Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ နွေဦးတော်လှန်ရေး (၄)နှစ်ပြည့် လူထုလှုပ်ရှားမှုတွေ ပြုလုပ်

ရန်ကုန်၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက နွေဦးတော်လှန်ရေး (၄)နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁ရက်)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သုည/People’s Spring

ရန်ကုန်၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက နွေဦးတော်လှန်ရေး (၄)နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁ရက်)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်မြို့ နေရာအနှံ့မှာ Youth of Anarchy အဖွဲ့က ပစ်တိုင်းထောင်ရဲ့ “လဲကျလည်း ပြန်ထ” အဓိပ္ပာယ်နဲ့ ပစ်တိုင်းထောင်သပိတ်ပြုလုပ်ခဲ့ပြီး Yangon Revolution Force – YRF အဖွဲ့ကလည်း “We Are Still Under the Military’s Boots”၊ “ကျွန်တော်တို့သည် စစ်ဖိနပ်အောက်တွင် ရှိနေဆဲဖြစ်သည်” စာတန်း ချိတ်ဆွဲကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ကျောင်းသားပြည်သူနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တော်လှန်ရေး (၄) နှစ်ပြည့်လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မုံရွာမြို့နယ်မှာလည်း မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ချောင်းဦးမြို့နယ်လူငယ်အင်အားစုသပိတ်ကော်မတီ LGBT Alliance Myanmar နဲ့ မုံရွာခရိုင်တပ်ရင်း (😎 (9) (10) (5)မှရဲဘော်တွေ စုပေါင်းပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ချီတက် ချီတက်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာအချိို့မှာလည်း သပိတ်အင်အားစုတွေ ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းမှု ၄ နှစ်ပြည့်မြောက်သောနေ့အဖြစ် လူထုလှုပ်ရှားမှုကို ဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒပြခဲ့ပါတယ်။

မင်းကင်းဒေသမှာလည်း အာဏာသိမ်းမှု လေးနှစ်ပြည့်အဖြစ် အခြေခံပညာကျောင်းသားသမဂ္ဂတွေ စုပေါင်းကာ “လူထုအာဏာအသက်သွင်းကြ” ကြွေးကြော်သံနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်ဒေသမှာလည်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းက သပိတ်အင်အားစုတွေက စစ်အာဏာသိမ်းခြင်း ၄ နှစ်ပြည့် အဖြစ် “အထွေထွေဖိနှိပ်မှုကို အန်တုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာလည်း နွေဦးတော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ DDMSC ကနေ ဦးဆောင်ပြီး စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုလမ်းလျှောက်ချီတက်ပွဲ ပြုလုပ်ခဲ့ပါတယ်။

“လူထုအာဏာကို တည်ဆောက်ကြ၊ အာဏာရှင်စနစ်ကို ဖီဆန် အုံကြွ တော်လှန်ကြ” ခေါင်းစဥ်နဲ့ ပြုလုပ်တဲ့ အဲဒီလှုပ်ရှားမှုကို ပြည်သူထောင်ချီ ပူးပေါင်းပါဝင်ခဲ့ကြပြီး ခြောက်မိုင်ကျော်ခရီးကို လမ်းလျှောက်ချီတက်ခဲ့ကြခြင်းဖြစ်ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ DDMSC ၊ YRF

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ မတရားဖမ်းဆီးခြင်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် အထိမ်းအမှတ် လူထုလှုပ်ရှားမှုတွေမှာ ပါဝင်​ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက တိုက်တွန်းလိုက်ပါတယ်။

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်ကော်မတီက ဒီကနေ့မှာ ပြည်သူတွေဆီ "လူထုလှုပ်ရှားမှု" ဆိုင်ရာ လက်ကမ်းစာစောင်တွေကို လိုက်လံဖြန့်ဝေခဲ့ကြပါတယ်။

သတင်း

နွေဦးတော်လှန်ရေးဟာ လက်ရှိမှာ ပြင်ပမှ ရန်သူ့အန္တရာယ်အပြင် တော်လှန်ရေးအတွင်းက အကျင့်ပျက်ခြစားမှုတွေနဲ့ပါ ဖြတ်သန်းနေရပြီး နှစ်မျိုးလုံးကို ထိန်းချုပ်နိုင်မယ့် “စနစ်ယန္တရား” တစ်ခုကို တည်ဆောက်လျက်ကြောင်း PDF တပ်မတော် စစ်ရုံးချုပ်၊ ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က တောမီးနဲ့ ဖွဲမီးကို ဥပမာပေးကာ ပြောကြားလိုက်ပါတယ်။