Connect with us

Hi, what are you looking for?

သတင်း

အမေရိကန်ရှိ မြန်မာသံရုံးနှင့် တရုတ်သံအမတ် နေအိမ်ရှေ့တွင် နွေဦးတော်လှန်ရေး ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးနှင့် တရုတ်သံအမတ်ကြီးနေအိမ်ရှေ့တွင် အ​မေရီကန်ရောက် မြန်မာများနှင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများက နွေဦးတော်လှန်ရေး ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြခဲ့ကြသည်။

ဓာတ်ပုံ - CJ

သုည/People’s Spring

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးနှင့် တရုတ်သံအမတ်ကြီးနေအိမ်ရှေ့တွင် အ​မေရိကန်ရောက် မြန်မာများနှင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများက နွေဦးတော်လှန်ရေး ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြခဲ့ကြသည်။

ပြည်ပရောက်မြန်မာများက “Impose No Fly Zone End Deadly Air Strike in Myanmar” ၊ “Help Free All Political Prisoners in Burma” ၊ “Reject Myanmar Coup” ၊ “Free Burma” ၊ “စစ်ခွေးထွက်သွားနှစ်ဆယ့်ငါး” စသည့် စာသားများကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ရေး၊ လက်ရှိနိုင်ငံရေးတွင် ဆွေးနွေးစရာမရှိ ပြုတ်ချရေးလမ်းကြောင်းတစ်ခုသာရှိရေး၊ (၄) နှစ်ပြည့်ခဲ့သည့်တိုင် မည်သည့်ပြည်သူကမှ လက်မခံသည့် အကြမ်းဖက်စစ်တပ်ကိုဆန့်ကျင်ရေးနှင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ရပ်တန့်ပေးရေး တို့ကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီး​ထောင်ချတာခံ​နေရသူ Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို လွှတ်ပေးဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က မြန်မာသံရုံးရှေ့မှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြန်မာသံရုံးရှေ့နဲ့ တရုတ်သံအမတ်အိမ်ရှေ့တို့မှာ ပြည်ပရောက် မြန်မာတွေစုပေါင်းပြီး ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော်နေ့အဖြစ် ဆန္ဒပြဆုတောင်းပွဲကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

နွေဦးတော်လှန်ရေးဟာ လက်ရှိမှာ ပြင်ပမှ ရန်သူ့အန္တရာယ်အပြင် တော်လှန်ရေးအတွင်းက အကျင့်ပျက်ခြစားမှုတွေနဲ့ပါ ဖြတ်သန်းနေရပြီး နှစ်မျိုးလုံးကို ထိန်းချုပ်နိုင်မယ့် “စနစ်ယန္တရား” တစ်ခုကို တည်ဆောက်လျက်ကြောင်း PDF တပ်မတော် စစ်ရုံးချုပ်၊ ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က တောမီးနဲ့ ဖွဲမီးကို ဥပမာပေးကာ ပြောကြားလိုက်ပါတယ်။