Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက တလုပ်မြို့ခံစစ်မကျရေး အင်အားထပ်ဖြည့်

ညနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့

ရဲခေါင်၊ ကျော်ဇော/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကို စစ်ကောင်စီက ယမန်နေ့ညပိုင်းက လေ ကြောင်းမှ အပြင်းအထန်ဗုံးထပ်ကြဲပြီးနောက် တပ်အင်အားထပ်မံတိုးချဲ့ထားကြောင်း တလုပ်မြို့သိမ်းစစ်ဆင်ရေးတွင်ပါဝင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁ ရက်)နံနက်အစောပိုင်းကစ၍ တလုပ်မြို့ပေါ်ရှိစစ်ကောင်စီတပ်စွဲရာနေရာများကိုတော်လှန်ရေး တပ်တွေ စီး နင်းဝင်ရောက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ခုခံသည်ဟု တိုက်ခိုက်မှုတွင်ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

လူထုနွေဦးက ရရှိသည့်အချက်အလက်များအရ တလုပ်မြို့မကျစေရေးအတွက် စစ်ကောင်စီက ယမန်နေ့ နေ့လည်ပိုင်းအထိ MI35 နှစ်စီးဖြင့် ရှစ်ကြိမ်၊ Y8 ဖြင့် သုံးကြိမ်၊Y12 ဖြင့် သုံးကြိမ်၊ ဂျက်ဖိုက်တာ ဖြင့် နှစ်ကြိမ် နှင့် မြင်းခြံမြို့မှ စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာဖြင့် ၁၀ကြိမ် ထက်မနည်းပစ် ခတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့နောက် တော်လှန်ရေးအင်အားစုများက ထိုးစစ်ကိုရပ်ကာ တလုပ်မြို့မှ ပြန်လည်ဆုတ် ခွာခဲ့သော်လည်း စစ်ကောင်စီက မြို့ကို ညပိုင်းတွင် လေကြောင်း Y-12 အမျိုးအစားဘက်စုံသုံးလေယာဥ်ဖြင့် ဗုံးသီး ၅၅ လုံးခန့်ကိုအချိန်မခြားဘဲ အတွဲလိုက် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့များကအသိပေးသည်။

“မနေ့ညကတော့ Y12 နဲ့ ရော Y8နဲ့ပါ မြို့တွင်းဗုံးအလုံး ၄၀ကျော်ထပ်ချတယ်။ fighter နဲ့က ပေါင်ဗုံးတစ်လုံး မြေတော်ရွာဆိပ်ကမ်းဘက်ကိုထပ်လာချသေးတယ်။မနေ့က ဝင်စီးတဲ့အချိန်မှာ စကစ အင်အားကတော့ များတယ်ဗျ ခန့်မှန်း၇၀လောက်။

စစ်ကူလမ်းကြောင်းကလဲတိုတော့ သူတို့အနေနဲ့တလုပ်ကိုတော့လွယ်လွယ်ပေးမှာမဟုတ်ဘူးလို့ထင်တယ် မြင်းခြံအတွက် ခံစစ်စခန်းလို့ဖြစ်နေတာကြောင့်”ဟု တိုက်ခိုက်မှုတွင်ပါဝင်သည့် CDSOM မှ ကိုနွေဦး(မြောင်)က ပြောသည်။

စစ်ကောင်စီသည် ​ဖေ​ဖော်ဝါရီ ၁ ရက်နေ့ည ၁၀ နာရီကျော်တွင် တလုပ်မြို့အနီးဝန်းကျင်အား Y-12 လေယာဥ်ဖြင့် အတွဲလိုက်ဗုံးများ တစ်ကြိမ်လာရောက်ကြဲချခဲ့ပြီး ည ၁၁ နာရီကျော်တွင်လည်း ဂျက်ဖိုက်တာတစ်စီးဖြင့် ဆင်ချောင်းရွာနှင့် ကမ်းပါနီရွာကြားသို့ ဗုံးသီးများကြဲချခဲ့ရာ လက်ရှိတွင် တလုပ်မြို့အခြေအနေသည် အဆက်သွယ်ပြတ်တောက်နေပြီး မြို့တွင်းနေပြည်သူများအားလုံး စစ်ဘေးရှောင်နေရကြောင်း စုံစမ်းသိရသည်။

​ဖေ​ဖော်ဝါရီ ၁ ရက်​နေ့တလုပ်မြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၂၀ ထက်မနည်းသေဆုံးပြီး တော်လှန်ရေးအင်အားစု ဘက်မှ ရဲဘော်တစ်ဦးကျဆုံးကာ ခြောက်ဦးထိခိုက်ခဲ့ ကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သူများက ပြောထားသည်။ထို့အပြင် စစ်ကောင်စီလေကြောင်းတိုက်ခိုက် မှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကိုလူထု​နွေဦးကသီးခြားအတည်မပြုနိုင်​ပေ။

အထက်ပါ လေကြောင်းတိုက်ခိုက်မှုများ အ ကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီက ယနေ့နံနက်ပိုင်းတွင် မြင်းခြံမြို့ပေါ်မှတဆင့် ဖောကားနှစ်စီးဖြင့် တလုပ်မြို့ခံစစ်စခန်းသို့ ထပ်မံအင်အားဖြည့်တင်းထားပြီး ပခုက္ကူဘက်မှလည်း ကားခြောက်စီးဖြင့် တပ်ကူများထွက်လာနေကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

“တလုပ်(မြို့)ထဲကို အင်အားအများကြီးဝင်တယ်လို့ သိရတယ်။ ဖောကားနှစ်စီးနဲ့။ နောင်ပြီး အခူညနေပိုင်းမှ သတင်းထပ်ရတာက ပခုက္ကူကနေ ကားခြောက်စီးဆင်းလာနေတယ်ပေါ့။ စိန်မြောင်းခြောက်လက်နဲ့ (လက်နက် ကြီးတစ်မျိုး)ပွိုင့်ဖိုက်တွေလည်း ပါတယ်ကြားတယ်။ တလုပ်အထိရောက်မလာသေးတော့ အဲဒီကားခြောက်စီးက သေတော့မသေ ချာသေးဘူး။ သတင်းရထားတာပဲရှိသေးတယ်”ဟု တိုက်ခိုက်မှုတွင်ပါဝင်သည့် တော် လှန်ရေးတပ်ဖွဲ့တစ်ခုမှ ရဲဘော်တစ်ဦးကလူထုနွေဦးသို့ ပြောသည်။

တလုပ်မြို့သည် မြင်းခြံမြို့နယ်၏ မြောက်ဘက် ခြောက်မိုင်ခန့်အကွာတွင်ရှိကာ ၂၀၁၄ သန်း ခေါင်စာရင်းအရ မြို့နေလူဦးရေ ၈,၀၀၀ ကျော်ရှိသည်။

စစ်တပ်အာဏာသိမ်းစဥ်ကာလကစ၍ တလုပ်မြို့ခံများသည် ရရာလက်နက်ကိုင်စွဲ၍ တော်လှန်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် လ လယ်ပိုင်းကစ၍ စစ်တပ်က အင်အား ၁၀၀ ခန့်ဖြင့် မြို့၌ တပ်စွဲခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။