဖြစ်တည်မှုကို 'Survival Migration' (အသက်ရှင်ရေးရွှေ့ပြောင်းခြင်း) လို့ ခေါ်ပါတယ်။