Connect with us

Hi, what are you looking for?

သတင်း

အမေရိကန်ရှိ မြန်မာသံရုံးနှင့် တရုတ်သံအမတ် နေအိမ်ရှေ့တွင် နွေဦးတော်လှန်ရေး ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးနှင့် တရုတ်သံအမတ်ကြီးနေအိမ်ရှေ့တွင် အ​မေရီကန်ရောက် မြန်မာများနှင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများက နွေဦးတော်လှန်ရေး ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြခဲ့ကြသည်။

ဓာတ်ပုံ - CJ

သုည/People’s Spring

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးနှင့် တရုတ်သံအမတ်ကြီးနေအိမ်ရှေ့တွင် အ​မေရိကန်ရောက် မြန်မာများနှင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများက နွေဦးတော်လှန်ရေး ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြခဲ့ကြသည်။

ပြည်ပရောက်မြန်မာများက “Impose No Fly Zone End Deadly Air Strike in Myanmar” ၊ “Help Free All Political Prisoners in Burma” ၊ “Reject Myanmar Coup” ၊ “Free Burma” ၊ “စစ်ခွေးထွက်သွားနှစ်ဆယ့်ငါး” စသည့် စာသားများကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ရေး၊ လက်ရှိနိုင်ငံရေးတွင် ဆွေးနွေးစရာမရှိ ပြုတ်ချရေးလမ်းကြောင်းတစ်ခုသာရှိရေး၊ (၄) နှစ်ပြည့်ခဲ့သည့်တိုင် မည်သည့်ပြည်သူကမှ လက်မခံသည့် အကြမ်းဖက်စစ်တပ်ကိုဆန့်ကျင်ရေးနှင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ရပ်တန့်ပေးရေး တို့ကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော်မှာ ခရီးသည်တင် လေယာဉ်နဲ့ စစ်ရဟတ်ယာဉ် တိုက်မိမှုအတွင်း သေဆုံးခဲ့သူ အားလုံးရဲ့ ရုပ်အလောင်းတွေကို မြစ်ထဲကနေ ဆယ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။

သတင်း

ရန်ကုန်၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက နွေဦးတော်လှန်ရေး (၄)နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁ရက်)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂျောန်းမြို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် ကိုရီးယားအဖွဲ့အစည်းများ စုပေါင်းကာ နွေဦးတော်လှန်ရေး ၄နှစ်ပြည့် သတင်းစာရှင်းလင်းပွဲနှင့် လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ (ဖေဖော်ဝါရီ ၁ရက်) ကျင်းပပြုလုပ်ခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက နွေဦးတော်လှန်ရေး (၄)နှစ်ပြည့်အကြို လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၃၁)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။